နော်ဒွေးအယ်ခူ ရွေးကောက်ပွဲကို ၂၀၂၀ နိုဝင်ဘာလမှာ ကျင်းပဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ် ပြန်ထားပြီးနောက် ကယားပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ သော်လည်းကောင်း ကိုယ်စားလှယ်များသော်လည်းကောင်း လူထုများ သိရှိစေရန် အလျင်းသင့်သလို ဖော်ပြပေးမှာဖြစ်ပါတယ်။ လက်ရှိပြည်နယ်အတွင်းမှာကော ပြည်နယ်နဲ့နီးစပ်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာကော ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကယန်းအမျိုးသားပါတီရဲ့ အကြောင်းကို ပြည်သူတွေသိရှိစေဖို့ ကောက်နုတ် ဖော်ပြပေးလိုက်ပါတယ်။ ၂၀၂၀၊ နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ကယား(ကရင်နီ)ပြည်နယ် အပါဝင် ရှမ်း ၊ ကရင် ၊ နေပြည်တော်တို့ဘက်မှာ ကယန်းအမျိုးသားပါတီလည်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တာကြောင့် လက်ရှိမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ဇွန်လအတွင်းမှာ အပြီးသတ်ရွေးချယ်နေပြီဖြစ်ပါတယ်။ ကယား ပြည်နယ်အတွင်းမှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ မဟာမိတ်ဖွဲ့ထားပြီး […]

စိုးထိုက်အောင်၊ အန်ထောနီ ကယားပြည်နယ်မှာ နေထိုင်သူတွေထဲက အစိုးရအသိအမှတ်ပြု ကဒ်ပြားတစ်ခုမှ မကိုင်ဆောင်ထားသူ နှစ်သောင်းဝန်းကျင်ရှိနေပါတယ်။ အဲ့ဒီလူတွေလည်း လာမယ့် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရဖို့အတွက် မှတ်ပုံတင် ကဒ်ပြားထုတ်ပေးဖို့ အစိုးရအနေနဲ့ ဆောင်ရွက်သင့်တယ်လို့ ပြောဆိုနေကြပါတယ်။ ၂၀၁၄ ခုနှစ်မှာ အစိုးရက ကောက်ယူခဲ့တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ ကယားပြည်နယ်အတွင်း နေထိုင်သူတွေထဲမှာ အသက်(၁၀)နှစ်နှင့်အထက် မည်သည့်ကဒ်မှ ကိုင်ဆောင်ထားခြင်းမရှိသူမှာ (၁၉၂၃၈) ယောက် ရှိနေပါတယ်။ ၂၀၁၄ ခုနှစ်မှ ကောက်ယူခဲ့တဲ့အတွက် အခုဆို ၂၀၂၀ ခုနှစ်မှာတော့ အသက် (၁၀)နှစ်အထက် မည်သည့်ကဒ်မှ ကိုင်ဆောင်ထားခြင်းမရှိသူတွေဟာဆိုရင် အသက် ၁၈ နှစ် ပြည့်ပြီးသူတွေပဲ ဖြစ်ကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာလည်း နားမလည်ဘူး၊ ရွေးကောက်ပွဲလည်း မဲမထည့်ဖူးဘူးလို့ […]

အန်ထောနီ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ (၂၀၂၀) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပြည်နယ်အတွင်းကိုယ်စားလှယ်လောင်းနေရာ ၃၀ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိရာ အခုဆိုရင်ပြည်နယ်အတွက် စိတ်ပါဝင်စားတဲ့ ကိုယ်စားလှယ်လောင်းအယောက် ၃၀ ဦးကို အဆိုပြုလွှာခေါ်ယူနေပြီဖြစ်ပါတယ်။ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဥက္ကဌဦးဖိုးရယ်က “ ကျနော်တို့ကတော့ ပညာ အရည်အချင်းကတော့ အဓိကမထားဘူးပေါ့နော် အဓိကကကိုယ့်လူမျိုးအတွက် ကိုယ့်ပြည်နယ်အတွက် တစ်ကယ်စိတ်ဝင်စားပြီးတော့မှ ခြေစွန်ပစ်ပြီးတော့မှ လုပ်နိုင်တဲ့လူကိုကျနော်တို့ဦးစားပေးတယ်ပေါ့နော်။” လို့ပြောပါတယ်။ အခုလိုအဆိုပြုလွှာခေါ်ရခြင်းမှာပါတီအတွင်းပွင့်လင်းမြင်သာမှုရှိစေဖို့နဲ့ အမှန်တစ်ကယ်ပြည်နယ်အကျိုးထမ်းဆောင်နိုင်သူတွေကို ပါဝင်လာနိုင်အောင်လို့ ဆိုပါတယ်။ထိုအဆိုပြုလွာများကိုစိတ်ဝင်စားသူမှန်သမျှဝင်ရာက်လျှောက်ထားနိုင်တယ်လို့ဆိုပါတယ်။ လောလောဆယ်တွင် အဆိုပြုလွာများကို မြို့နယ်အလိုက်ဖြန့်ထားပြီး တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ဖြန့်ထားတာလို့သိရပါတယ်။ လျှောက်ထားသူများက သက်ဆိုင်ရာမြို့နယ်တာဝန်ခံများထံတွင် တင်ပြရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ၎င်းပါတီမှာလက်ရှိ ရှားတောမြို့နယ်ဥက္ကဌဖြစ်ပြီး ဒီမိုကရက်တစ်ပါတီဗဟိုကောင်မတီအဖွဲ့ဝင် ဦးစိုင်းအုန်းမြင့် က လူငယ်တွေကို ဦးစားပေးဝင်ပြိုင်ခိုင်းချင်တယ်လို့ပြောပါတယ်။ “ ကျနော်ကတော့ဝင်မပြိုင်တော့ဘူးလူငယ်တွေကိုဦးစားပေမယ် လူငယ်တွေကတက်ကြွတယ် […]

၂၀၂၀ ခုနှစ် မေလကုန်အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က Coronavirus Disease 2019 ( COVID-19 ) ကြောင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေး အစီအစဉ်ကို ပြုလုပ်နိုင်ခြင်း မရှိဘဲ ပြန်လည်ကျင်းပမည့် ရက်ကိုပင် ကြေညာနိုင်ခြင်း မရှိသေးပါ။ ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် နောက်ဆုံးပြင်ဆင်ပြီးစီးနေသည့် အခြေအနေကို တရားဝင် မသိကြရပါ။ ယခင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလတွင် ၂၀၁၅ ခုနှစ် ဧပြီလကုန်၌ အခြေခံမဲဆန္ဒရှင် စာရင်းများ ပြုစုပြီး နေပြီဖြစ်သည်။ ၂၀၁၅ ခုနှစ် မေလ ( […]

၂၀၂၀ အတွက် မဲပေးနိုင်သူဦးရေအကြမ်းကို ထုတ်ပြန်ကြေညာဖို့ တိုင်းရင်းသားပါတီတွေက တောင်းဆိုနေကြပါတယ်။

စိုးထိုက်အောင် ကယားပြည်နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ် ၃၄ နေရာမှာ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာတော့ ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ကနေ ၇ နေရာဖြင့် ၂၀ ရာခိုင်နှုန်းသာ ရရှိခဲ့ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၄ ဦးစုစုပေါင်း ၇ ဦးဖြစ်ပါတယ်။ ဒီးမော့ဆိုမြို့နယ်အတွင်းမှာတော့ လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ လွှတ်တော်ကိုယ် ၅ နေရာဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ နေရာ ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ နေရာနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ နေရာတို့ကို ဝင်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကယားပြည်နယ်အတွင်းရှိ လက်ရှိအာဏာရပါတီမဟုတ်တဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ စည်းရုံးရေးလုပ်ငန်းတွေကို […]

ယခု ဆောင်းပါးရေးနေချိန် ( ၂၀၂၀ ခုနှစ် ဧပြီလကုန် ) အထိ Coronavirus Disease 2019 ( COVID-19 ) ကြောင့် မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို သတ်မှတ်ကာလ အတိုင်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ကျင်းပနိုင်မည် / မကျင်းပနိုင်မည် အတပ် မပြောနိုင်သေးပေ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတတ်နိုင်ဆုံး သတ်မှတ်ကာလ အတိုင်း ကျင်းပပေးနိုင်ရေး ကြိုးပမ်းမည်ဟု ဆိုသော်ငြား အာဏာရ ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟို ပြန်ကြားရေးကော်မတီ အတွင်းရေးမှူးမှ ၎င်း၏ အမြင်ကို ပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် […]

ယခုလတွင် စာရေးသူ အနေနှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကာလတွင် ကယားပြည်နယ်၌ ရှိလာနိုင်မည့် ခန့်မှန်း လူဦးရေနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ခန့်မှန်း အနေအထားကို အဓိက ဦးတည် ချဉ်းကပ်ရေးသားပါမည်။ လက်ရှိ စာရေးနေချိန် ( ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ) အထိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၀ ခုနှစ် နောက်ဆုံးရ လူဦးရေစာရင်းကို ပြုစုနေဆဲ ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှလည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေကို မထုတ်ပြန်နိုင်သေးပေ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကယားပြည်နယ်၏ အသက် ( ၁၈ ) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေမှာ ( […]

ကျော်ထင်အောင် ရေးသားသည်။ ယခင်အပတ်က စာရေးသူ စကားပလ္လင်ခံထားသလိုပင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို တနိုင်ငံလုံး အတိုင်းအတာထက် ကယားပြည်နယ် အနေအထားကိုသာ အဓိက ဦးတည် ချဉ်းကပ်ရေးသားပါမည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပထမဆုံး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ကယားပြည်နယ် မဲဆန္ဒနယ် ( ၃၄ ) နေရာစလုံး၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ( USDP ) တစ်ပါတီ တည်းသာ အနိုင်ရခဲ့ပါသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) မှ ( ၂၆ ) နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ( […]

ကျော်ထင်အောင် ရေးသားသည်။ စာရေးသူ အနေဖြင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို တနိုင်ငံလုံး အတိုင်းအတာထက် ကယားပြည်နယ် အနေအထားကိုသာ အဓိက ဦးတည် ချဉ်းကပ်ရေးသားမည်ဖြစ်ကြောင်း စကားပလ္လင်ခံလိုပါသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ပြန်ကြည့်ခြင်း ကယားပြည်နယ် တပြည်နယ်လုံးတွင် ပြည်သူလူထုမှ ရွေးကောက်တင်မြောက်ပိုင်ခွင့်ရှိသည့် လွှတ်တော် မဲဆန္ဒနယ် အားလုံးပေါင်း ( ၃၄ ) နေရာ ရှိပါသည်။ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၁၂) နေရာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ( ၇ ) နေရာနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ( ၁၅ ) နေရာတို့ ဖြစ်သည်။ ကယားပြည်နယ်လွှတ်တော် […]