spot_imgspot_imgspot_imgspot_img
Monday, July 22, 2024
spot_imgspot_imgspot_imgspot_img

ရေရရှိဖို့ စစ်ရှောင်တွေ ကိုယ်ထူကိုယ်ထ ရေပိုက်သွယ်ကြ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်နေရာမှာ ရေရရှိဖို့အတွက် မီတာ ၅၀၀ ကျော် ဝေးတဲ့ ရေထွက်ပေါက်ကနေ စစ်ရှောင်စခန်းအထိ ကိုယ်ထူကိုယ်ထ ရေပိုက်သွယ်ခဲ့ကြပါတယ်။

နွေရာသီ နဲ့ ဆောင်းရာသီ ကာလမှာ ရေရှားပါးမှုဒဏ်ကို နှစ်စဉ်ကြုံတွေ့နေရတာကြောင့် ရေထွက်ပေါက်ကနေ ရေသွယ်ယူဖို့ သုံးလကြာ အချိန်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ရေပိုက်သွယ်တဲ့ ကုန်ကျစရိတ်ကို အလှူရှင်နဲ့ စစ်ရှောင်၊ ဒေသခံတွေ စုပေါင်းအားနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး သိန်း (၂၀) ကျော် ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

“ ဒီရေပိုက်သွယ်တာကတော့ ဆောင်းရာသီတို့နွေရာသီတို့မှာဆို ရေအဆင်မပြေတော့ ကြိုတင်ပြင်ဆင်ထားတဲ့သဘောပေါ့ ။ ကိုယ်ထူကိုယ်ထဘဲ အလှုရှင်တွေရှာပြီး စစ်ရှောင်တွေပေါင်းပြီးလုပ်ကြတာပေါ့ ဒီရေထွက်ပေါက်ကလဲ နွေရာသီထိ ရေထွက်လား မထွက်လား မသိပေမဲ့ ဆောင်းရာသီထိတော့ ရေထွက်ဦးမယ်ထင်တာဘဲ။” လို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

စစ်ရှောင်စခန်းအသီးသီးမှာတော့ နှစ်စဉ် နွေရာသီကာလမှာ ရေရှားပါးမှုပြဿနာကို ကြုံတွေ့နေဆဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts