စိုးထိုက်အောင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)ပါတီဟာ ကယားပြည်နယ်အတွင်းမှာရှိတဲ့ မယ်ဆန္ဒနယ်အားလုံးမှာလည်း ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိနေပါတယ်။ ၎င်းပါတီက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ဥက္ကဌ ဖြစ်ပြီးတော့ ၂၀၁၉ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာစတင်တည်ထောင်ခဲ့တဲ့ပါတီဖြစ်ပါတယ်။ ကယားပြည်နယ်မှာတော့ ၂၀၂၀၊ ဇွန်လ ၁ရက်နေ့မှာ ပါတီဝင် ၁၇ဦးနဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ကယားပြည်နယ်ရဲ့ မယ်ဆန္ဒနယ် (၃၄)နေရာလုံးကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ကယားပြည်နယ်မှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို စတင်တည်ထောင်ရတဲ့ရည်ရွယ်ချက်နဲ့ ပါတီရဲ့ ကတိကဝတ်တွေကို ကယားပြည်နယ် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ ဦးထွန်းအေးဟန်နဲ့ တွေ့စုံမေးမြန်းထားပါတယ်။ မေး။ ။ဆရာတို့ရဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ကယားပြည်နယ်မှာစပြီး တည်ထောင်ရတဲ့ရည်ရွယ်ချက်ကို ပြောပြပေးပါ။ ဖြေ။ ။ကျနော်တို့ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ကယားပြည်နယ်မှာ ဘာဖြစ်လို့ကျနော်တို့ဖွဲ့စည်းပြီးတော့ ကျနော်တို့တာဝန်ယူရတာလည်း […]

ကန္တာရဝတီတိုင်း (မ်) ကယန်းအမျိုးသားပါတီဟာ ဒေသခံတိုင်းရင်းသားပါတီတခုဖြစ်ပြီး ကယားဒီမိုကရက်တစ်ပါတီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ပါတီတခုဖြစ်ပါတယ်။ ရွေးကောက်ပွဲ မှာ ပြည်နယ်တွင်းမှာရှိတဲ့ မဲဆန္ဒနယ် ၃၄ နေရာအနက် ကယန်းအမျိုးသားပါတီက ၄ နေရာနဲ့ ကယားဒီမိုကရက်တစ်ပါတီက နေရာ ၃၀ ဝင်ရောက်ယှက်ပြိုင်မှာဖြစ်ပါတယ်။ လာမည့် ရွေးကောက်ပွဲမှာ ခွန်းမြင့်နိုင်က ကယန်းအမျိုးသားပါတီကနေ ဒီးမော့ဆိုမြို့နယ်. မဲဆန္ဒနယ် အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဆရာခွန်းမြင့်နိုင်ကတော့ ကယန်းအမျိုးသားပါတီကနေ ဘာကြောင့် ဒေသခံ တိုင်းရင်းသားပါတီတွေကို မဲပေးသင့်သလဲ၊ ဘာတွေလုပ်ဆောင်သွားမလဲဆိုတာတွေကို တွေ့ဆုံမေးမြန်းထားပါတယ်။ မေး။ ။ ဒေသခံတိုင်းရင်းသားတွေ ဒေသခံပါတီကို မဲပေးကြဖို့အတွက် ဘယ်လိုတို80်တွန်းချင်လဲ။ ဖြေ။ ။၂၀၁၀တော့ ကျနော်တို့ဒေသခံပါတီတွေအလှည့်မရဘူး။ ၂၀၁၅တုန်းကတော့ ကျနော်တို့NLD ကိုလုံး၀ ယုံကြည်မျှော်လင့်ပြီးတော့ပုံအပ်ခဲ့ကြတယ်။ ဒါပေမယ့် […]

