spot_imgspot_imgspot_imgspot_img
Wednesday, March 19, 2025
spot_imgspot_imgspot_imgspot_img

ရေဘေးသင့်ပြီးနောက်ပိုင်း ကရင်နီပြည်က စစ်ဘေးရှောင်လူထုတွေ အခက်အခဲတွေပိုမိုများလာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလက ရေဘေးရင်ဆိုင်နေကြတဲ့အတောအတွင်း စစ်ဘေးရှောင်လူထုတွေ အနေနဲ့ အခက်အခဲတွေ ပိုမိုရင်ဆိုင်ကြုံတွေ့လာကြတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ရေဘေးရင်ဆိုင်ကြုံတွေ့မှုတွေရှိပြီးတဲ့နောက် စစ်ဘေးရှောင်စခန်းတွေမှာ စစ်ရှောင်ကူညီရေး အဖွဲ့ရောက်လာမှု နည်းပါးသွားတယ်လို့ လေးမိုင် မြေနီကုန်း ကျေးရွာ၊ ဇီအုန် စစ်ရှောင်စခန်းရဲ့ ကော်မတီတစ်ဦးက အခုလိုပြောပါတယ်။

“ ဒီဖက်မှာတော့ ရေဘေးနဲ့ကြုံရတဲ့ စစ်ရှောင်မရှိဘူး။ သို့ပေမဲ့ စစ်ဘေးရှောင်ပြည်သူ အများကြီးရှိပါတယ်။ ၁လေးလုံးကနေ ပြောင်းလာတဲ့ ပြည်သူလူထုပါ။ ရေဘေးနဲ့ကြုံရတဲ့ နောက်ပိုင်းမှာ ဒီအလှူရှင်လေး ရောက်တာတော်တော်လေး နည်းသွားတယ်။ အခုလက်ရှိအခြေအနေက သူတို့စားနပ်ရိက္ခာ ပြတ်လပ်ကြ တချို့လူဆို သူများအဝတ်အစား လျှော်ပေးရတာပေ့ါနော်။ ရလာတဲ့ပိုက်ဆံက ဆန်တွေဝယ်စားတယ်။ အခုက ဆန်ရိက္ခာ ပြတ်လပ်တဲ့ သူအများကြီးရှိတာပေါ့နော်”လို့ စစ်ရှောင်ကော်မတီတစ်ဦးက ပြောပါတယ်။

အလှူရှင် ပုံမှန်မရောက်နိုင်တဲ့ စခန်းတွေမှာ စစ်ဘေးရှောင်တွေဟာ စာလွှာနဲ့တကွ လူကိုယ်တိုင်လာရောက် အကူအညီတောင်းခံတဲ့ စာလွှာ ၁၀ စောင်ဝန်းကျင် ရှိတယ်လို့ မြေပြင်မှာ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတွေက ပြောကြပါတယ်။

ရေဘေးကြုံတဲ့ အရပ်ဒေသကို ဦးစားပေး ကူညီမှုတွေပြုလုပ်နေတာကြောင့် သာမန် စစ်ရှောင်တွေအနေနဲ့ ထပ်ခါ အကူအညီတောင်းခံလာမှုတွေ ရှိတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ Karenni Hope အသင်းဝင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“အခုလိုရေဘေးဖြစ်သွားတော့ ကျနော်တို့ အရင်စစ်ဘေးရှောင်နေရာတွေက သူတို့ လစ်လပ်သွားတဲ့ ဟာတွေရှိတာပေါ့နော်။ အများကြီးပါပဲ။ ကျနော်တို့ ဒီအလှူရှင်အနေနဲ့ကလည်း ကျနော်တို့ ဒီရေဘေးကို အာရုံစိုက်ကြတာ များတာပေ့ါ‌နော်။ တော်တော်များများ ဆိုတော့ ကျနော်တို့ အများကြီးပေါ့နော် အခုကျနော်တို့ ရေဘေးလည်း ပြီးသွားရော အလှူငွေတွေက နည်းပါးသွားတာပေါ့နော်။ မရှိသလောက်ကို နည်းပါးသွားတယ်ဆိုတော့ ဒီအခုလက်ရှိ စစ်ဘေးရှောင်တွေ ရိက္ခာပြတ်လပ်‌နေတဲ့ကိစ္စမှာက အခက်ခဲတွေ ဖြစ်တာပေ့ါနော်”လို့ Karenni Hope အသင်းဝင်တစ်ဦးက ဆိုပါတယ်။

လက်ရှိမှာ လိုအပ်ချက်အရ မကြာခဏ အကူညီတောင်းခံလာတဲ့ စစ်ဘေးရှောင်စခန်း ၅ ခုခန့်ရှိနေပြီး ပိုမိုခက်ခဲနေတဲ့ စစ်ရှောင်စခန်းတွေကို ဦးစားပေးကူညီမယ်လို့ Karenni Hope အသင်းဝင်တစ်ဦးက ဆက်ပြောပါတယ်။

စစ်ရှောင်စခန်းမှာ စစ်ဘေးရှောင်လူထုအများစုဟာ ရိက္ခာခြောက်တွေအပြင် ဆန်၊ဆီ၊ဆား ပြတ်လပ်မှုတွေ ကြုံတွေ့နေရပြီး လတ်တလောမှာလည်း ကုန်ဈေးနှုန်းမြင့်တက်လာတာကြောင့် ငွေကြေးခက်ခဲတဲ့ စစ်ဘေးရှောင်တွေ အခက်ပိုကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

“အဓိကက ဆန်လိုတာပေါ့။ ဆန်ပဲမှမဟုတ်ဘူး။ ပြောရရင် ပိုက်ဆံလိုတာပေ့ါ လိုအပ်ချက်ကမတူကြတော့လေ။ ဥပမာ တချို့လည်း ဆေးဝါးလိုအပ်ချက်တွေရှိကြတော့ ပိုက်ဆံရှိရင် ဆန်လိုရင် ဆန်ဝယ်ပေါ့။ ဆေးဝါးလိုရင် ဆေးဝါးဝယ် အဲ့လိုလုပ်လို့ရရင် ကောင်းတာပေ့ါ။”လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ဆိုပါတယ်။

ကရင်နီပြည်မှာ စက်တင်ဘာလက ကြုံတွေ့ရတဲ့ ရေဘေးသင့် စစ်ရှောင်စခန်း ၁၆ ခုရှိပြီး ကျေးရွာပေါင်း ၅၄ ရွာ ရှိတယ်လို့ IEC ရဲ့ စာရင်းအရ သိရပါတယ်။

ရေဘေးသင့်ကာလအတွင်း အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ လူဦးရေ ၂၀၀ နဲ့အထက် ရှိနေကြပါတယ်။

spot_img
spot_img
spot_img

Recent posts