ကရင်နီသူ NLD မှ အမျိုးသမီးအမတ် ဒေါ်ရှားမူအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မိခင်ပါတီအား ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒေါ်ရှားမူက ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီကနေ ပြန်လည်မရွေးချယ်တော့တဲ့အတွက် ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ဒေါ်ရှားမူက ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ကို ကိုယ်စားပြုပြီးတော့ ကယားပြည်နယ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၅ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့်လို့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြန်လည်အရွေးမခံရတဲ့အတွက် ယခုအခါ တစ်သီးဂ္ဂလကိုယ်စားလှယ်လောင်းအနေနဲ့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၈ အမျိုးသားလွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းခဲ့ပြီး ရွေးကောက်ပွဲကော်မရှင် အတည်ပြုခဲ့တဲ့အတွက် မိခင်ပါတီ NLD အား […]

ခွန်းကလိုင်းဖရီး၊ စိုးထိုက်အောင် ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိ ဟိုယာဒေသမှာ နေထိုင်ကြတဲ့ ပြည်သူတွေက ငြိမ်းချမ်းရေးကို မခံစားကြသေးသလို ဖွံ့ဖြိုးမှုနောက်ကျတာနဲ့ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ ပြောဆိုနေကြပါတယ်။ သူတို့တွေကတော့ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအလွန်မှာ ဒေသတွင်း ပြောင်းအလဲတွေဖြစ်ပေါ် လာမယ်လို့ မျှော်လင့်နေကြပါတယ်။ ဖရူဆိုမြို့နယ်၊ ခါးဘယ်ကျေးရွာမှာ နေထိုင်တဲ့ ဦးဒွန်းအီက “ဒီဒေသမှာ မဖွံ့ဖြိုးသေးတာ လမ်း၊ မီး၊ ရေ စသဖြင့် အဓိက ဒီအချက်အလက်တွေကို မဖွံ့ဖြိုးသေးဘူး။ အားနည်းချက်အများကြီးရှိတယ်။ နောက်မီးဆို ပုံမှန်လည်း မလာဘူး။ လမ်းဆိုလည်း ကောင်းကောင်းမွန်မွန် မရှိခဲ့ဘူး။ ရေဆိုလည်း ကောင်းကောင်းမွန်မွန်မရရှိဘူး။ ပြည့်ဝစွာမခံစားရဘူး။ နိုင်ငံတော်ချပေးသမျှဟူသမျှကလည်း အားလုံးက မပြည့်စုံသေးဘူးလို့ ကျနော်တို့က ခံယူပါတယ်။” လို့ ပြောပါတယ်။ […]

စိုးထိုက်အောင်၊ အန်ထောနီ ရှားတောမြို့နယ် တောင်ပိုင်းမှာတည်ရှိနေတဲ့ ဒေါဝယ်ရော ကျေးရွာလေးကို သွားရောက်ခဲ့မယ်ဆိုရင် အရင်ဆုံးမြင်တွေ့ရမှာကတော့ ဝါးတွေနဲ့တည်ဆောက်ထားတဲ့ ဝါးထရံအိမ်လေးတွေပဲဖြစ်ပါတယ်။ ကျေးရွာအတွင်းမှာ ကယားတိုင်းရင်းသားလူမျိုးစုတွေသာနေထိုင်ကြတာဖြစ်ပါတယ်။ ဒေါဝယ်ရောကျေးရွာမှာနေထိုင်ကြတဲ့ ကယားလူမျိုးတွေက တောင်ယာစပါး၊ ပြောင်း တွေကိုအဓိက စိုက်ပျိုးစားသောက်ကြတာဖြစ်ပြီး ကျွဲ၊ နွား၊ ဝက်တွေကိုလည်း ကျေးရွာရဲ့အိမ်တိုင်းနီးပါး မွေးမြူကြပါတယ်။ ၁၉၉၅-၉၆ခုနှစ်တွေမှာ မြန်မာစစ်တပ်တွေနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ ရှားတောမြို့နယ်က ရွာတော်တော်များများက စစ်ပွဲရဲ့ ကောက်ရိုးမျှင်တစ်စဖြစ်ခဲ့ရပါတယ်။ ရွာကိုမီးရှို့ခံရပြီး ပျက်ဆီးခံခဲ့ရဖူးတဲ့ရွာလည်းဖြစ်ပါတယ်။ မီးရှို့ဖျက်ဆီးခံခဲ့ရချိန်မှာ ကျေးရွာမှာရှိတဲ့ အိမ်တွေအားလုံးမရှိတော့ပေမယ့် ဘုရားကျောင်းတစ်ကျောင်းနဲ့ ကိုယ်တော်တွေနေထိုင်တဲ့အိမ်တစ်လုံးကတော့ မီးရှို့မခံရပဲ ရှိနေခဲ့တယ်လို့ လက်ရှိ ဒေါဝယ်ရောကျေးရွာမှာ သာသနာပြုနေတဲ့ ကိုယ်တော် ဖာသာ ဒေးဗစ်အိုင်ဒေး ကပြောပါတယ်။ “ […]

