ဘောလခဲမြို့နယ်ထဲမှာနေထိုင်ကြတဲ့သူတွေအများစုဟာ ကယားလူမျိုးတွေနေထိုင်ကြပြီး ကယားလူမျိုး(၅၁၉၄)ဦး၊ ကရင်လူမျိုး (၁၀၄)ဦး၊ ချင်းလူမျိုး(၂၂)၊ ဗမာလူမျိုး(၅၄၃)ဦး၊ ရခိုင်လူမျိုး(၁၄)ဦး၊ ရှမ်းလူမျိုး၂၂၀၉ဦးနှင့် အခြားလူမျိုး(၃)ဦးတို့နေထိုင်ကြပါတယ်။ သူတို့ရဲ့ မဲဆန္ဒနယ်မှာဆိုရင်လက်ရှိ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွင့်ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်(၈)ဦးကျော်သန်း၊ ပြည်သူ့လွှတ်တော် ဦးအေးမောင်၊ တိုင်းရင်းသား/ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် ဦးလှမျိုးဆွေ၊ ပြည်နယ်လွှတ်တော်(၁) ဦးအေးရွှေ၊ ပြည်နယ်လွှတ်တော်(၂) ဦးစိုးရယ် နဲ့ အမျိုးသားလွှတ်တော်(၉) တစ်သီးပုဂ္ဂလ ဦးစိုးသိန်းတို့က အရင် ၂၀၁၅ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ကိုယ်စားလှယ်တွေပဲဖြစ်ပါတယ်။ အခု ဘောလခဲမြို့မှာနေထိုင်ကြတဲ့ သူတွေ လာမည့် ရွေးကောက်ပွဲမှာ ဘယ်လိုကိုယ်စားလှယ်တွေလိုချင်နေကြလဲဆိုတာ တွေနဲ့ပတ်သက်ပြီး စုစည်းတင်ပြလိုက်ပါတယ်။ ကိုဘဲရယ်၊ ရှမ်းစုစည်းရပ်ကွက်“ အပြောတစ်မျိုး အလုပ်တစ်မျိုး မဟုတ်တဲ့ ကိုယ်စားလှယ်ကို လိုချင်တာပေါ့။ ဘာလို့လည်းဆိုတော့ အများဆုံးကတော့ ကျနော်အမြင်နဲ့ပြောမယ်ဆိုရင်တော့ ရွေးကောက်ပွဲနီးလို့ရှိရင် […]

အန်ထော်နီ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးခင်မောင်ဦး (ခ) ခူးဘူးရယ် က ပြည်နယ်လွတ်တော်ကိုယ်စားလှယ် လွိုင်ကော်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဦးခင်မောင်ဦး (ခ) ခူးဘူးရယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၀-၁၅ ခုနှစ်တုန်းက ကြံ့ခိုင်ရေးပါတီကနေ ကယားပြည်နယ် ဝန်ကြီးချုပ် ဖြစ်ခဲ့သူဖြစ်ပါတယ်။ “ ဆိုတော့အရင်တုန်းကလည်း သူကကြံ့ခိုင်ရေးကနေ ဝင်ပြိုင်တယ်။ ကြံ့ခိုင်ရေးပါတီကနေ အစိုးရပြီးဦးဆောင်ပြီးမှလုပ်လာခဲ့တယ်ဆိုပေမယ့်လည်း လက်ရှိဒီချိန်မှာ ပြည်နယ်အရေးနဲ့ပတ်သက်တဲ့ဟာတွေ နောက်ပြီးတော့မှ တိုင်းရင်းသားအရေးနဲ့ပတ်သက်တဲ့ဟာတွေ တစ်ချို့နေရာတွေမှာ သူကဝင်ရောက်ဆောင်ရွက်ပေးလိုစိတ်ရှိတယ်။ စေတနာရှိတယ်။ ပြည်နယ်ဖွံဖြိုးတိုးတက်ဖို့နဲ့ ပြည်နယ်ငြိမ်းချမ်းသာယာဖို့အတွက် လုပ်ပေးလိုစိတ်ရှိတယ်ဆိုရင်တော့ ကျနော်တို့က လက်ခံမှာပဲပေါနော်။” လို့ ကယားပြည်နယ်ဒီမိုကရက်တီပါတီ အထွေထွေအတွင်းရေးမှုုး ဦးသဲရယ်က […]

ခွန်းကလိုင်းဖရီး ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကယား(ကရင်နီ)တစ်ပြည်နယ်လုံးမှာ အသက် (၁၈) နှစ်ပြည့်ပြီး မဲဆန္ဒပေးခွင့်ရှိသူပေါင်း ယခင် ၂၀၁၅ ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းထက်နှစ်သောင်းခွဲကျော်တိုးလာပါတယ်။ ၂၀၁၅ ခုနှစ်မှာကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိ (၁၇၈၃၁၆) ဦးသာရှိခဲ့ပြီး ယခုလာမယ့် အထွေထွေရွေးကောက်ပွဲမှာတော့ ၂၀၄၆၇၇ ဦးရှိတဲ့အတွက် ဆန္ဒမဲပေးခွင့်ရှိသူ ( ၂၆၃၆၁ ) ဦး တိုးလာတာ ဖြစ်ပါတယ်။ ဆန္ဒမဲပေးမယ့် မိဘပြည်သူတွေအနေနဲ့ မဲဆန္ဒရှင်စာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်ကပ်ထားပြီးဖြစ်တာကြောင့် မဲစာရင်းကြည့်ခြင်း အားဖြင့် ပိုပြီး ပြည့်စုံမှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်းတွေဖြစ်လာဖို့ ဝိုင်းဝန်းကူညီပြီး ပူးပေါင်းဆောင်ရွက်ပေးဖို့ ကယားပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက ပြောပါတယ်။ “အဓိကပြောချင်တာတော့ မိဘပြည်သူတွေအနေနဲ့ မဲစာရင်းကိုသွားကြည့်ပေးပါလို့ […]

ဖရူဆိုမြို့နယ်အတွင်း မိုနူမနော(ကော်ယော်)လူမျိုးစုတွေ နေထိုင်ကြတဲ့ တော်ခူအုပ်စုထဲက ဒေသခံပြည်သူတွေအနေနဲ့ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဒေသအတွက် ဘယ်လိုကိုယ်စားလှယ်တွေကို အလိုရှိနေကြပါသလဲ။

ခွန်းကလိုင်းဖရီး နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ကယား(ကရင်နီ) ပြည်နယ်အခြေစိုက် ဒေသခံတိုင်းရင်းသားပါတီတွေရဲ့ အောင်နိုင်ရေးအတွက် ဝန်းရံကူညီသွားမယ်လို့ ကရင်နီပြည်အရပ်ဘက်လူငယ်အဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။ ခုပြောဆိုချက်ဟာ ၂၀၂၀ ခုနှစ် မတ်လမှာ ကျင်းပခဲ့တဲ့ ကရင်နီပြည်လူမျိုးစုလူငယ်ထု တွေ့ဆုံနှီး နှောဖလှယ်ပွဲကနေ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်အတိုင်းဖြစ်တယ်လို့ ကရင်နီပြည်လူမျိုးစုလူငယ် ဦးဆောင် ကော်မတီ ဘုတ်အဖွဲ့ဝင် ခွန်းသောမတ်က ပြောပါတယ်။ “ စေတနာ့ဝန်ထမ်းတွေ စေလွှတ်ပေးတာမျိုးပေါ့။ သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ ကယောခွင်ထဲရောက်ရင်တော့ ကယောလူငယ်တွေကို လွှတ်ပေးတာမျိုး၊ ကယန်းခွင်ထဲရောက်ရင်တော့ ကယန်းလူငယ်တွေကို လွှတ်ပေးထားမျိုး။ အဲဒါမျိုးနဲ့ ဝန်းရံဖို့ အားလုံးက သဘောတူထားကြတယ်လို့” ၎င်းက ဆက်ပြောပါတယ်။ အဆိုပါ ကရင်နီပြည်လူမျိုးစုလူငယ်ဦးဆောင်ကော်မတီကို ကယားလူမျိုးစုလူငယ်၊ ကယောလူမျိုးစုလူငယ်၊ […]

နော်ဒွေးအယ်ခူ ဖရူဆိုမြို့နယ်အတွင်း မိုနူမနော(ကော်ယော်)လူမျိူးစုတွေ နေထိုင်ကြတဲ့ တော်ခူအုပ်စုထဲက ဒေသခံပြည်သူတွေအနေနဲ့ လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် ၂၀၂၀အထွေထွေရွေးကောက်ပွဲကြီးမှာ ဒေသအတွက် ဘယ်လို ကိုယ်စားလှယ်တွေကို အလိုရှိကြတယ်ဆိုတာနဲ့ပတ်သက်ပြီး ဖော်ပြပေးလိုက်ပါတယ်။ ဦးမိုးဇက်(ပလဲလယ်ကျေးရွာ) လာမယ့်ရွေးကောက်ပွဲမှာ ကျနော်တို့ပြည်သူတွေကတော့ အကောင်းဆုံးပုဂ္ဂိုလ်တစ်ဦးတစ်ဦးအနေနဲ့ပေါ့ အဲလိုလိုချင်တယ်။ ပြည်သူအတွက်ပေးဆပ်နိုင်တဲ့ခေါင်းဆောင်တစ်ဦးပေါ့။ ဒါပေမယ့် ကျနော်တို့ပြည်သူက အဲလိုမျိုးလိုလားသော်လည်းပဲ တက်လာတဲ့လူကြီးတွေလည်း တစ်ခါတစ်လေ ကျနော်တို့ပြည်သူတွေအတွက်တော့ သိပ်ပြီးတော့ မပေးဆပ်နိုင်ဘူးပေါ့။ မပေးဆပ်နိုင်တဲ့အပြင် ပြည်သူ့ကို ဒုက္ခပေးနိုင်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်။ အဲလိုမျိုးခါကျတော့ ကျနော်တို့ပြည်သူတွေက အကောင်းဆုံးအနေနဲ့ တက်လာမယ့် လူကြီးခေါင်းဆောင်များကို ပြည်သူအနေနဲ့ပေးဆပ်နိုင်တဲ့ခေါင်းဆောင်တစ်ဦး အဲလိုမျိုးလိုချင်တယ်။ ဖရန်စစ်စကို (ခေါပရာကျေးရွာ) ရွေးကောက်ပွဲမှာခါကျတော့ ဘယ်အစိုးရပဲတက်လာလာပြည်သူအတွက် ပြည်သူက တောင်းဆိုတဲ့အတိုင်း လုပ်ပေးဖို့ပေါ့နော။ပြီးတော့ အမတ်လောင်းတွေကိုရွေးတဲ့နေရာမှာက ဒေသခံတွေပါရင်တော့ လူမျိုးစုဒေသခံတွေပါရင်တော့ ပိုအဆင်ပြေမယ်။ ဘာဖြစ်လို့လဲဆိုရင် […]

“ ပြည်သူ့အားနဲ့တည်ဆောက်ပြီးတော့မှ ကိုယ့်ပြည်နယ်ကို အုပ်ချုပ်မယ်” လို့ ဆိုလာတဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌဦးဖိုးရယ်နှင့် တွေ့ဆုံမေးမြန်းခြင်း စိုးထိုက်အောင် လာမယ့် နိုဝင်ဘာလ(၈)ရက်နေ့မှာကျင်းပမယ့်၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးမှာ ကယား(ကရင်နီ)ပြည်နယ်အတွင်း မဲဆန္ဒနယ်နေရာ ၃၄ နေရာရှိတဲ့အနက် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကနေ မဲဆန္ဒနယ်နေရာ ၃၀ ကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ၎င်းအကြောင်းအရာနှင့် ပါတီရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဥက္ကဌ ဦးဖိုးရယ်နှင့် တွေ့ဆုံမေးမြန်းထားတာတွေကို ကောက်နုတ်တင်ပြထားပါတယ်။ မေး။ ။ ဆရာတို့ကယားပြည်နယ်ဒီမိုကရက်တစ် ပါတီအနေနဲ့လာမယ့်ရွေးကောက်ပွဲအတွက် ဘာတွေ ပြင်ဆင်ထားတာရှိပြီလဲ။ ဖြေ။ ။ ကျတော်တို့ဒီ ၂၀၂၀ရွေးကောက်ပွဲအတွက်ကတော့ ကျတော်တို့ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ အထူးသဖြင့် ဒီကယားပြည်နယ်နဲ့ ကယန်းဒေသမှာရှိတဲ့ ကျတော်တို့တိုင်းရင်းသားတွေအားလုံးပူူးပေါင်းပြီးတော့မှ ကျတော်တို့ပြင်ဆင်ထားတာရှိတယ်။ အဲ့ဒါကြောင့် ကျတော်တို့ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ကယန်းအမျိုးသားပါတီ ၂ပါတီပူးပေါင်းပြီးတော့မှ […]

လာမယ့် ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ကယားပြည်နယ်အခြေစိုက် ဒေသခံတိုင်းရင်းသားပါတီဖြစ်တဲ့ ကယန်းအမျိုးသားပါတီအနေနဲ့ ကိုဗစ်ကာလအတွင်းမှာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးဖို့ ဘယ်လိုပြင်ဆင်ထားသလဲ။ ရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ဆောင်ချက်တွေကို ဘယ်လိုပြောဆိုထားပါသလဲ စတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ကယန်းအမျိုးသားပါတီဥက္ကဌ ခွန်းဘီထူးကို ကန္တာရဝတီတိုင်း(မ်)က ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ ရွေးကောက်ပွဲကလည်း နီးလာပြီဆိုတော့ မဲဆွယ်ဖို့အတွက် ဒီကိုဗစ်ကာလအတွင်းမှာ ဘယ်လို ပြင်ဆင်မှုတွေလုပ်ထားလဲ ဘယ်လိုပုံစံနဲ့ မဲဆွယ်သွားမလဲ။ ဖြေ။ ။ ကျတော်တို့ကယန်းအမျိုးသားပါတီမှာတော့ ခိုင်လုံတဲ့လူထုထောက်ခံမှု အတိုင်းအတာလေးတစ်ခု ကျတော်တို့ရထားတဲ့အတွက် မဲဆွယ်တဲ့ပုံစံကိုတော့ တစ်အိမ်ဝင်တစ်အိမ်ထွက် မဟုတ်ရင်လည်း လူနည်းစုနဲ့မဲဆွယ်တဲ့ပုံစံပြောင်းလို့ရတယ်။ ပြီးတော့ ဒီနေ့ဒီအချိန်မှာလည်း IT အွန်လိုင်းတွေနဲ့တဆင့် မဲဆွယ်တဲ့ဟာလုပ်သွားလို့ရတယ်။ ဒါကတော့ အကြမ်းဖျင်းဆွေးနွေးထားတဲ့ဟာမျိုးပေါ့ ဒီလိုပုံစံမျိုးတော့ ပြောင်းလဲလုပ်လို့ရတယ်ပေါ့နော ဒါပေမယ့် စည်းကမ်းဘယ်လိုထွက်လာမလဲဆိုတာတော့ မသိသေးဘူးပေါ့နော။ UEC ကထုတ်ပြန်ထားတဲ့စည်းမျဉ်းစည်းကမ်းဘယ်လိုဖြစ်မလဲမသိသေးဘူးပေါ့နော။ အဲ့အပေါ်မှာလည်း […]

မော်ဦးမြာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်(NCA) မထိုးထားသေးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ထိန်းချုပ်နယ်မြေတွေဘက်မှာ ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်စွာ ကွင်းဆင်းပြီး မဲဆွယ်စည်းရုံးနိုင်တယ်လို့ ( KNPP) ရဲ့ ရှားတောမြို့နယ် ဆက်ဆံရေးရုံးတာဝန်ခံ ခူးဘိုးရယ်က ပြောပါတယ်။ “အရင်ရွေးကောက်ပွဲကာလမှာ ပြန်ပြီးသုံးသပ်ကြည့်ရင် သူတို့ဟာသူတို့လွတ်လွတ်လပ်လပ် မဲဆွယ်ပိုင်ခွင့်ရှိတယ်။ ကျနော်တို့ဘယ်လိုမှ အနှောက်အယှက်ပေးလို့ ဘယ်လိုပြောမလဲ ကျနော်တို့ တပ်တွေ၊ သက်ဆိုင်ရာ ဒီမြို့နယ်လုံခြုံရေးတွေ ကိုယ့်ဟာကို သီးသီးခြားခြား သူတို့အနှောက်အယှက်မပေးဖို့ ကိုယ့်ဟာကို လွတ်လွတ်လပ်လပ်နေဖို့ဒီလောက်ဘဲကျနော်တို့ ညွှန်ကြားထားတာရှိတဲ့ အပေါ်မှာ ဒီနိုင်ငံရေးပါတီတွေက သူ့ဟာသူ လွတ်လွတ်လပ်လပ် ကွင်းဆင်းတာတွေဘဲ ရှိတယ်။” လို့ ခူးဘိုးရယ်က ပြောပါတယ်။ ရှားတောမြို့နယ်ဟာ ယခုအချိန်မှာ နိုင်ငံတော်အစိုးရက အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ထားနေဆဲ ဖြစ်ပါတယ်။ […]

မည်သည့်ကတ်ကိုမှ မကိုင်ဆောင်ထားတဲ့သူတွေ ရွေးကောက်ပွဲမှာ မဲထည့်နိုင်ဖို့ မှတ်ပုံတင်လိုအပ်နေတယ်လို့ ပြောပါတယ်။