ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်အတွင်း ရေဘေးကြောင့် တဲအိမ်နဲ့ပစ္စည်းများ ဆုံးရှုံးခဲ့ရတဲ့ စစ်ဘေးရှောင်လူထုတွေ အကူအညီလိုအပ်နေကြပါတယ်။ ရေဘေးသင့် စစ်ရှောင်တွေထဲက အများစုဟာ လူသာဘေးလွတ်ရာကို ရှောင်ထွက်နိုင်ခဲ့ပြီး ပစ္စည်းတွေအားလုံးကို ဆုံးရှုံးခဲ့ရတာကြောင့် နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာတွေ အကူအညီလိုအပ်နေပါတယ်။
ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ရေဘေးသင့်စစ်ရှောင်လူထုတွေရဲ့ အခြေအနေကို ကန္တာရဝတီတိုင်း(မ်) ရဲ့ မြေပြင် သတင်းထောက် ကေးဒူက မနေ့က စက်တင်ဘာလ ၁၂ ရက်နေ့မှာ သွားရောက်ရိုက်ကူးတင်ဆက်ထားပါတယ်။