စိုးထိုက်အောင် အသက် ၂၇ နှစ်အရွယ်သာ ရှိသေးတဲ့ မော်မိုးမြာက ပြည်နယ်အေးချမ်းဖို့နဲ့ လူထုတွေ ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့အတွက်က သူမရဲ့ ဟစ်ကြွေးသံပါ။ “ ငြိမ်းချမ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပါဝင်နိုင်ဖို့ ကျမအနေနဲ့ အရမ်းကို အာသီသ ပြင်းလှပါတယ်။ ကျမကို ကြိုးစားခွင့်ပေးပါ” လို့လည်း လူထုတွေကို တောင်းဆိုထားပါတယ်။ “အမရဲ့ရည်ရွယ်ချက်က ဒီလူငယ်၊ အမျိုးသမီးတွေ၊ တိုင်းရင်းသားအခွင့်အရေးတွေ ပြန်လည်ရရှိဖို့အတွက်ပေါ့နော်။ ပြီးတော့ ကဏ္ဍပေါင်းစုံပါဝင်နိုင်ဖို့အတွက် ဒီရွေးကောက်ပွဲကို ဝင်ရောက်အရွေးချယ်ခံရခြင်းဖြစ်ပါတယ်။” လို့မော်မိုးမြာက ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရတဲ့အဓိက ရည်ရွယ်ချက်ကို ပြောပြပါတယ်။ ၂၀၁၅ ခုနှစ်မှာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ရှားတောမြို့နယ်ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်မဲဆွယ်ခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးနဲ့ မဲဆွယ်စည်းရုံးရေးအတွက် အနီးကပ် ကူညီပေးခဲ့ပြီး ယခု […]

ကရင်နီသူ ခွန်းလွီးဇီငြိမ်း (ခ) ခွန်းဘီထူးဟာ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မှာအဖဦးဇော်ငြိမ်း၊ အမိ ဒေါ်အားသိုင်ကနေ မွေးဖွားခဲ့သူဖြစ်ပြီး ကယန်းတိုင်းရင်းသားတစ်ဦးဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မိဘမဲ့ကျောင်းမှာနေပြီး ကြီးပြင်းလာခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ အထက်တန်းရောက်တော့ ကက်သလစ်ရဟန်းဖြစ်သင်ကျောင်းကိုသွားပြီး ပညာသင်ကြားခဲ့ပါတယ်။ သို့ပေမယ့် အထက်တန်းကျောင်းပြီးတော့ နိုင်ငံရေးဘက်ကိုပဲ အလေးသာတော့ နိုင်ငံရေးဘက်ကို ဝင်ရောက်လေ့လာခဲ့သူပါ။ ပထမဦးဆုံး ၂၀၀၄ ခုနှစ်မှာ ထိုင်းနိုင်ငံမှာဖွင့်လှစ်တဲ့ သင်တန်းတစ်ခုကို တက်နေရင်း နိုင်ငံခြားဆက်ဆံရေးနဲ့ ပတ်သက်တဲ့ကျောင်းတစ်ကျောင်းကို ဆက်လက်တက်ရောက်ခဲ့ပါတယ်။ နိုင်ငံခြားဆက်ဆံရေးနဲ့ ပတ်သက်တဲ့ကျောင်းကိုတက်ပြီး ဥရောပကို အလုပ်သင်စေလွှတ်ခြင်း ခံခဲ့ရပါတယ်။ ပထမဦးဆုံး ထိုင်းနိုင်ငံနယ်စပ်မှာနေထိုင်စဉ်က တိုင်းရင်းသားပေါင်းစုံနဲ့ နေထိုင်ခွင့်ရပြီး ဒေါ်အောင်ဆန်းစုကြည်လွှတ်မြောက်ဖို့အတွက် ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကို အားသွန်ခွန်စိုက် ကြိုးပမ်းမှုမှာ ပါဝင်လုပ်ဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက် ဥရောပကိုရောက်ခဲ့ပြီး ကိုယ့်မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြောင်းတွေကို […]

နော်ဒွေးအယ်ခူ ရွေးကောက်ပွဲကို ၂၀၂၀ နိုဝင်ဘာလမှာ ကျင်းပဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ် ပြန်ထားပြီးနောက် ကယားပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ သော်လည်းကောင်း ကိုယ်စားလှယ်များသော်လည်းကောင်း လူထုများ သိရှိစေရန် အလျင်းသင့်သလို ဖော်ပြပေးမှာဖြစ်ပါတယ်။ လက်ရှိပြည်နယ်အတွင်းမှာကော ပြည်နယ်နဲ့နီးစပ်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာကော ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကယန်းအမျိုးသားပါတီရဲ့ အကြောင်းကို ပြည်သူတွေသိရှိစေဖို့ ကောက်နုတ် ဖော်ပြပေးလိုက်ပါတယ်။ ၂၀၂၀၊ နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ကယား(ကရင်နီ)ပြည်နယ် အပါဝင် ရှမ်း ၊ ကရင် ၊ နေပြည်တော်တို့ဘက်မှာ ကယန်းအမျိုးသားပါတီလည်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တာကြောင့် လက်ရှိမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ဇွန်လအတွင်းမှာ အပြီးသတ်ရွေးချယ်နေပြီဖြစ်ပါတယ်။ ကယား ပြည်နယ်အတွင်းမှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ မဟာမိတ်ဖွဲ့ထားပြီး […]

