စိုးထိုက်အောင် အသက် ၂၇ နှစ်အရွယ်သာ ရှိသေးတဲ့ မော်မိုးမြာက ပြည်နယ်အေးချမ်းဖို့နဲ့ လူထုတွေ ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့အတွက်က သူမရဲ့ ဟစ်ကြွေးသံပါ။ “ ငြိမ်းချမ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပါဝင်နိုင်ဖို့ ကျမအနေနဲ့ အရမ်းကို အာသီသ ပြင်းလှပါတယ်။ ကျမကို ကြိုးစားခွင့်ပေးပါ” လို့လည်း လူထုတွေကို တောင်းဆိုထားပါတယ်။ “အမရဲ့ရည်ရွယ်ချက်က ဒီလူငယ်၊ အမျိုးသမီးတွေ၊ တိုင်းရင်းသားအခွင့်အရေးတွေ ပြန်လည်ရရှိဖို့အတွက်ပေါ့နော်။ ပြီးတော့ ကဏ္ဍပေါင်းစုံပါဝင်နိုင်ဖို့အတွက် ဒီရွေးကောက်ပွဲကို ဝင်ရောက်အရွေးချယ်ခံရခြင်းဖြစ်ပါတယ်။” လို့မော်မိုးမြာက ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရတဲ့အဓိက ရည်ရွယ်ချက်ကို ပြောပြပါတယ်။ ၂၀၁၅ ခုနှစ်မှာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ရှားတောမြို့နယ်ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်မဲဆွယ်ခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးနဲ့ မဲဆွယ်စည်းရုံးရေးအတွက် အနီးကပ် ကူညီပေးခဲ့ပြီး ယခု […]

ဒွေးအယ်ခူ ၂၀၂၀ ရွေးကောက်ပွဲမှာ ဌာနေတိုင်းရင်းသားတွေအနေနဲ့ ဒေသခံတိုင်းရင်းသားပါတီတွေကိုသာ ဝန်းရံပေးဖို့ တိုင်းရင်းသားပါတီ ကိုယ်ယ်စားလှယ်လောင်းတွေက တိုက်တွန်းပြောကြားလိုက်ပါတယ်။ တိုင်းရင်းသားပါတီတွေအားကောင်းဖို့ ဒေသခံပြည်သူဝန်းရံပေးဖို့လိုတယ်လို့ ကယန်းအမျိုးသားပါတီကနေ ဒီမော့ဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ခွန်းမြင့်နိုင်က ပြောပါတယ်။ ခွန်းမြင့်နိုင်က“ အရေးကြီးတဲ့အတွက်ကြောင့်မလို့ ဒီပါတီက အားကောင်းကောင်းနဲ့ ရုန်းထဖို့လိုနေတဲ့အချိန်မှာ ပြည်သူလူထုက ဝန်းရံအားပေးဖို့လိုပါတယ်။” လို့ ပြောပါတယ်။ ကယားပြည်နယ်မှာ မြို့နယ် ၇ မြို့နယ်၊ မဲဆန္ဒနယ် ၃၄ နေရာရှိတဲ့အထဲမှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက မဲဆန္ဒနယ် နေရာ ၃၀ မှာ ဝင်ပြိုင်သွားမှာဖြစ်ပြီး ကယန်းအမျိုးသားပါတီက ၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အဲဒီ ပါတီနှစ်ခုဟာ မဟာမိတ်ဖွဲ့ထားတဲ့ […]

နိုဝင်ဘာလ(၈)ရက်နေ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကယားပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကနေ ပြည်နယ်တွင်း မြို့နယ် (၇)မြို့နယ်ထဲက မဲဆန္ဒနယ် (၃၄)ရှိတဲ့အနက် (၃၀)နေရာ အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအချို့ရဲ့ရွေးကောက်ပွဲကတိကဝတ်၊ ဒေသလိုအပ်ချက်အတွက် ဆောင်ရွက်ပေးလိုတဲ့ အကြောင်းအရာအချို့ကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။ ခူးမိုက်ကယ်ဘိုးရယ် (ရှားတောမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁))ခူးမိုက်ကယ်ဘိုးရယ်ဟာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကနေ ဝင်ရောက်အရွေးခံမယ့် အသက်အငယ်ဆုံးလူငယ်ကိုယ်စားလှယ်လောင်းဖြစ်ပါတယ်။ ရှားတောဒေသခံဖြစ်တဲ့အတွက်ကြောင့် ဒေသရဲ့လိုအပ်ချက်တွေကို ဆောင်ရွက်သွားပေးချင်တယ်လို့ ဆိုပါတယ်။ “ဒေသရဲ့လိုအပ်ချက်နဲ့အညီ လူထုတွေရဲ့တောင်းဆိုလာတဲ့အကြောင်းအရာတွေကို အစောနပြောခဲ့သလိုပဲ ညီအစ်ကိုစိတ်ထားနဲ့ကျတော်တို့အကောင်းဆုံး ကူညီပေးပြီးတော့မှ လုပ်ဆောင်သွားဖို့ကတိပေးပါတယ်။” ခူးပလုရယ် (ဒီမော့ဆိုမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁))ခူးပလုရယ်ဟာ ဒေသရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ထဲထဲဝင်ဝင်ပါဝင်လုပ်ရှားတဲ့သူဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအပြင် ဌာနေတိုင်းရင်းသားတွေရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကား စတာတွေကို မြှင့်တင်ပေးချင်တယ်လို့ဆိုပါတယ်။ […]

