spot_imgspot_imgspot_imgspot_img
Tuesday, June 17, 2025
spot_imgspot_imgspot_imgspot_img

ရေရှားတဲ့ ဖရူဆိုအရှေ့ဘက်ခြမ်းမှာ နှစ်ရှည်ရေရရှိရေးအတွက် ရေကန်တူးဖော်နေပြီး အကူအညီများ လိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ဒေသခံလူထုတွေဟာ နှစ်ရှည် ရေရရှိရေးအတွက် ရေကန်တူးဖော်နေပြီး လက်ရှိမှာ အကူအညီတွေ လိုအပ်နေတယ်လို့ ရေကန်တူးဖော်တည်ဆောက်ပေးနေတဲ့ တာဝန်ခံ အင်ဂျင်နီယာ တစ်ဦးက ပြောပါတယ်။

“အဓိကကတော့ အဲ့ဘက်ဒေသက ရေရှားတာဖြစ်တဲ့အတွက် နှစ်တိုင်းက ရေကားနဲ့ဘဲ လှူကြတယ်လေ။ ဆိုတော့ အဲ့ဒီထက်စာရင် ဒီလို ရေကန်လေး တည်ဆောက်ပေးခြင်းအားဖြင့်တော့ သူတို့လည်း သွားခပ်ရ သွားရလာရ နီးသွားတယ်။ အဆင်ပြေသွားတယ်။ ပြီးတော့ ဒီရေကန်က အောက်ကနေ ရေစိမ့်ထွက်တဲ့အတွက် တကယ်နှစ်ရှည်အတွက်က အဆင်ပြေတဲ့ အနေအထားဖြစ်တယ်။” လို့ တာဝန်ခံ အင်ဂျင်နီယာက ပြောပါတယ်။

အဆိုပါ ရေကန်ရဲ့ ကုန်ကျစရိတ်ဟာ ကျပ်သိန်း ၂၂၀ ဝန်းကျင် ရှိပြီး အလှူရှင်တွေရဲ့ အကူအညီနဲ့ လက်ရှိမှာ သိန်း ၁၅၀ ဝန်းကျင်သာ ရရှိသေးတာကြောင့် အကူအညီတွေ ထပ်မံ လိုအပ်နေတယ်လို့ သိရပါတယ်။ ဒေသခံလူထုတွေဟာ လုပ်အားပေးအနေနဲ့ ပူးပေါင်းပါဝင်လုပ်ဆောင်တာကြောင့် ကုန်ကျစရိတ် သက်သာပြီး တူးဖော်ရေးကုန်ကျစရိတ်သာ ကုန်ကျတယ်လို့ ဆိုပါတယ်။

“ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ရေလုံးဝ ရှားပါးတဲ့ ဒေသအတွက် ရေကန်တူးဖော်ပေးတာ ဖြစ်တယ်။ အဲ့ဒီရေကန်တူးတာက ကုန်ကျစရိတ်က တော်တော်များများ ကုန်တယ်။ ဆိုတော့ အခုဆို ကျနော်တို့ အကြွေးတောင် တင်နေတဲ့ အနေအထားမှာ ရှိတယ်။ ဆိုတော့ မိုးတအားမကျခင်မှာ အပြီးသတ်လုပ်လိုက်ချင်တာပါ။” လို့ တာဝန်ခံအင်ဂျင်နီယာက ဆက်ပြောပါတယ်။

ကရင်နီပြည်အတွင်းမှာ ဖရူဆိုမြို့နယ်ဟာ ရေရှားပါးတဲ့ဒဏ်ကို ယခင်ကတည်းက နှစ်စဉ်ရင်ဆိုင်ကြုံတွေ့နေရပြီး မိုးရေကိုသာ မှီခိုအသုံးပြုနေရပါတယ်။ ဆောင်းရာသီ နဲ့ နွေရာသီတွေမှာ အလှူရှင်တွေရဲ့ အကူအညီတွေအပြင် ဒေသခံတွေကိုယ်တိုင်ကလည်း ရေကို ဝယ်ယူသုံးစွဲနေကြရတာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts