spot_imgspot_imgspot_imgspot_img
Monday, June 23, 2025
spot_imgspot_imgspot_imgspot_img

ရေဘေး လမ်းပိတ်ဆို့တာကြောင့် ဒီးမော့ဆို အနောက်ခြမ်းမှာ ကုန်စျေးနှုန်းမြှင့်တက်

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကရင်နီပြည် အနှံ့အပြားမှာ ‌ရေကြီးတာ၊ မြေပြိုတာ၊ လမ်းတံတား ပျက်စီးတာတွေကြောင့် ကုန်သွယ်ရေးခက်ခဲလာတဲ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ ကုန်စျေးနှုန်း မြှင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကုန်စျေးနှုန်းတွေတက်လာပြီဆိုတော့ စားရေးသောက်ရေးအတွက် ပိုက်ဆံတွေ ပိုကုန်ရတော့မှာပေါ့။ ပြီးတော့ ပိုက်ဆံကလည်း ရှာရတာလွယ်တာမဟုတ်ဘူးလေး” လို့ စစ်ဘေးရှောင်နေတဲ့ သားငယ်က ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းအတွက် ကုန်ပစ္စည်းတွေကို နီးစပ်ရာပြည်နယ်တွေကနေ အဓိက တင်သွင်းနေတာဖြစ်ပြီး ရေကြီးရေလျှံမှုကြောင့် သွားလာရေးခက်ခဲနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဂိတ်ကလည်း ဆေးဝါး၊ ဆန်၊ စပါး စတဲ့ ကုန်ပစ္စည်းတွေကို တားမြစ်ပစ္စည်းလို့ သတ်မှတ်ပြီး ဒီးမော့ဆိုဖက် တင်သွင်းခြင်းကို ပိတ်ပင်ထားတာပါ။

ကရင်နီပြည်တွင်း စားနပ်ရိက္ခာဖူလုံစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC နဲ့ အရပ်ဖက်အဖွဲ့တွေ ပူးပေါင်းပြီး ဒေသထွက် ဆန်၊ စပါးစျေးနှုန်းကို သတ်မှတ်ပေးထား ပါသေးတယ်။

ဒါပေမဲ့ ပြည်ပက သွင်းလာတဲ့ သွင်းကုန်စျေးနှုန်းတွေကိုတော့ သတ်မှတ်ဖို့ ခက်ခဲတယ်လို့လည်း IEC က ပြောထားပါတယ်။

မုန်တိုင်းဒဏ် မသင့်ခင်နဲ့ သင့်ပြီးအခြေအနေကြောင့် ပြောင်းလဲလာတဲ့ ဒီးမော့ဆိုအနောက်ဖက်ခြမ်း ကုန်စျေးနှုန်းကို ယှဥ်တွဲဖော်ပြထားပါတယ်။

ကုန်စျေးနှုန်းတွေဟာ ကန္တာရဝတီတိုင်း( မ် ) ရဲ့ လက်လှမ်းမှီသလောက် ပြုစုထားတဲ့ စျေးနှုန်းတွေသာဖြစ်ပြီး အခြေအနေနဲ့ အချိန်အခါအပေါ်မှာ အပြောင်းအလဲရှိနိုင်ပါတယ်။

spot_img
spot_img

Recent posts