၁။ အမည် – ဦးစောရှောလမုန် လူမျိုး – ကယား ဘာသာ – ခရစ်ယာန် မွေးသက္ကရာဇ် – ၂၈-၃-၁၉၆၈ (၅၂)နှစ် အလုပ်အကိုင် – ကုန်သည် ပညာအရည်အချင်း – (၁၀) တန်း(၈၈ အရေးအခင်း) မွေးရပ်ဇာတိ – ဆိုဘောသဲရွာ၊ဒီးမော့ဆ်ိုမြို့နယ်။ နေရပ်လိပ်စာ – မိုင်း ၁(က) မိုင်းလုံးရပ်ကွက်၊ လွိုင် ကော်မြို့၊ကယားပြည်နယ်။ ကိုယ်စားပြုပါတီ – ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ(KySDP)။ ရွေးကောက်တင်မြောက်ခံမည့်မဲဆန္ဒနယ်- ဘောလခဲ မြို့နယ်၊ ပြည်နယ်လွတ်တော်၊ မဲ ဆန္ဒနယ်အမှတ် (၂)။ ထမ်းဆောင်ခဲ့ဖူးသည့်နိုင်ငံရေး၊လူမှုရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့်အတွေ့အကြုံများ -ကိုးရီးယားနိုင်ငံ(Daewoo shipbuilding & Marine Engineering […]

၁။ အမည် – ဒီးဒီ (ခ) စစ်မုန်းလူမျိုး – ကယောအသက် – ၄၀ နှစ်။အဘအမည် – ဦးမိုင်ကယ်ဘာသာစကားကျွမ်းကျင်မူ – ကယော / မြန်မာ/Englishမွေးရပ်ဇာတိ – ရာဧပရားကျေးရွာ ၊ ဖရှုဆိုမြို့နယ် ။အလုပ်အကိုင် – အမျိုးသားရေး ၊ နိုင်ငံရေး ၊ လူ့အခွင့်အရေး ၊ သဘာ၀ပတ်၀န်ကျင် နှင့် မြေယာအရေးလှုပ်ရှားသူ။ပညာအရည်အချင်း – ၁၀ တန်းအောင် ။၀င်ရောက်ယှဉ်ပြိုင်မည့်နေရာ – ဖရှုဆိုမြို့နယ် ၊ ပြည်သူ့လွှတ်တော်။နိုင်ငံရေးဖြတ်သန်းမူများ –၁။ စစ်အစိုးရလက်ထက်တွင်တွင် အာဏာရှင်ကိုဆန့်ကျင်မူကြောင့် ထောင်ဒဏ် (၃၂) နှစ် ကျခံစေပြီး သမ္မတ ဦးသိန်းစိန်လက်ထက်တွင် လွတ်ငြိမ်းချမ်းသာမူဖြင့်ပြန်လာလွတ်မြောက်လာခဲ့သည်။၂။ […]

၁။ အမည် – နော်မြင့်ထူး အဘအမည် – ဦးအောင်မြင့် အသက် – ၂၈ နှစ် ပညာအရည်အချင်း – နဝမတန်းအောင် အလုပ်အကိုင် – တောင်ယာ လိပ်စာ – ဟိုစဲ့ကျေးရွာ၊ မယ်စဲ့မြို့။ အရွေးခံမည့် မဲဆန္ဒနယ် – ပြည်နယ်လွှတ်တော်(2)၊ မယ်စဲ့မြို့နယ် ရည်ရွယ်ချက် – ကယားပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို ဒေသခံပြည်သူများ နှင့် အတူ အထူးအလေးထားဆောင်ရွက်သွားမည်။ ၂။ အမည် – ဦးကျော်ကျော်ထွန်းအဘအမည် – ဦးထွန်းလှိုင်အသက် -၃၄ နှစ်ပညာအရည်အချင်း – အထက်တန်းအောင်လ်ိပ်စာ – ဟိုစဲ့ကျေးရွာ၊ မယ်စဲ့မြို့အလုပ်အကိုင် – ကွန်ပြူတာမိတ္တူလုပ်ငန်းအရွေးခံမည့် မဲဆန္ဒနယ် – […]

