spot_imgspot_imgspot_imgspot_img
Sunday, March 16, 2025
spot_imgspot_imgspot_imgspot_img

ရေကြီးရေလျှံမှုကြောင့် ငါးမွေးမြူကြတဲ့ စစ်ဘေးရှောင် နဲ့ ဒေသခံတွေ အရှုံးပေါ်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက ဒေါဆိုကလောကျေးရွာမှာ ပြီးခဲ့တဲ့လပိုင်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် ဝမ်းရေးအတွက် ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ မွေးမြူထားတဲ့ ငါး အများအပြား လွှတ်ထွက်ကုန်တာကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ကျေးရွာခံတွေနဲ့ စစ်ဘေးရှောင်အများစုဟာ ငါးမွေးမြူရေးကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြတာဖြစ်ပြီး မှော်စားငါးနဲ့ ငါးကြင်းကို အဓိက မွေးမြူကြတာပါ။

” ငါးစမွေးတာက ဇွန်၊ ဇူလိုင် ကျနော်တို့ ငါးထည့်လိုက်တယ်။ ပြီးရင် ဒီလာမယ့် နောက်လ ဒီဇင်ဘာလရယ် ၁လပိုင်းရယ် ထုတ်ဖို့ အစီအစဥ်ရှိတယ်ဗျ။ ဒီဒေသကတော့ ဒီလိုမျိုးပဲ ဘာ​ဖြစ်လဲဆို မိုးရာသီက ရေကြီးတတ်တယ်လေ၊ ဆိုတော့ စပါးစိုက်လို့ အဆင်မပြေဘူး။ စပါးအစား ငါးကိုထည့်လိုက်တာ ငါးကိုမွေးမြူရေးလုပ်နေတာပါ။” လို့ ငါးမွေးမြူတဲ့ ဒေသခံအမျိုးသားတစ်ဦးဖြစ်သူ ကိုမောင်ကြီးက ပြောပါတယ်။

ငါးစာအနေနဲ့ ပြောင်းဖူးအမှုန့်ကြိတ်တာ၊ ပဲဖတ်ကျွေးတာ၊ မြက်ရိတ်ကျွေးကြတယ်လို့ ဆိုပါတယ်။ ငါးမွေးမြူဖို့အတွက် လယ်ယာမရှိသူတွေကတော့ တခြားသူရဲ့ လယ်တွေမှာ အခကြေးငွေပေးပြီး ငါးမွေးကြတာကြောင့် အခုလို ငါးလွှတ်ကုန်တဲ့အတွက် အခက်အခဲဖြစ်စေတယ်လို့ ပြောပါတယ်။

“မိုးချိန်ဆိုတော့လည်း ကိုယ်က ငါးမွေးချင်တယ်။ ငါးမွေးဖို့က တောင်းပြန်တော့လည်း တစ်ကန်ကိုဘယ်လောက် အဲ့မျိုးပြောပြန်တော့ ကိုယ်ကလည်းများများမမွေးနိုင်ဘူး တတ်နိုင်သလောက်ပဲ ကိုယ်မွေးတယ်ပေါ့နော်။ တစ်ကန်ကိုတစ်သိန်းခွဲဆိုရင် ကိုယ်ကလည်းမနိုင်တော့လည်း ခုနစ်သောင်းခွဲ၊ တစ်သိန်း အဲ့လောက်တော့ ကိုယ်မွေးထားတာပေါ့နော်” လို့ လယ်ငှားရမ်းပြီး ငါးမွေးမြူထားတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဆုံးရှုံးတဲ့ပမာဏကို ငါးမထုတ်ရသေးတာကြောင့် မသိရသေးဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ စားဝတ်နေရေးအတွက် တစ်ပိုင်တစ်နိုင် ငါးမွေးမြူတာ အဆင်ပြေကြပေမယ့် ယခုနှစ်မှာတော့ ရေကြီးရေလျှံမှု မကြာခဏဖြစ်ပွားပြီး ရေမြှင့်တက်မှုကြောင့် ငါးမွေးမြူတဲ့လုပ်ငန်း အဆင်မပြေဘူးလို့ ဆိုပါတယ်။

ဒေါဆိုကလောကျေးရွာမှာ စစ်ရှောင်အပါအဝင် ဒေသခံတွေ ငါးမွေးမြူတဲ့လယ်ဧက ခန့်မှန်းခြေ ၁၅ ဧက ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ရေကြီးရေလျှံမှုကြောင့် ငါးမွေးမြူရေးအပြင် ဒေသခံတွေရဲ့စပါးခင်း အများအပြားလည်း ပျက်စီးခဲ့ရပါတယ်။

spot_img
spot_img
spot_img

Recent posts