spot_imgspot_imgspot_imgspot_img
Monday, June 16, 2025
spot_imgspot_imgspot_imgspot_img

ရိတ်သိမ်းကာလမှာ မိုးစိုထားတဲ့ စပါးကို နေမလှန်းနိုင်တာကြောင့် မှိုတက်ပျက်စီး

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့ကစပြီး ၄ရက်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက တောင်သူတွေရဲ့ ရိတ်သိမ်းပြီးစ စပါးကို နေမလှန်းရတဲ့အတွက် မှိုတက်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

“အရင်တစ်ပတ်က ဆက်တိုက်မိုးရွာတော့ နေလည်းမထွက်တော့ တချို့ဆို စပါးမပုတ်(မရိတ်သိမ်း)သေးတဲ့သူလည်း ဒုက္ခရောက်တယ်။ တချို့ပုတ်ပြီး(ရိတ်သိမ်းပြီး) တဲ့သူတွေလည်း တခါတည်းရိတ်ပုတ်တဲ့သူဆို စပါး နေ ပြန်လှမ်းရတယ်ပေါ့နော။ နေလည်းမထွက် မိုးဆက်တိုက်ရွာတော့ စပါးတွေလှမ်းလို့မရ ဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘူး။ ပျက်ကုန်တာပေါ့။ “ လို့ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ နေထိုင်တဲ့ ဒေသခံတောင်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

သီးနှံရိတ်သိမ်းကာလဖြစ်တာကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်းက ဒေသခံတောင်သူတချို့ ရဲ့စပါးတွေ မိုးရေစိုသွားခဲ့တာဖြစ်ပါတယ်။ မိုးရွာရက်ဆက်နေတာကြောင့်လည်း မိုးစိုထားတဲ့ စပါးတွေကို နေလှန်းလို့မရသလို သိုလှောင်သိမ်းဆည်းဖို့က နေရာအခက်အခဲရှိနေကြတာပါ။

စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုတွေကြောင့် ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စပါးခင်းအများစုလည်း ရေနစ်မြှုပ်ခဲ့ပါသေးတယ်။
ရေအနည်းငယ် ပြန်ကျတဲ့အချိန်မှာ ရေထဲမှာပဲ စပါးရိတ်သိမ်းနေကြသူတွေလည်းရှိနေပါတယ်။

“ အကုန်လုံး ရေမြှုပ်သွားတော့ မြှုပ်တဲ့အတိုင်းကို ရိတ်လိုက်ပြီးတော့ အဲ့အပင်အတိုင်း ပြန်လှန်းကြတယ်။ အပင်တချို့ပါတယ် တချို့က ခြွေပြီးသား။ မခြောက်သေးလို့ လှန်းတယ်ပြောရမှာပေါ့။” လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက တောင်သူအမျိုးသားတစ်ဦးက ပြောပါတယ်။

ဝမ်းရေးအတွက် ဆန်စပါး စိုက်ပျိုးတဲ့ တောင်သူတချို့ဟာ မိုးစိုတဲ့ စပါးကို ရောင်းဖို့ ခက်ခဲသွားသလို သိုလှောင်ထားတဲ့စပါးလည်း မှိုတက်သွားတာကြောင့် ရေရှည်စားဝတ်နေရေးအတွက် ပူပန်ကြတယ်လို့ ဆိုပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး (IEC) က သတ်မှတ်ထားတဲ့ ဆန်ဈေးအရ လယ်စပါး ၁ ပိဿာလျှင် ၂၂၀၀ ကျပ်၊ တောင်ယာစပါး ၁ ပိဿာလျှင် ၂၀၀၀ ကျပ် ဖြစ်ပါတယ်။

spot_img
spot_img

Recent posts