spot_imgspot_imgspot_imgspot_img
Monday, July 22, 2024
spot_imgspot_imgspot_imgspot_img

ယာယီအပစ်ခတ်ရပ်စဲပြီး ၂ ရက်မြောက်မှာ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီ​ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ဒီကနေ့ ဇွန်လ ၁၆ရက်နေ့ ည ၈နာရီ ၁၅မိနစ်အချိန်မှာ ပြင်းထန်တဲ့ လက်နက်ကြီးပစ်ခတ်သံများ ကြားရတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

အဆိုပါ ပစ်ခတ်မှုက ဒီမော့ဆိုမြို့ စံပြ၆မိုင် အနီးတစ်ဝိုက်မှာ ဖြစ်ပွားခဲ့တယ်လို့ အနီးနားမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

” ၆မိုင်အနီးတစ်ဝိုက်ပဲထင်တယ် ၃ချက်တောင်ကြားတာ ၈နာရီ မိနစ်၂၀မှာထင်တယ် ၃မိနစ်ခြား တလုံးစီပေါက်တာ ဒုတိယတလုံးမှာတော့ သေနတ်သံတစ်ချက်ကြားလိုက်သေးတယ်။” လို့ ဒေသခံတစ်ဦးက ​ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ အပစ်ခတ်ယာယီရပ်ဆိုင်းထားတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ဇွန်လ ၁၅ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်ထုတ်ပြီး ၂ရက်မြောက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖက်ကနေ လက်နက်ကြီးပစ်ခတ်မှု စတင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

” ယာယီရပ်ဆိုင်းထားတယ်လို့လည်းပြောတယ် ၂ရက်တောင်မရှိသေးဘူး အသံကပြန်ကြားရပြီ။ ရွာက ကိုယ့်အိမ်ကိုယ်တောင် ပြန်နေရဲတဲ့အခြေနေမှာရှိသေးတာမဟုတ်ဘူး ပြန်ဖို့ပြင်နေတုန်း။ ခုလိုဖြစ်တော့ ဘယ်သူက ပြန်နေရဲမတုန်း သွားလာရဲမတုန်း။ ဘယ်လိုပဲဖြစ်ဖြစ် အပစ်ရပ်မယ်ဆိုတာ အစကတည်းကကို မယုံထားပါဘူး။ သူတို့လောက် ကတိမတည်တာ သူတို့ပဲရှိတယ်။” လို့ ဒီမော့ဆိုဒေသခံတစ်ဦးက ပြောပါတယ်။

ဒီမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေက စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ယာယီအပစ်ရပ်ဆိုင်းတဲ့နေ့ကတည်းက မိမိတို့နေအိမ်ကိုပြန်သွားကြရာ နေအိမ်အများစုမှာ မီးရှိူ့ဖျက်ဆီးခံရတာတွေ လက်နက်ကြီးပစ်ခတ်မှုကြောင့်ပျက်စီးတာတွေ နေအိမ်ဖောက်ထွင်းပစ္စည်းယူတာတွေ ဖျက်ဆီးခံရတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts