spot_imgspot_imgspot_imgspot_img
Monday, December 9, 2024
spot_imgspot_imgspot_imgspot_img

“ရေညစ်ညမ်းခြင်းရဲ့ အကြောင်းရင်း နဲ့ ညစ်ညမ်းတဲ့ရေတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုပြုပြင် အသုံးပြုကြမလဲ”

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရေဟာ သက်ရှိသက်မဲ့ အားလုံးအတွက် မရှိမဖြစ် မရေးပါတဲ့အစိတ်အပိုင်းတခုဖြစ်ပါတယ်။ ကမ္ဘာ့မြေမျက်နှာပြင်ရဲ့ ၇၀ ရာခိုင်နှုန်းကို ရေနဲ့ တည်ဆောက်ထားသလို လူသားတဦးရဲ့ ခန္ဓာကိုယ်မှာ ၆၀ ကနေ ၇၀ ရာခိုင်နှုန်းဟာ ရေနဲ့ဖွဲ့စည်းထားပါတယ်။

သည်လိုအဖိုးတန်တဲ့ရေကို တန်ဖိုးထားထိန်းသိမ်းဖို့လိုအပ်ပါတယ်။ ရေကို မထိန်းသိမ်းနိုင်တာတွေအပြင် ဓာတုပစ္စည်းတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေကြောင့် ရေအရင်းအမြစ်တွေကို ညစ်ညမ်းစေ ပါတယ်။

ရေရဲ့ အရည်အသွေး ကျဆင်းလာပြီး ရေညစ်ညမ်းလာတဲ့အခါ ပတ်ဝန်းကျင်နဲ့ လူသားတွေကို ဘေးဥပါဒ် ဖြစ်စေပါတယ်။ သောက်သုံးရေနဲ့ လုံခြုံစိတ်ချရတဲ့ရေတွေကို လုံလောက်စွာ မရရှိတဲ့အခါတွေမှာလည်း သက်ရှိအားလုံး (အထူးသဖြင့် လူသားတွေအတွက်) ခြိမ်းခြောက်မှုတခုလို ဖြစ်နေပါတယ်။

ရေညစ်ညမ်းခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများ

ရေညစ်ညမ်းခြင်း အကြောင်းရင်းတွေကတော့ မိလ္လာအညစ်အကြေး၊ စိုက်ပျိုးရေးလုပ်ငန်း၊ အမှိုက်သရိုက်တွေကို စနစ်တကျ မစွန့်ပစ်တာ၊ စက်မှုလုပ်ငန်းနဲ့ သတ္တုတူးဖော်တာ၊ မြေပြိုတာနဲ့ အနည်ကျတာတွေ ဖြစ်ပါတယ်။

ကျေးရွာ၊ရပ်ကွက်တွေမှာ သန့်ရှင်းမှုမရှိတဲ့ မိလ္လာကျင်းတွေက နီးစပ်ရာ ချောင်း၊ ရေကန်၊ မြစ်နဲ့ ပင်လယ်ထဲကို စီးဝင်သွားတာက ရေညစ်ညမ်းမှုကို ဖြစ်စေပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေနဲ့ ဓာတုမြေဩဇာမှ ထွက်တဲ့ နိုက်ထရိုဂျင်၊ ဖော့စဖိုရပ်တွေဟာ မြေမျက်နှာပြင်ရေကတဆင့် မြစ်ရေ၊ ကန်ရေ၊ ချောင်းရေ ကနေတဆင့် ပင်လယ်ရေထဲကို ရောက်ရှိနိုင်ပါတယ်။ အဲဒါကလည်း ရေညစ်ညမ်းမှုဖြစ်စေတဲ့ အကြောင်းရင်းပါ။