နိုဝင်ဘာလ(၈)ရက်နေ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကယားပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကနေ ပြည်နယ်တွင်း မြို့နယ် (၇)မြို့နယ်ထဲက မဲဆန္ဒနယ် (၃၄)ရှိတဲ့အနက် (၃၀)နေရာ အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအချို့ရဲ့ရွေးကောက်ပွဲကတိကဝတ်၊ ဒေသလိုအပ်ချက်အတွက် ဆောင်ရွက်ပေးလိုတဲ့ အကြောင်းအရာအချို့ကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။ ခူးမိုက်ကယ်ဘိုးရယ် (ရှားတောမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁))ခူးမိုက်ကယ်ဘိုးရယ်ဟာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကနေ ဝင်ရောက်အရွေးခံမယ့် အသက်အငယ်ဆုံးလူငယ်ကိုယ်စားလှယ်လောင်းဖြစ်ပါတယ်။ ရှားတောဒေသခံဖြစ်တဲ့အတွက်ကြောင့် ဒေသရဲ့လိုအပ်ချက်တွေကို ဆောင်ရွက်သွားပေးချင်တယ်လို့ ဆိုပါတယ်။ “ဒေသရဲ့လိုအပ်ချက်နဲ့အညီ လူထုတွေရဲ့တောင်းဆိုလာတဲ့အကြောင်းအရာတွေကို အစောနပြောခဲ့သလိုပဲ ညီအစ်ကိုစိတ်ထားနဲ့ကျတော်တို့အကောင်းဆုံး ကူညီပေးပြီးတော့မှ လုပ်ဆောင်သွားဖို့ကတိပေးပါတယ်။” ခူးပလုရယ် (ဒီမော့ဆိုမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁))ခူးပလုရယ်ဟာ ဒေသရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ထဲထဲဝင်ဝင်ပါဝင်လုပ်ရှားတဲ့သူဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအပြင် ဌာနေတိုင်းရင်းသားတွေရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကား စတာတွေကို မြှင့်တင်ပေးချင်တယ်လို့ဆိုပါတယ်။ […]

ဒီးမော့ဆိုမြို့နယ်က စပါးစိုက်တောင်သူတွေက ၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ တောင်သူတွေအတွက် ဘာလုပ်ပေးနိုင်မယ့်အစိုးရကို မျှော်လင့်နေကြသလဲ။ ရွေးကောက်ပွဲမှာ တောင်သူတွေကို ဘယ်လို အကျိုးပြုတဲ့ အစိုးရမျိုး ကိုလိုချင်တာလဲ။ ကိုဒီဝင်း (ဘုရားကုန်းကျေးရွာ)“ စပါးအသစ်ပေါ်တဲ့အချိန်ကြတော့ ဈေးမကိုက်ဘူး။ ဘာရာသီပဲထွက်ထွက် ပဲထွက်ခါစဆိုလည်းပဲဈေးမကောင်းဘူး၊ စပါးထွက်ခါစဆို စပါးဈေးမကောင်းဘူး။ တို့လယ်သမားတွေကတော့ အောက်ဈေးနဲ့ရောင်းပြီးတော့ အကြွေးဆပ်နေရတယ်လေ။… တောင်သူကိုအကျိုးပြုတဲ့အစိုးရပေါ့ လိုချင်တာပေါ့။ အဓိက တောင်သူကို အကျိုးပြုမယ့် ပါတီတစ်ခုခုပေါ့။ ဒါပေမဲ့ ကျတော်တို့အခု ဟိုမာထည့်မှာ ဒီမှာထည့်မှာ မသိဘူး။ ကျတော်တို့ကနေ့တိုင်းလယ်ထဲဆင်းတယ်။” မကေသီဦး (စံပြ ၆မိုင်အုပ်စု၊ ဝမ့်လထွားကျေးရွာ)“ အခုလယ်သမားတွေက အဓိကဒုက္ခရောက်နေတာက ဆန်ရေစပါးက ထွက်တယ်။ အမတို့လုပ်တဲ့စပါးတွေဆို ပစ္စည်းလည်း ကုန်ကြမ်းလည်းထွက်တယ်။ ဒါပေမဲ့ကုန်ကျစာရိတ်မှာကျတော့ တအားများတယ်။ စပါးဈေးတွေက […]

