spot_imgspot_imgspot_imgspot_img
Monday, December 9, 2024
spot_imgspot_imgspot_imgspot_img

ရေမကျသေးတာကြောင့် နန်းမယ်ခုံမြို့က ဒေသခံတွေရဲ့ စိုက်ပျိုးရေးထိခိုက်လာ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုတွေကြောင့် နန်းမယ်ခုံမြို့က ဒေသခံတွေဟာ စိုက်ပျိုးရေး မလုပ်ကိုင်နိုင်တော့တာကြောင့် စားဝတ်နေရေးထိခိုက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းက ဘုရားနီ၊ ဖောင်းတော၊ ဘုရားဖြူ၊ ပလဖ နဲ့ မုံပြာ စတဲ့ အနိမ့်ပိုင်းကျေးရွာတွေမှာ ရေကြီးတာ ၅လခန့်ရှိပြီဖြစ်ပြီး နမ့်စံခမ်းနဲ့ နန်းမယ်ခုံတို့ဖက်မှာ ရေကြီးတာ ၃လနီးပါးရှိပြီလို့ ဆိုပါတယ်။ လက်ရှိအချိန်ထိ ရေအနည်းငယ်သာ ပြန်ကျသေးတာကြောင့် စိုက်ပျိုးရေးလုပ်ကိုင်လို့ မရသေးသလို ဒေသခံတွေလည်း ပြန်လည်နေထိုင်လို့မရသေးပါဘူး။

ဒေသခံတွေဟာ စိုက်ပျိုးသီးနှံအနေနဲ့ ဆန်စပါးကို အဓိက စိုက်ပျိုးကြပြီး ငရုတ်၊ ကြက်သွန်၊ အာလူး၊ ခရမ်းချဉ်သီးစတဲ့ ဥယာဉ်ခြံတွေကို စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ရေစကြီးကတည်းက အဲ့ဒီလုပ်ငန်းတွေကို မလုပ်ကိုင်နိုင်တော့တဲ့အပြင် စိုက်ထားတဲ့ လယ်ယာစပါးတွေလည်း ရေနစ်မြှုပ်သွားတာကြောင့် အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက စပါးရိတ်သိမ်းပြီးနောက် လယ်ယာတွေမှာ သီးနှံတွေ စိုက်ပျိုးရင်း အသက်မွေးကြတာပါ။ အခုနှစ်မှာတော့ ရေမကျနိုင်သေးတာကြောင့် စိုက်ပျိုးရေး လုပ်ကိုင်လို့မရဘဲ ရေမကြီးတဲ့ကုန်းပိုင်းမြေတွေမှာ ဝမ်းရေးအတွက် တစ်အိမ်ထောင်အနည်းငယ်စီ မြေခွဲပြီး စိုက်ပျိုးနေကြတယ်လို့ နမ့်စံခမ်းကျေးရွာမှာနေထိုင်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“လယ်တွေလည်းဆုံးရှုံးမှုတွေများခါကျတော့ အရင်းလည်းသိပ်မထုတ်ရဲကျတော့ တစ်ယောက်နည်းနည်းပါးပါးပဲပေါ့၊ ဒီကုန်းဖက်ပဲပေါ့ အောက်ပိုင်းကြတော့ ရေမခြောက်သေးတော့ သိပ်မလုပ်ဖြစ်ကြသေးဘူးပေါ့” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကတည်းက ဒေသခံတွေဟာ ဥယာဉ်ခြံတွေစိုက်ပျိုးဖို့အတွက် မျိုးစေ့တွေကိုအခြားမြို့ကနေ မှာယူရပြီး နောက်ပိုင်းမှာတော့ မျိုးစေ့တွေရရှိဖို့ ခက်ခဲလာတယ်လို့ ဆိုပါတယ်။

” ထောက်ပံ့စေချင်တယ် အကယ်၍ ရေနည်းနည်းကျလာရင်လည်း ငါးမျိုးတွေလည်း အရင်းပြန်လုပ်ဖို့လိုတယ်ပေါ့နော်။ လယ်ပြန်လုပ်ဖို့ မျိုးစေ့တွေလည်း ပြန်လိုတယ် ဥယာဉ်ခြံအတွက် စရိတ်တွေကော အမျိုးမျိုးလိုအပ်တယ်” လို့ အဆိုပါ ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။

ဒေသခံတွေရဲ့ပြောကြားချက်အရ နမ့်စံခမ်းကျေးရွာအနီးတစ်ဝိုက်မှာ လယ်ယာနဲ့ဥယာဉ်ခြံဧကပေါင်း တစ်သောင်းခန့်ရှိပြီး ရေမြှပ်သွားတဲ့ လယ်ယာမြေဧက ခန့်မှန်းခြေ ၅၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts