ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်များတွင် လိုက်ပါဝန်းရံသူတွေက ဘယ်လိုကိုယ်စားလှယ်တွေ မျှော်လင့်နေကြလဲ… ၂၀၂၀ ရွေးကောက်ပွဲအလွန် နိုင်ငံရေးတွင် တိုင်းရင်းသား ပြည်သူများအရေး ဦးစားပေးလုပ်ဆောင်ပေးမယ့် ကိုယ်စားလှယ်များ ပေါ်ထွန်းလာရန် နိုင်ငံရေးပါတီနှင့် လူမှုရေးလုပ်ငန်း နယ်ပယ်မှ ပုဂ္ဂိုလ်များ၏ အသံများကို ဤဗီဒီယိုမှာ ရှုစားကြရမှာဖြစ်ပါတယ်။

အန်ထောနီ အနိုင်ရခဲ့မယ်ဆိုရင်လည်း ပါတီရဲ့စံငါးချက်အပြင် ပြည်သူတွေရဲ့တစ်ခြားလိုအပ်ချက်တွေကိုလည်း ဆောင်ရွက်ပေးဖို့ဆုံးဖြတ်ထားတယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဘောလခဲမြို့နယ် ပြည်နယ်လွတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှာဝင်ရောက်ယှဉ်ပြိုင်မည့် ဦးကျော်သူရ ကပြောပါတယ်။ ဦးကျော်သူရက “ ပါတီရဲ့ကတိကဝတ်တော့ အကြမ်းဖျင်းကတော့ စံ ၅ ချက်ရှိတယ်ပေါ့။ ဒါပေမယ့် ပါတီရဲ့မူဝါဒကိုလည်း ကျနော်တို့ကသွားသလို နောက်ပြီးတော့ကိုယ့်ရဲ့ကတိကဝတ်ဆိုတာက သီးခြားတော့မရှိပေမယ့် မြန်မာတိုင်းရင်းသားအကုန်လုံးရဲ့ လိုအပ်ချက်များကို ထောက်ပံ့ကူညီသွားမယ်လို့ ကျနော်တို့ကဆုံးဖြတ်ထားပါတယ်။” လို့ပြောပါတယ်။ ဦးကျော်သူရသည် ထာဝရတွဲလက်မြန်မာ ရာသက်ပန်လှုုရှင်ဖြစ်သည်နှင့်အညီ ပြည်သူများရဲ့လိုအပ်ချက်များကို အတွင်းကျကျသိသူတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ “ ကျနော်ကတော့ ဒီဒေသခံတွေရဲ့အတိုင်းအတာမှာ လက်ရှိပေါ့နော် ၂၀၁၀ နဲ့ ၂၀၁၅ မှာ ကိုယ်စားလှယ်တွေ သူတို့ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာ ဘယ်သူးကိုမှတော့ပုတ်ခတ်တာတော့မဟုတ်ဘူး သူတို့ရဲ့လုပ်ဆောင်ချက်တွေကို မကြိုက်တဲ့အတွက်ကြောင့် ကျနော်ပြည်သူ့ရှေ့မှာ […]

မော်ဦးမြာ ၂၀၂၀ မှာ တိုင်းရင်းသားပါတီထဲက ကိုယ်စားလှယ်လောင်းတွေ ဘာကြောင့် အနိုင်ရဖို့လိုတာလဲဆိုတာနဲ့ပတ်သက်လို့ ပညာရေးနှင့် ဖွံ့ဖြိုးရေးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကို တွေ့ဆုံမေးမြန်းထားပါတယ်။ ဦးထူးချစ်က ထိုင်းနိုင်ငံရောက် ရွေ့ပြောင်း အလုပ်သမားတွေအတွက် တန်းတူအခွင့်အရေးရရှိဖို့ကို လုပ်ရှားနေသူတစ်ဦးလည်းဖြစ်ပြီး ကရင်နီ( ကယား) ပြည်နယ်ရဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးကိုလည်း တစိုက်မတ်မတ် လေ့လာခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ မေး ။ ။ မင်္ဂလာပါ ဆရာ။ ဆရာကိုယ်တိုင် တိုင်းရင်းသားပါတီတွေကို လိုက်ပါ ဝန်းရံနေတာကို တွေ့ရတယ်ပေါ့နော။ ဆိုတော့ ဘာကြောင့် တိုင်းရင်းသားပါတီကို ဝန်းရံပါသလဲ။ ဘာကြောင့် တိုင်းရင်းသားပါတီတွေကို မဲထည့်သင့်တယ်လို့ ထင်ပါသလဲ။ ဖြေ ။ ။ အဓိကကတော့ ကျနော်တို့အနေနဲ့ ဒီတိုင်းရင်းသားပါတီတွေကို […]