ရွေးကောက်ပွဲဆိုတာကို မယ်စဲ့မြို့နယ် ဟိုစဲ့ကျေးရွာကဒေသခံတွေ ဘယ်လိုနားလည်ထားကြလဲ။ ဘယ်လိုကိုယ်စားလှယ်တွေကို မျှော်လင့်နေကြလဲ။ ဒီအပေါ်မှာ ဟိုစဲ့ကျေးရွာက ဒေသခံတချို့ရဲ့ အသံကို ဖော်ပြပေးလိုက်ပါတယ်။ မယ်စဲ့မြို့နယ်၊ ဟိုစဲ့ကျေးရွာ ဒေါ်သိန်းရင် “ ရွေးကောက်ပွဲက ကျမနားလည်ထားတာကတော့ ရွေးကောက်ပွဲဆိုတာက လူတစ်ဦးတစ်ယောက်ရဲ့လွတ်လပ်ခွင့်၊ လွတ်လပ်စွာနေပိုင်ခွင့်၊ လွတ်လပ်စွာလုပ်ကိုင်ခွင့် အဲ့လိုမျိုးတော့ နားလည်ထားတာပေါ့။ … ဘယ်အစိုးရပဲ နိုင်နိုင်၊ ဘယ်ပါတီပဲ တက်တက်ပေါ့နော် အဓိက ကိုယ့်ရွာမာ၊ ကိုယ့်ရဲ့ဒေသဖွင့်ဖြိုးတိုးတက်အောင်လုပ်ပေးနိုင်တဲ့ လူကိုတော့ ကျမတို့က ရွေးကောက်တင်မြောက်ရမှာပဲလေ။” မောင်အောင်ခိုင်အေး “ရွေးကောက်ပွဲဆိုတာက လူယောက်စေ့တိုင်း လူရယ်လို့ဖြစ်လာပြီဆိုကတည်းက အဲ့ဒီရွေးကောက်ပွဲဆိုတာ အရမ်းကို အရေးကြီးတဲ့ အရာတစ်ခုလို့ကျတော်ထင်ပါတယ်။ နိုင်ငံတစ်နိုင်ငံ၊ ကျေးရွာတစ်ရွာ ပြုပြင်ပြောင်းလဲဖို့ဆိုတာ တော်တော်လေးတော့ အချိန်တွေ အများကြီးလိုအပ်လိမ့်မယ်။ ဒါပေမဲ့တစ်ဖြေးဖြေးတော့ ပြုပြင်ပြောင်းလဲလာတာတွေတော့ […]

ခွန်းကလိုင်းဖရီး ရှမ်း/တောင်၊ ဖယ်ခုံမြို့နယ်၊ အနောက်ကယန်းဒေသမှာ နေထိုင်တဲ့ ဒေသခံတွေက လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒီအစိုးရအပေါ် ဘယ်လိုမြင်သလဲ။ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ သူတို့ ဘာတွေမျှော်လင့်နေကြပါသလဲ။ ဒေသတွင်း ဘိန်းစိုက်ပျိုးမှု လျှော့ချနိုင်ဖို့ ဘာတွေ ပြောဆိုထားကြသလဲဆိုတာတွေနဲ့ပတ်သက်လို့ ကန္တာရဝတီတိုင်း(မ်) ကနေ ဒေသခံလူထုတွေကိုမေးမြန်းကောက်နုတ်တင်ပြထားတာဖြစ်ပါတယ်။ ခွန်းရကောက် (လအိကျေးရွာ၊ ရီနွဲ့ကျေးရွာအုပ်စု၊ ဖယ်ခုံမြို့နယ်)“၂၀၁၅ NLD အစိုးရ ကာလကတော့ ကျနော်တို့ ဒီမှာကတော့ ပြောင်းလဲမှုဆိုတာ သိပ်များများစားစားမရှိပါဘူး။ တချို့လမ်းတွေလောက်ပဲ ပြောင်းလဲသွားတာပေါ့။ တခုကောင်းသွားတာက သူတို့ ပိုပြီးတော့မှ ကွင်းဆင်းလေ့ လာတာတို့ ပိုပြီးတော့မှ ကျနော်တို့ဖက်ကို ရပ်တည်ပေးတယ်။ မလုပ်ပေးနိုင်ရင်တောင်မှ ကျနော်တို့ အခက်အခဲကိုတော့ လာမေးတယ် အဲ့မျိုးပေါ့နော်။ […]