ကျမတို့ နေထိုင်တဲ့ပတ်ဝန်းကျင်မှာ ပလပ်စတစ်၊ စက္ကူ၊ အလူမီနီယမ်၊ မှန်၊ ရာဘာ ၊အစားအစာ စတဲ့ အမှိုက်သရိုက်တွေကို ရေထဲအလွယ်တကူလွှင့်ပစ်ကြတာ‌ တွေ့ရပါတယ်။ အဲဒီစွန့်ပစ်လိုက်တဲ့ အမှိုက်သရိုက်တွေက ဆွေးမြည့်ဖို့ ရက်သတ္တပတ်ပေါင်းများစွာကနေ အချိန်များစွာ ကြာမြင့်တဲ့အတွက် ရေညစ်ညမ်းမှုကို အဓိကဖြစ်စေတဲ့ အကြောင်းရင်းတခု ဖြစ်နေပါတယ်။

တချို့သော စက်ရုံအလုပ်ရုံလို နေရာတွေမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို မသန့်စင်ဘဲ ရေထဲကို တိုက်ရိုက် သွန်ပစ်ကြပါတယ်။ရွှေတူးဖော်ခြင်းလုပ်ငန်းနဲ့ သိပ်သည်းဆများတဲ့ သတ္တုတူးဖော်ခြင်း လုပ်ငန်းတွေမှာလည်း သတ္တုကျောက်တွေကို ရေနဲ့ တိုက်ရိုက်ထိတွေ့ကြပါတယ်။ အဲဒီ သတ္တုကျောက်ထဲမှာ ပါဝင်တဲ့ ဆာလဖိုက်ကနေ ထွက်လာတဲ့ ဆာလဖြူရစ်အက်စစ်ဟာ ရေ၊ လေတို့နဲ့ ထိတွေ့ရာကနေ အနီးအနားမှာရှိတဲ့ ချောင်းရေတွေကို ညစ်ညမ်းစေပါတယ်။

သတ္တုတူးဖော်ခြင်းဟာ မြေသားနဲ့ ကျောက်ကိုထိခိုက်စေပြီး မြေသားပြိုခြင်းကို ဖြစ်စေတဲ့အတွက် မြေပြိုတဲ့အခါ အနည်တွေကို ရေနဲ့အတူ ချောင်း၊ မြစ်၊ ကန် စတဲ့ ရေအရင်းအမြစ်ရှိတဲ့ နေရာကို စီးပါသွားစေပါတယ်။ အနည်ထိုင်ခြင်းများလာတဲ့အခါ မြစ်ရဲ့အောက်ခြေတွေ၊ မြေအောက်ရေပေးတဲ့ နေရာတွေနဲ့ သဘာဝပေါက်ပင်တွေကို ပိတ်ဆို့စေပြီး တောရိုင်းတိရစ္ဆာန်နေထိုင်တဲ့နေရာတွေနဲ့ ရေနေ သတ္တဝါတွေကို အန္တရာယ်ဖြစ်စေပါတယ်။

ရေညစ်ညမ်းခြင်းရဲ့ အကျိုးသက်ရောက်မှု

မည်သည့်အကြောင်းရင်းကြောင့်ဖြစ်စေ ရေညစ်ညမ်းမှုဖြစ်ပြီဆိုရင် ကျမတို့ နေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့ လူသားတွေကို များစွာ ထိခိုက်စေမှာြဖစ်ပါတယ်။

လူတယောက်မှာ ညစ်ညမ်းတဲ့ရေကို သောက်သုံးမိတာ (သို့မဟုတ်) ထိတွေ့မိရင် ဆိုးရွားတဲ့ ကျန်းမာရေးသက်ရောက်မှုများစွာ ရှိနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျောရောဂါ၊ ကာလဝမ်းရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ ဝမ်းကိုက်ရောဂါ နဲ့ အရေပြားရောဂါ အများစုဟာ မသန့်ရှင်းတဲ့ ရေတွေကြောင့် ဖြစ်လေ့ရှိပါတယ်။

ညစ်ညမ်းတဲ့ရေဟာ လူတွေကို ထိခိုက်စေနိုင်တဲ့အပြင် အပင်၊ တိရစ္ဆာန်တွေနဲ့ ရေနေ သတ္တဝါတွေရဲ့ ဂေဟစနစ်ကို ထိခိုက်နိုင်ပါသေးတယ်။

အဆိပ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေဟာ ရေအရောင်ကို ပြောင်းလဲစေပြီး ဓာတ်သတ္တုပမာဏကို တိုးစေပါတယ်။အဲဒီ သတ္တုပမာဏတွေဟာ ရေကို ညစ်ညမ်းစေတဲ့အပြင် ရေနေသတ္တဝါတွေကို သေစေနိုင်ပါတယ်။

သက်ရှိသက်မဲ့တွေအပြင် ကမ္ဘာ့ဂေဟစနစ်တခုလုံးကို အကျိုးပြုတဲ့ရေကို အကျိုးရှိရှိ အသုံးပြုဖို့လိုအပ်သလို ရရှိတဲ့ ရေအရင်းအမြစ်တွေကိုလည်း စနစ်တကျ အသုံးပြုမှသာ ဘေးကင်းလုံခြုံတဲ့ ရေတွေကို ရေရှည်မှာ အသုံးပြုနိုင်ဖြစ်ပါတယ်။

ဘေးကင်းလုံခြုံတဲ့ရေဆိုတာ ရေညစ်ညမ်းခြင်းကနေ ကင်းဝေးပြီး သောက်သုံးဖို့ ဘေးကင်းလုံခြုံတဲ့ ရေ ဖြစ်ပါတယ်။

လက်ရှိကရင်နီစစ်ရှောင်တွေဟာ ရေကို လုံလောက်စွာမရှိကြတဲ့အပြင် ဘေးကင်းလုံခြုံတဲ့ ရေကိုလည်း မရရှိကြပါဘူး။ ဒါပေမဲ့ မိမိတို့ရရှိတဲ့ ရေအရင်းအမြစ်တွေကို ပြန်လည်သန့်စင် အသုံးပြုရမှာ ဖြစ်ပါတယ်။

ဘေးကင်းတဲ့ရေကို သုံးစွဲနိုင်ဖို့ တွင်းရေ၊ ကန်ရေ၊ ချောင်းရေကို ကျိုချက်သောက်သုံးတာတွေ၊ ကျောက်ချဉ်ကို အသုံးပြုပြီး သန့်စင်တာ ပြုလုပ်နိုင်ပါတယ်။

ဒါတွေအပြင် ရေအရင်းအမြစ်တွေဖြစ်တဲ့ ရေတွင်း၊ရေကန်မှာ ရေချိုးခြင်းနှင့် အဝတ်လျှော်ခြင်း စတာတွေကို မပြုလုပ်သင့်ပါဘူး။ ရေထွက်ပင်ရင်းနားမှာ ရေအိုင်၊ဗွက်အိုင်တွေ မကျန်ခဲ့ဖို့နှင့် တိရစ္ဆာန်တွေ မဝင်ရောက်နိုင်ဖို့ ကာကွယ်ထားရပါမယ်။

ရေထွက်ပင်ရင်းနှင့် အိမ်သာ အကွာအဝေးကို အနည်းဆုံး ပေ (၅၀) ခြား ဆောက်လုပ် သင့်ပါတယ်။ရေမခပ်ခင်မှာ ရေခပ်မည့်ခွက်နှင့် လက်တွေကို သန့်စင်ပြီး ရေသယ်ယူတဲ့အခါမှာလည်း မဖိတ်စင်အောင် ရေပုံးတွေကို အဖုံးပိတ်ထားရမှာဖြစ်ပါတယ်။

ဘေးကင်းတဲ့ ရေရရှိဖို့ ရေသိုလှောင်ထားတဲ့ ရေပုံးတွေနှင့် အဖုံးတွေကို သန့်ရှင်းမှု ရှိ/မရှိ အမြဲစစ်ဆေးပြီး၊ သန့်ရှင်းမှုမရှိရင် ဆေးကြောလဲလှယ်ခြင်းတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။

spot_img
spot_img

Recent posts