spot_imgspot_imgspot_imgspot_img
Monday, December 2, 2024
spot_imgspot_imgspot_imgspot_img

ရွေးကောက်ပွဲဝင်ရန် လူငယ်များ ယုံကြည်မှုအားနည်းနေသဖြင့် အတွေ့အကြုံရှိပုဂ္ဂိုလ်များကို ပြန်လည်ရွေးချယ်ခြင်းဖြစ်ဟု ပြည်ခိုင်ဖြိုးပါတီ (ကယားပြည်နယ်) မှ ပြည်နယ်ကော်မတီဝင်ပြော

Author

Date

Category

နော်ဒွေးအယ်ခူ

၂၀၂၀ ရွေးကောက်ပွဲအတွက် လူငယ်များကိုနေရာပေးချင်သော်လည်း ယုံကြည်မှုအားနည်းနေတဲ့အတွက် ရွေးကောက်ပွဲ အတွေ့အကြုံရှိပုဂ္ဂိုလ်များကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးချယ်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကယားပြည်နယ်) မှ ပြည်နယ်ကော်မတီဝင်ဦးတင်ဦးက ပြောပါတယ်။

“လောလောဆယ်မှာ သူတို့ကိုသူတို့ ယုံကြည်မှုလေးတွေ အားနည်းသေးတဲ့အတွက် နောက်နောင်မှ သာအရွေးချယ်ခံမယ်။ လက်ရှိကတော့အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်တွေသာ အရွေးချယ်ခံဖို့ပြော လာတဲ့အတွက် လက်ရှိ အတွေ့အကြုံရှိတဲ့ ၂၀၁၀ အတွေ့အကြုံ ၂၀၁၅ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေကိုသာ ပြန်လည်ပြီးရွေးချယ်တာဖြစ်ပါတယ်” လို့ ဦးတင်ဦးက ပြောပါတယ်။

သို့သော်လည်းပဲ အလားအလာရှိတဲ့ လူငယ်တွေကို ၎င်းတို့တာဝန်ယူနေသည့် မြို့နယ်၊ ခရိုင်များတွင် နေရာများပေးထားကြောင်း ဦးတင်ဥိးကဆက်လက်ပြောပြပါတယ်။

“လူငယ်ကတော့ပြောမယ်ဆိုရင်တော့ နည်းတော့နည်းသေးတာပေါ့။ နည်းသေးတယ်ဆိုတာကလည်း ပြည်နယ်အနေနဲ့ပြန်ကြည့်မယ်ဆို ကျတော်တို့ပါတီမှာဝင်ပြီးတော့ တာဝန်ယူနေတဲ့ မြို့နယ်ရှိတယ်။ ခရိုင်ရှိတယ် ပြည်နယ်ရှိတယ်။ အဲဒီမှာ အလားအလာရှိတဲ့လူငယ်တွေကို ကျတော်တို့ နေရာပေးပါတယ်” လို့ ဦးတင်ဦးကပြောပါတယ်။

ထို့ပြင် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနိုင်ရလျှင် ပြည်နယ်၏ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“အဓိကကတော့ ကယားပြည်နယ်မှာပြန်ကြည့်ရင် အေးချမ်းတည်ငြိမ်မှုပေါ့။ ဆိုလိုတဲ့သဘောက ဒီမှာ NCA မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရှိတယ်။ ဒီအဖွဲ့ကသာ NCA ထိုးနိုင်ပြီဆို ကယားပြည်နယ်က ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုရှိသွားမှာပေါ့။ ငြိမ်းချမ်းတည်ငြိမ်မှုရှိမှ ဖွံ့ဖြိုးရေးကိုလည်း လုပ်နိုင်မှာပေါ့။ ကျတော်တို့ရည်ရွယ်ချက်ကတော့ အေးချမ်းတည်ငြိမ်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ၂၀၁၉ခုနှစ် ၉လပိုင်းကတည်းက ခေါ်ယူခဲ့ခြင်းဖြစ်ပြီးလာရောက်လျှောက်သူများကို ရပ်ကွက်၊ကျေးရွာအဆင့် ပါတီဥက္ကဌနှင့် ကော်မတီဝင်တွေ ပါဝင်သည့် ကိုယ်စားလှယ်လောင်းရွေးချယ်စီစစ်ရေးအဖွဲ့က ဆန္ဒမဲပေး၍ ရွေးချယ်ခဲ့ကြောင်းနှင့် ထို ကိုယ်စားလှယ်လောင်းများကို ပြည်နယ်၊ ဗဟို အဆင့်ဆင့်မှ ပြန်လည်ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသိရပါတယ်။

မဲဆန္ဒနယ် ၃၄ နေရာအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီကိုယ်စားလှယ်လောင်းများအနက် အမျိုးသမီးငါးဦး ပါဝင်နေပြီး ပြည်သူ့လွှတ်တော်နေရာတွင် တစ်ဦး၊ အမျိုးသားလွှတ်တော်နေရာတွင် နှစ်ဦး၊ ပြည်နယ်လွှတ်တော်နေရာတွင် နှစ်ဦးရှိကြောင်း ပြည်ခိုင်ဖြိုးပါတီဝင်များထံမှ သိရပါတယ်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ခုနစ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ဒေါရစ်လေးက “ပါတီဖွဲ့စည်းပုံမှာကတည်းက အမျိုးသမီးတွေကိုထည့်ဖွဲ့စည်းထားတယ်။ အမျိုးသမီးတွေကို ထည့်ဖွဲ့စည်းထားတဲ့အတွက်ကြောင့်မို့လို့ ပြည်နယ် ခရိုင် မြို့နယ် အဆင့်ဆင့်မှာ ရပ်/ကျေးစည်းမှူးတွေအထိ အမျိုးသမီးတွေပါတယ်။ ဒီပါလာတယ်ဖြစ်တဲ့အတွက်ကြောင့် ဆန္ဒရှိတဲ့သူတွေဝင်ရွေးကြတယ်။ အဲ့လိုကြောင့် အသင့်တော်ဆုံးငါးယောက်က ပါလာတာဖြစ်တယ်” လို့ပြောပါတယ်။

၂၀၁၅ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအနေဖြင့် မဲဆ္ဒနယ်အမှတ် ၉ အမျိုးသားလွှတ်တော်တွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးစိုးသိန်းကလည်း ကြံ့ခိုင်ရေးပါတီကိုယ်စားပြု၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
“ဦးစိုးသိန်းကို ဘောလခဲမြို့နယ်က မဲဆန္ဒရှင်များက ပြန်လည်တောင်းဆိုတဲ့အတွက် ကိုယ်စားလှယ်လောင်းထဲ ပြန်ထည့်လိုက်တာဖြစ်ပါတယ်” လို့ ဦးတင်ဦးက ကပြောပါတယ်။

USDP ပါတီမှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ် မြို့နယ် ခုနစ် မြို့နယ်မှ မဲဆန္ဒနယ် ၃၄ နေရာ အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲက မဲဆန္ဒနယ် ၃၄ နေရာအနက် ပြည်ခိုင်ဖြိုးက ခုနစ်နေရာ အနိုင်ရရှိခဲ့ပါတယ်။

spot_img
spot_img

Recent posts