ဘောလခဲမြို့နယ်ထဲမှာနေထိုင်ကြတဲ့သူတွေအများစုဟာ ကယားလူမျိုးတွေနေထိုင်ကြပြီး ကယားလူမျိုး(၅၁၉၄)ဦး၊ ကရင်လူမျိုး (၁၀၄)ဦး၊ ချင်းလူမျိုး(၂၂)၊ ဗမာလူမျိုး(၅၄၃)ဦး၊ ရခိုင်လူမျိုး(၁၄)ဦး၊ ရှမ်းလူမျိုး၂၂၀၉ဦးနှင့် အခြားလူမျိုး(၃)ဦးတို့နေထိုင်ကြပါတယ်။ သူတို့ရဲ့ မဲဆန္ဒနယ်မှာဆိုရင်လက်ရှိ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွင့်ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်(၈)ဦးကျော်သန်း၊ ပြည်သူ့လွှတ်တော် ဦးအေးမောင်၊ တိုင်းရင်းသား/ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် ဦးလှမျိုးဆွေ၊ ပြည်နယ်လွှတ်တော်(၁) ဦးအေးရွှေ၊ ပြည်နယ်လွှတ်တော်(၂) ဦးစိုးရယ် နဲ့ အမျိုးသားလွှတ်တော်(၉) တစ်သီးပုဂ္ဂလ ဦးစိုးသိန်းတို့က အရင် ၂၀၁၅ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ကိုယ်စားလှယ်တွေပဲဖြစ်ပါတယ်။ အခု ဘောလခဲမြို့မှာနေထိုင်ကြတဲ့ သူတွေ လာမည့် ရွေးကောက်ပွဲမှာ ဘယ်လိုကိုယ်စားလှယ်တွေလိုချင်နေကြလဲဆိုတာ တွေနဲ့ပတ်သက်ပြီး စုစည်းတင်ပြလိုက်ပါတယ်။ ကိုဘဲရယ်၊ ရှမ်းစုစည်းရပ်ကွက်“ အပြောတစ်မျိုး အလုပ်တစ်မျိုး မဟုတ်တဲ့ ကိုယ်စားလှယ်ကို လိုချင်တာပေါ့။ ဘာလို့လည်းဆိုတော့ အများဆုံးကတော့ ကျနော်အမြင်နဲ့ပြောမယ်ဆိုရင်တော့ ရွေးကောက်ပွဲနီးလို့ရှိရင် […]

ဖရူဆိုမြို့နယ်အတွင်း မိုနူမနော(ကော်ယော်)လူမျိုးစုတွေ နေထိုင်ကြတဲ့ တော်ခူအုပ်စုထဲက ဒေသခံပြည်သူတွေအနေနဲ့ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဒေသအတွက် ဘယ်လိုကိုယ်စားလှယ်တွေကို အလိုရှိနေကြပါသလဲ။

နော်ဒွေးအယ်ခူ ဖရူဆိုမြို့နယ်အတွင်း မိုနူမနော(ကော်ယော်)လူမျိူးစုတွေ နေထိုင်ကြတဲ့ တော်ခူအုပ်စုထဲက ဒေသခံပြည်သူတွေအနေနဲ့ လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် ၂၀၂၀အထွေထွေရွေးကောက်ပွဲကြီးမှာ ဒေသအတွက် ဘယ်လို ကိုယ်စားလှယ်တွေကို အလိုရှိကြတယ်ဆိုတာနဲ့ပတ်သက်ပြီး ဖော်ပြပေးလိုက်ပါတယ်။ ဦးမိုးဇက်(ပလဲလယ်ကျေးရွာ) လာမယ့်ရွေးကောက်ပွဲမှာ ကျနော်တို့ပြည်သူတွေကတော့ အကောင်းဆုံးပုဂ္ဂိုလ်တစ်ဦးတစ်ဦးအနေနဲ့ပေါ့ အဲလိုလိုချင်တယ်။ ပြည်သူအတွက်ပေးဆပ်နိုင်တဲ့ခေါင်းဆောင်တစ်ဦးပေါ့။ ဒါပေမယ့် ကျနော်တို့ပြည်သူက အဲလိုမျိုးလိုလားသော်လည်းပဲ တက်လာတဲ့လူကြီးတွေလည်း တစ်ခါတစ်လေ ကျနော်တို့ပြည်သူတွေအတွက်တော့ သိပ်ပြီးတော့ မပေးဆပ်နိုင်ဘူးပေါ့။ မပေးဆပ်နိုင်တဲ့အပြင် ပြည်သူ့ကို ဒုက္ခပေးနိုင်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်။ အဲလိုမျိုးခါကျတော့ ကျနော်တို့ပြည်သူတွေက အကောင်းဆုံးအနေနဲ့ တက်လာမယ့် လူကြီးခေါင်းဆောင်များကို ပြည်သူအနေနဲ့ပေးဆပ်နိုင်တဲ့ခေါင်းဆောင်တစ်ဦး အဲလိုမျိုးလိုချင်တယ်။ ဖရန်စစ်စကို (ခေါပရာကျေးရွာ) ရွေးကောက်ပွဲမှာခါကျတော့ ဘယ်အစိုးရပဲတက်လာလာပြည်သူအတွက် ပြည်သူက တောင်းဆိုတဲ့အတိုင်း လုပ်ပေးဖို့ပေါ့နော။ပြီးတော့ အမတ်လောင်းတွေကိုရွေးတဲ့နေရာမှာက ဒေသခံတွေပါရင်တော့ လူမျိုးစုဒေသခံတွေပါရင်တော့ ပိုအဆင်ပြေမယ်။ ဘာဖြစ်လို့လဲဆိုရင် […]

“ ပြည်သူ့အားနဲ့တည်ဆောက်ပြီးတော့မှ ကိုယ့်ပြည်နယ်ကို အုပ်ချုပ်မယ်” လို့ ဆိုလာတဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌဦးဖိုးရယ်နှင့် တွေ့ဆုံမေးမြန်းခြင်း စိုးထိုက်အောင် လာမယ့် နိုဝင်ဘာလ(၈)ရက်နေ့မှာကျင်းပမယ့်၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးမှာ ကယား(ကရင်နီ)ပြည်နယ်အတွင်း မဲဆန္ဒနယ်နေရာ ၃၄ နေရာရှိတဲ့အနက် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကနေ မဲဆန္ဒနယ်နေရာ ၃၀ ကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ၎င်းအကြောင်းအရာနှင့် ပါတီရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဥက္ကဌ ဦးဖိုးရယ်နှင့် တွေ့ဆုံမေးမြန်းထားတာတွေကို ကောက်နုတ်တင်ပြထားပါတယ်။ မေး။ ။ ဆရာတို့ကယားပြည်နယ်ဒီမိုကရက်တစ် ပါတီအနေနဲ့လာမယ့်ရွေးကောက်ပွဲအတွက် ဘာတွေ ပြင်ဆင်ထားတာရှိပြီလဲ။ ဖြေ။ ။ ကျတော်တို့ဒီ ၂၀၂၀ရွေးကောက်ပွဲအတွက်ကတော့ ကျတော်တို့ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ အထူးသဖြင့် ဒီကယားပြည်နယ်နဲ့ ကယန်းဒေသမှာရှိတဲ့ ကျတော်တို့တိုင်းရင်းသားတွေအားလုံးပူူးပေါင်းပြီးတော့မှ ကျတော်တို့ပြင်ဆင်ထားတာရှိတယ်။ အဲ့ဒါကြောင့် ကျတော်တို့ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ကယန်းအမျိုးသားပါတီ ၂ပါတီပူးပေါင်းပြီးတော့မှ […]