မီမြာ ရွေးကောက်ပွဲအနိုင်ရရှိရေး ကယားပြည်နယ်အတွင်းမှာ ဒေသအခြေစိုက်ပါတီတွေကော လက်ရှိ အာဏာရ ပါတီတွေကော ထောက်ခံသူတွေအသီးသီးက အင်အားပြစီတန်းလှည့်လည်တာတွေက အပြိုင်အဆိုင်ပါပဲ။ ဒီလိုအင်အားအပြိုင်အဆိုင်နဲ့ ပါတီအသီးသီးကို ဝန်းရံသူနေကြသူတွေကတော့ သူတို့ ယုံကြည်ရာကို ထောက်ခံကြပြီး လိုက်ပါဝန်းရံသွားကြတာကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ရက်နေ့က ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDPနဲ့ ကယန်းအမျိုးသားပါတီ KNP ပါတီစည်းရုံးရေးမှာ လာရောက်ဝန်းရံခဲ့တဲ့သူတွေက ပြည်သူတွေအတွက် မားမားမတ်မတ်ရပ်တည်ပေးမယ့် ကိုယ်စားလှယ်တွေကို အလိုရှိတယ်လို့ ကန္တာရဝတီတိုင်းမ်က လိုက်လံမေးမြန်းရာမှာ ဖြေကြားကြပါတယ်။ ဒီးမောဆိုမြို့နယ်မှာ နေတဲ့ ဦးဂျိုဝါးနီကတော့ “ပြည်သူကိုကာကွယ်ပေးတဲ့ ကိုယ်စားလှယ် မျိုးနောက်ပြီးတော့ ကိုယ်စားလှယ်ဆိုတဲ့ဟာမျိုးဟာလည်း လူထုရဲ့ကိုယ်စားဖြစ်တဲ့အတွက်ကြောင့် အသုံးချခံ ရတဲ့လူထုကိုမဟုတ်ပဲ တကယ်လူထုတွက် မားမားမတ်မတ်ရပ်တည်မယ့် ကိုယ်စားလှယ်မျိုးကိုလိုချင်ပါတယ်။” လို့ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ […]

ထိုင်းနိုင်ငံရောက် ရွေ့ပြောင်း အလုပ်သမားတွေအတွက် တန်းတူအခွင့်အရေးရရှိဖို့ကို လုပ်ရှားနေသူတစ်ဦးလည်းဖြစ်၊ ကရင်နီ(ကယား) ပြည်နယ်ရဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးကိုလည်း တစိုက်မတ်မတ် လေ့လာခဲ့သူတစ်ဦးလည်းဖြစ်တဲ့ ဦးထူးချစ်ရဲ့ ၂၀၂၀ ရွေးကောက်ပွဲအပေါ် သူ့ရဲ့အမြင်ကို တွေ့ဆုံမေးမြန်းထားပါတယ်

လူငယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စိန်ခေါ်မှုတွေ ပြင်ဆင်ထားမှုတွေ၊နိုင်ငံရေးအတွေ့အကြုံတွေနဲ့ပတ်သက်ပြီး ကယားပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ကနေ အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ်လောင်း ခူးမိုက်ကယ်ဘိုးရယ်အား အခုလို တွေ့ဆုံမေးမြန်ဖြစ်ခဲ့ပါတယ်။ ခူးမိုက်ကယ်ဘိုးရယ်က ရှားတောမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ မေး။ ။ ဘာကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံဖြစ်တာလဲ။ ဖြေ။ ။ ဘာလို့အရွေးခံဖြစ်တာလဲဆိုတော့ ကျတော်တို့ရှားတောမြို့နယ်မှာ အရင်ကလုပ်ခဲ့တဲ့ ကိုယ်စားလှယ်အများစုက ဒေသခံတွေမဟုတ်ဘူး။ ဒေသခံတွေမဟုတ်တော့ ဒေသခံတွေအပေါ်မှာထားရှိတဲ့ စိတ်စေတနာတွေ အားနည်းမှုရှိတယ်။ ပြီးတော့သူတို့လုပ်ငန်းတွေကလည်း ဒေသခံလူထုအတွက် အသုံးဝင်မှုအားနည်းတယ်။ အဲဒါကိုအားမရဘူးလေ။ ကျတော်က ဒေသခံလူငယ်တစ်ယောက်လည်းဖြစ်တယ်။ ပါတီကလည်း အဆင်ပြေတယ်ဆိုတော့ အဲဒီထက်သာအောင် ပါတီအင်အားနဲ့လုပ်သွားဖို့အတွက် ဝင်ရောက်အရွေးခံခြင်းဖြစ်တယ်။ မေး။ ။ လူငယ်ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ လက်ရှိကြုံနေရတဲ့စိန်ခေါ်မှုတွေကဘာလဲ။ ဖြေ။ ။ […]

“လက်ရှိလွှတ်တော်အမတ်တို့ နောက်ကယန်းအရေးကို လုပ်ပေးနေတဲ့ ကယန်းဝန်ကြီးတို့တွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေအပေါ်မှာ အားမလို အားမရတာတွေလည်းပါတယ်။ နောက်တစ်ခုကလည်း ကျနော် တို့က ကယန်းတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကယန်းအမျိုးသားနိုင်ငံရေးကို ကိုယ်တိုင်ပါဝင်ပြီး တော့မှ ထမ်းဆောင်ချင်တာလည်းပါတယ်။”

မီမြာ၊ ဦးမြာ ကယားပြည်နယ် ဘောလခဲမြို့ နန်းဖဲသာယာကုန်းရပ်ကွက်မှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP ) ဆိုင်းပုဒ်ဖျက်ဆီးခံရတယ်လို့သိရပါတယ်။ KySDP အနေနဲ့ ပါတီဆိုင်းပုဒ်ဖျက်စီးခံရတာ ပထမဆုံးဖြစ်ပြီးတော့ ဒါဟာ ပါတီကြီးတွေက ပါတီငယ်တွေကို နှောက်ယှက်တာဖြစ်တယ်လို့ KySDP အတွင်းရေးမှူးလည်းဖြစ် လက်ရှိ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးသဲရယ်က ပြောပါတယ်။ “ ကျနော်တို့သုံးသပ်မိသလောက်က ပါတီကြီးတွေက ပါတီငယ်တွေကို လိုက်ပြီးနှောက်ယှက်တာလို့ ကျနော်တို့မြင်တယ်။ ဒီနေ့ဒီအချိန်မှာတော့ ပြိုင်ဆိုင်မှုတွေ ရှိကြတာကို အားလုံးလက်ခံနိုင်ဖို့လိုတယ်။ အခုဟာက ဒီပါတီကမရှိရဘူး။ ငါတို့ဘဲရှိရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ဆိုလို့ရှိရင်တော့ တကယ်လို့ အစိုးရဖြစ်လာတဲ့တစ်နေ့ ကျရင်တော့ ဘယ်လိုလုပ်ကြမလဲ။ ဒါကလဲ အာဏာရှင်ဆန်တုန်းပါဘဲ။ ” လို့ ပြောပါတယ်။ ဖျက်စီးခံရတဲ့ဆိုင်ပုဒ်အနီးမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ( […]