၁။ အမည် – မစုငယ်ထွေး ကယားအမည် – ထျိုးမြာ လူမျိုး – ရှမ်း /ကယား ရွေးချယ်ခံမည့်မဲဆန္ဒနယ် – ဖားဆောင်းမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁ ) ကိုယ်စားပြုပါတီ – ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ပညာအရည်အချင်း – B.Sc Q M.Sc (physics) အလုပ်အကိုင် – ကုန်သည် ပါဝင်လှုပ်ရှားခဲ့သော အဖွဲ့အစည်းများ – ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီအဖွဲ့ဝင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ဖားဆောင်းမြို့နယ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ်နေရာသို့ ဝင်ရောက်အရွေးကောက်ခံရန် သူမအား တာဝန်ပေးခဲ့ပါသည်။ ၂။ အမည် – နော်မာဂရက်စိန် အဘအမည် […]

နိုဝင်ဘာလ (၈) ရက်နေ့ ၊ ၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲမှာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) မှ ဒီးမောဆိုမြို့နယ်တွင် ဝင်ရောက်အရွေးခံယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများကို မိတ်ဆက်ပေးလိုက်ပါတယ်။ ၁။ အမည် – စောခူးတလေ(ခ) ခူး ပိုးရယ် အဘအမည် – ဦးစောဝေးလ်ဘာ အသက် – ၃၅ နှစ် ပညာအရည်အချင်း – LL.B(ဥပဒေ) အလုပ်အကိုင် – တရားလွှတ်တော်ရှေ့နေ လိပ်စာ – သေးဆူလဲရွာ ၊ ဒီးမော့ဆိုမြို့။ အရွေးခံမည့် မဲဆန္ဒနယ် – ပြည့်သူလွှတ်တော်၊ ဒီးမော့ဆိုမြို့နယ်။ ရည်ရွယ်ချက် – ပြည်သူများအတွက် […]

၁။ အမျိုးသမီးပါတီလူငယ် မော်မိုးမြာ ဖြစ်ပါတယ် အမည် – မော်မိုးမြာ အသက် – ၂၇ လူမျိုး – ကယား မဲဆန္ဒနယ် – ရှားတောမြို့နယ်(ပြည်သူ့လွှတ်တော်) ပါတီ – ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ပညာအရည်အချင်း – B.A(Geog) အလုပ်အကိုင် – လယ်ယာ ပါဝင်လှုပ်ရှားခဲ့သော အဖွဲ့အစည်းများ – ကရင်နီအမျိုးသားလူငယ်အစည်းအရုံး(KNYO) ကရင်နီပြည်လူငယ်များသမဂ္ဂ(UKSY) နိုင်ငံရေးလှုပ်ရှားမှု – သူမသည် ၂၀၁၃ ခုနှစ်တွင် ကရင်နီအမျိုးသားလူငယ်အစည်းအရုံး(KNYO)သို့ စတင်ဝင်ရောက်ခဲ့ပြီး ပြည်နယ်တွင်းရှိ လူငယ်နှင့် အမျိုးသမီးတို့၏ အသိပညာမြင့်တင်ရေးအစီအစဥ်များတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ပြည်နယ်ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ကြီးမားသောတက်ရောက်မှုဖြစ်စေနိုင်သည့် အကြီးစားစီမံကိန်းများအား ​စောင့်ကြည့်လေ့လာခြင်းတို့တွင် အချိန်ပြည့်ပါဝင်ဆောင်ရွက်ခဲ့သည်။ […]

၁။ အမည် ဦး စတီဗင် (ခ) ထွန်းထွန်း အဘအမည် – ဦးဂျော်နီ အသက် – ၅၀ နှစ် ပညာအရည်အချင်း – BA (Geo) အလုပ်အကိုင် – ဓာတ်ပုံ နှင့် ဗီဒီယို ရိုက်ကူးရေး လိပ်စာ – နောင်ယား(ခ) ရပ်ကွက်၊ လွိုင်ကော်မြို့။ အရွေးခံမည့် မဲဆန္ဒနယ် – ပြည်နယ်လွှတ်တော်၊ မဲဆန္ဒနယ် (၁)၊ လွိုင်ကော်မြို့နယ် ရည်ရွယ်ချက် -အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး ကို လွှတ်တော်မှ အပြန်အလှန်ထိန်းကျောင်းပေးနိုင်သော ပြည်သူ့ရေးရာ မူဝါဒများကို ဥပဒေပြုရန်။ ——————————————————————————————————- ၂။ အမည် – မော်မာရီထွန်း […]