စိုးထိုက်အောင်၊ အန်ထောနီ ကယားပြည်နယ်မှာ နေထိုင်သူတွေထဲက အစိုးရအသိအမှတ်ပြု ကဒ်ပြားတစ်ခုမှ မကိုင်ဆောင်ထားသူ နှစ်သောင်းဝန်းကျင်ရှိနေပါတယ်။ အဲ့ဒီလူတွေလည်း လာမယ့် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရဖို့အတွက် မှတ်ပုံတင် ကဒ်ပြားထုတ်ပေးဖို့ အစိုးရအနေနဲ့ ဆောင်ရွက်သင့်တယ်လို့ ပြောဆိုနေကြပါတယ်။ ၂၀၁၄ ခုနှစ်မှာ အစိုးရက ကောက်ယူခဲ့တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ ကယားပြည်နယ်အတွင်း နေထိုင်သူတွေထဲမှာ အသက်(၁၀)နှစ်နှင့်အထက် မည်သည့်ကဒ်မှ ကိုင်ဆောင်ထားခြင်းမရှိသူမှာ (၁၉၂၃၈) ယောက် ရှိနေပါတယ်။ ၂၀၁၄ ခုနှစ်မှ ကောက်ယူခဲ့တဲ့အတွက် အခုဆို ၂၀၂၀ ခုနှစ်မှာတော့ အသက် (၁၀)နှစ်အထက် မည်သည့်ကဒ်မှ ကိုင်ဆောင်ထားခြင်းမရှိသူတွေဟာဆိုရင် အသက် ၁၈ နှစ် ပြည့်ပြီးသူတွေပဲ ဖြစ်ကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာလည်း နားမလည်ဘူး၊ ရွေးကောက်ပွဲလည်း မဲမထည့်ဖူးဘူးလို့ […]

၂၀၂၀ ခုနှစ် မေလကုန်အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က Coronavirus Disease 2019 ( COVID-19 ) ကြောင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေး အစီအစဉ်ကို ပြုလုပ်နိုင်ခြင်း မရှိဘဲ ပြန်လည်ကျင်းပမည့် ရက်ကိုပင် ကြေညာနိုင်ခြင်း မရှိသေးပါ။ ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် နောက်ဆုံးပြင်ဆင်ပြီးစီးနေသည့် အခြေအနေကို တရားဝင် မသိကြရပါ။ ယခင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလတွင် ၂၀၁၅ ခုနှစ် ဧပြီလကုန်၌ အခြေခံမဲဆန္ဒရှင် စာရင်းများ ပြုစုပြီး နေပြီဖြစ်သည်။ ၂၀၁၅ ခုနှစ် မေလ ( […]

ယခု ဆောင်းပါးရေးနေချိန် ( ၂၀၂၀ ခုနှစ် ဧပြီလကုန် ) အထိ Coronavirus Disease 2019 ( COVID-19 ) ကြောင့် မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို သတ်မှတ်ကာလ အတိုင်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ကျင်းပနိုင်မည် / မကျင်းပနိုင်မည် အတပ် မပြောနိုင်သေးပေ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတတ်နိုင်ဆုံး သတ်မှတ်ကာလ အတိုင်း ကျင်းပပေးနိုင်ရေး ကြိုးပမ်းမည်ဟု ဆိုသော်ငြား အာဏာရ ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟို ပြန်ကြားရေးကော်မတီ အတွင်းရေးမှူးမှ ၎င်း၏ အမြင်ကို ပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် […]

ယခုလတွင် စာရေးသူ အနေနှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကာလတွင် ကယားပြည်နယ်၌ ရှိလာနိုင်မည့် ခန့်မှန်း လူဦးရေနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ခန့်မှန်း အနေအထားကို အဓိက ဦးတည် ချဉ်းကပ်ရေးသားပါမည်။ လက်ရှိ စာရေးနေချိန် ( ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ) အထိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၀ ခုနှစ် နောက်ဆုံးရ လူဦးရေစာရင်းကို ပြုစုနေဆဲ ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှလည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေကို မထုတ်ပြန်နိုင်သေးပေ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကယားပြည်နယ်၏ အသက် ( ၁၈ ) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေမှာ ( […]