ခွန်းတူးတူးလေး၊ အန်ထောနီ ရွေးကောက်ပွဲမှာ ပြိုင်ဘက်ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းဖြစ်သူ ဝန်ကြီးဟောင်း ဦးစိုးသိန်းကို အနိုင်ရဖို့ ပြင်ဆင်ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ကိုယ်စားလှယ်လောင်းလည်းဖြစ် သတင်းထောက်ဟောင်းလည်းဖြစ်တဲ့ စိုင်းလင်းလင်းဦးက ပြောပါတယ်။ ၎င်းတို့နှစ်ဦးက ကယားပြည်နယ် ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ “နိုင်အောင်တော့ပြိုင်မှာပဲ။ ကျနော့်အနေနဲ့ သူ့ကို ပုံရိပ်ကြီးတဲ့ ပြိုင်ဖက်လို့သတ်မှတ်ထားတယ်။ ဒါပေမယ့် တစ်ဖက်ကလည်း ကျနော်တို့က အနိုင်ရလဒ်အတွက် ပြိုင်နေကြတဲ့သူတွေပဲလေ။ ဒါကြောင့် ကြုံတွေ့နိုင်တဲ့ စိန်ခေါ်မှုတွေကိုလည်း တော်တော်များများပြင်ဆင်ထားပြီးပါပြီ” လို့ စိုင်းလင်းလင်းဦးကပြော ပါတယ်။ NLD ကိုယ်စားလှယ်လောင်း စိုင်းလင်းလင်းဦးဟာ နည်းပညာနှင့် အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်တဲ့ မော် (မြန်မာ) ကုမ္ပဏီရဲ့ ဥက္ကဌတစ်ဦးဖြစ်ပြီး ကယားပြည်နယ်အခြေစိုက် ကန္တာရဝတ%Eတိ80င်း (မ်) […]