spot_img
Saturday, May 21, 2022
spot_img

ရိက္ခာပြန်လာယူတဲ့ စစ်ရှောင်၂ဦး ပစ်ခတ်ခံရ ၊ နေအိမ်အချို့ကို မီးရှို့သွား

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ရိက္ခာပြန်လာယူတဲ့ စစ်ရှောင် ၂ ဦး အကြမ်းဖက်စစ်ကောင်စီရဲ့ကင်းပုန်းတပ်နဲ့ ထိပ်တိုက်တိုးမိတဲ့အတွက် လိုက်လံပစ်ခတ်ခံရသလို ငူးပလော့ရပ်ကွက်ရှိ နေအိမ်ကိုလည်း မီးရှို့ခဲ့တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ဒီးမော့ဆိုမြို့နယ်မှ ဒီ/ကျေး ကျေးရွာအုပ်စုရယ် ငွေတောင်ကျေးရွာအုပ်စုရယ်။ ဒီးမော့ဆိုအုပ်စုလို့ပြောရမှာပေါ့နော။ မြို့မရပ်ကွက်ဖက်မှာ စစ်ကောင်စီက အမြဲတမ်းလှုပ်ရှားသွားလာနေတယ်။ အန္တာရာယ်ရှိတဲ့အုပ်စုထဲမှာ ပါနေတယ်ပေါ့နော။ လူထုတွေက စစ်ဘေးရှောင်နေတယ်။ ဟုတ်တယ် သူတို့ခင်မျာလည်း ပြေးရခါကျတော့ စားနပ်ရိက္ခာမစုံဘူး။ ဥပမာ-စောင်တို့ အဝတ်အထည်ပေါ့။ ဆန်ရော သူများထောက်ပံ့တာလည်း သိပ်ထိရောက်မှုမရှိဘူးလေ။ အဲ့ကြောင့် သူတို့က အရေးကြီးလိုအပ်တဲ့ဟာ ပြန်လာယူတာ ပြန်လာယူခါကျတော့ စစ်ကောင်စီရဲ့ ကင်းပုန်းနဲ့တိုးတာပေါ့။ ပစ်လိုက်တယ်လေ အိမ်ကိုပါ မီးရှို့လိုက်တယ်။” လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ ပြည်သူနှစ်ဦးရဲ့ အခြေအနေ အသေးစိတ်မသိရှိရသေးတဲ့အတွက် အတည်မပြုနိုင်သေးဘူးလို့ အဆိုပါ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒီကနေ့ ညနေပိုင်း ၅ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ် ငူးပလော့ကျေးရွာမှ ပြည်သူနေအိမ်အချို့ မီးရှို့ဖျက်ဆီးခဲ့ရပြီး စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ် ရပ်ကွက်အတွင်း ကင်းပုန်းချထားသလို လက်နက်တွေနဲ့ ရမ်းသန်းပစ်ခတ်နေပြီး နေ့လည်ပိုင်းမှာလည်း ရိက္ခာပြန်လာယူတဲ့ ပြည်သူနှစ်ဦးကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ညနေ ၆နာရီဝန်းကျင်မှာ ဒီးမော့ဆိုမြို့ပေါ်မှာ ပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်စခန်း တစ်နေရာမှာ ရိက္ခာပြတ်လုနီးပါးဖြစ်နေ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ခြမ်း၊ ဆောင်ဒူလာအုပ်စုအတွင်းရှိ စစ်ရှောင်စခန်းတစ်နေရာမှာ ဆန်၊ ရိက္ခာခြောက်တွေ မရောက်လာတော့တာကြောင့် ပြတ်လုနီးပါးအခြေအနေနဲ့ ကြုံနေရတယ်လို့ စစ်ရှောင်စခန်းကော်မတီတစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ လူတစ်ဦးကို ဆန်တစ်ပြည်ဝေပေးပြီး နှစ်ပတ်စာအဖြစ် ချွေတာစားဖို့ စီမံထားရတယ်လို့ ဆိုပါတယ်။ “ ကျနော်တို့ ထုတ်ပေးတာက လူဦးရေနဲ့ ထုတ်ပေးပေမယ့်လည်း အကန့်အသတ်တော့ ရှိတာပေါ့နော။ ဘာလို့လဲဆို...

တပ်မ၆၆က တပ်သားတစ်ဦး KNDF ထံ လက်နက်နဲ့အတူ CDM ပြုလုပ်

ကန္တာရဝတီတိုင်း( မ် )စစ်ကောင်စီတပ်မ ၆၆ က တပ်သားတစ်ဦးဟာ KNDF B-16 ထံကို MA-1 သေနတ် ၁လက်၊ ကျည်ဘောက်တစ်ဘောက်၊ ကျည်ဆံ ၇၁တောင့် နဲ့အတူ CDM ပြုလုပ်ခိုလှုံခဲ့တယ်လို့ KNDF B-16 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။မေလ ၁၆ရက်နေ့မှာ...

တပ်မ-၃၃ တပ်ကြပ်ကြီးတစ်ဦးကို ဖမ်းဆီးရမိ

ထွေးရယ် ကန္နရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အမှတ် ( ၁) ခရိုင် တစ်နေရာမှာ စစ်ကောင်စီတပ်ရဲ့ တပ်မ-၃၃ တပ်ကြပ်ကြီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF B-09 နဲ့ ကရင်နီတပ်မတော် KAတို့ပူးပေါင်းပြီး မေလ ၁၆ ရက်ည (၉)နာရီ ဝန်းကျင်မှာ ကင်းလှည့်ရင်း...

ဖယ်ခုံ၊ ဆီးမီးလော့ကျေးရွာမှာ ဒီကနေ့အထိ တိုက်ပွဲဖြစ်ပွားနေ

လဲသျှို့ / ကန္တာရဝတီတိုင်း ( မ် ) ဖယ်ခုံမြို့နယ်၊ ဆီးမီးလော့ကျေးရွာကို မေလ ၁၅ ရက်နေ့ကတည်းက ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်သားတွေ နဲ့ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဒီကနေ့ မေလ ၁၉ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားနေပြီး ဖယ်ခုံအရှေ့ဖက်ကမ်းဒေသမှာ တိုက်ပွဲဖြစ်ပွားတာ ငါးရက်မြောက်ရှိသွားပြီဖြစ်ပါတယ်။ ဖယ်ခုံPDF ၊...