spot_img
Sunday, April 2, 2023
spot_img

ယမန်နေ့ညတွင် ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညတွင်းချင်းတွင် ပြည်သူများ ဘေးလွတ်ရာကို တိမ်းရှောင်နေရ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ည ( စက်တင်ဘာလ ၂၃ ရက်နေ့နေ) တွင် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာအနီး ကျောက်ဆည်ကန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်များနဲ့ ကရင်နီပူးပေါင်းတပ်တို့ ခုခံတိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး ၎င်းနေရာအနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူများ ညတွင်းချင်းတွင် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကဆီကနေ သိရပါတယ်။

“တိုက်ပွဲဖြစ်တယ်။ လက်နက်ကြီးတွေလည်း ရမ်းသန်းထုတယ်။ ဒေသခံတွေ ကြောက်လန့်လို့ ညတွင်းချင်း တိမ်းရှောင်နေကြရတယ်။ မိုးကြီးလေကြီးလည်းလာတယ်။ မိုးထဲလေထဲပဲ ပြေးနေကြရတာ။” လို့ ဒီးမော့ဆိုမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို အတည်ပြုပြောကြားပါတယ်။

နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးက “ လက်နက်ကြီးသံတွေ သုံးလေးချက်လောက် ကြားတယ်။ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ပဲ တောက်လျှောက်သွားနေကြတာ။” လို့ ထပ်မံ အတည်ပြုပြောကြားပါတယ်။

ဒါ့အပြင် ယမန်နေ့တစ်ရက်တည်းမှာပဲ ဖယ်ခုံမြို့နယ်အတွင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဖယ်ခုံမြို့နယ် PDF ၊ KNDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ၊ KNDF ဖက်မှ ထိခိုက်မှု မရှိသည်နည်းတူ အကြမ်းဖက်စစ်ကောင်စီတပ်များရဲ့ ထိခိုက်ကျဆုံးမှုကို အတည်မပြုနိုင်သေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စက်တင်ဘာလ လဆန်းပိုင်းမှစပြီး တိုက်ပွဲတွေ တကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များမှ လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်နေတဲ့အပြင် ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှု စတဲ့ စစ်ရာဇဝတ်မှုတွေကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျုးလွန်နေတယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းထုတ်ပြန်ထားပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP...

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ...

တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ အသုံးပြုနေ

ကန္တာရဝတီတိုင်း(မ်) ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။ မတ်လ (၂၉)ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄)စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အထက်တန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အထက်တန်း စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရပါတယ်။ “၁ နာရီ ၁၆မိနစ်မှာ တိုက်လေယာဉ် နှစ်ပတ် ပတ်ပြီးဝဲတာ ဝဲပြီးတော့ ၁၈မိနစ်လောက်မှာ တစ်ခါတည်းတန်းပစ်တာ။ ၈ခေါက်တိတိပစ်တယ်။ လေယာဉ်ဒုံးနဲ့လည်းပစ်တယ် ရွာတစ်လျှောက်...