နော်ဒွေးအယ်ခူ ၂၀၂၀ ရွးကောက်ပွဲမှာ ကယားပြည်နယ်ကနေ မဲပေးပိုင်ခွင့်ရှိတဲ့ မသန်စွမ်းဦးရေ ရာနဲ့ချီရှိတယ်လို့ ကယားပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းကပြောပါတယ်။ ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရဲ့ မဲစာရင်းအရပြည်နယ်တစ်ခုလုံးမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ နှစ်သိန်းခုနစ်ထောင်ကျော်ရှိထဲမှာ အမျိုးသမီးမဲဆန္ဒရှင်ဦးရေ ၅၁ ရာခိုင်နှုန်းရှိပြီး ၎င်းအနက် မသန်စွမ်းမဲဆန္ဒရှင် ၆၀၀ ကျော်ရှိပါတယ်။ ဦးကျော်ဆန်းဝင်းက ”ကျနော်တို့ကယားပြည်နယ်မှာက မျက်မမြင်က ၉၀ ဦးရှိတယ်။ နားမကြားတာက ၆၆ ဦးရှိတယ်။ ဆွံ့အက ၇၇ ဦးရှိတယ်။ ကိုယ်အင်္ဂါချို့တဲ့က ၄၃၀ လောက်ရှိတယ်။ အဲထဲမှာမှ ဝှီးချဲအသုံးပြုတဲ့သူက ၅၀ လောက်ရှိတယ်” လို့ပြောပါတယ်။ မသန်စွမ်းအတွက် သီးခြားမဲရုံဆောက်လုပ်ထားခြင်းမရှိပေမယ့်လည်း မသန်စွမ်းတွေ မဲပေးတဲ့အခါ အဆင်ပြေဖို့ မဲရုံမှူးသင်တန်းပို့ချတဲ့အခါ သက်ဆိုင်ရာမဲရုံမှူးတွေ၊ မဲရုံအဖွဲ့ဝင်တွေက မသန်စွမ်းတွေ အဆင်ပြေစွာမဲပေးနိုင်အောင် စီမံဆောင်ရွက်ထားတယ်လို့ […]

နော်ဒွေးအယ်ခူ ဒုတိယအကြိမ်မဲစာရင်းမှာ ကယားပြည်နယ်အတွင်း ဆန္ဒမဲဆန္ဒရှင်ဦးရေ ၆၀၀ ကျော်သာတိုးလာတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံကနေ သိရပါတယ်။ ပထမအကြိမ်မဲစာရင်းမှာ ပုံစံ ၃ နဲ့ လျှောက်ထားသူ ၆၉၅၅ ဦး၊ ပုံစံ (၄) နဲ့ ပယ်ဖျက်သူ ၄၃၆၅ ဦး၊ ပုံစံ (၄-ဂ) နဲ့ အချက်အလက်မှားယွင်းတဲ့အတွက် ပြန်လည်ပြင်ဆင်သူ ၁၀၇၆၅ ဦးရှိတဲ့အထဲက ဒုတိယအကြိမ်မဲစာရင်းမှာ တိုးလာသူဦးရေ ၆၆၀ သာ ရှိနေတာဖြစ်ပါတယ်။ “ဒုတိယအကြိမ်မဲစာရင်းမှာ ဦးရေ ၆၆၀ တိုးတယ်။ မပါသင့်တဲ့သူတွေပါနေလို့ ပုံစံ ၄ နဲ့ဖျက်တာ ၃၀၀ ကျော်လောက်ရှိတယ်”လို့ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက ပြောပါတယ်။ ဒုတိယအကြိမ်မဲစာရင်းထုတ်ပြန်တာကို အောက်တိုဘာ ၁ ရက်ကနေ […]