spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

ရှမ်းပြည်တောင်ပိုင်း၊ စန့်စွဲကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးဒရုန်း ၂ စင်း ပစ်ချနိုင်ခဲ့ ဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်က စန့်စွဲကျေးရွာမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဖက်က စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး ဒရုန်း ၂ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ မေလ ၉ ရက်နေ့မှာ ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ(၆)ရက်နေ့ ကစပြီး ညောင်ရွှေမြို့နယ်က စန့်စွဲကျေးရွာဖက်ကို စစ်ကောင်စီက အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာပြီး ဖယ်ခုံ ၁၀၀၆တပ်ရင်း အပါအဝင် မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ မေလ ၉ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးလာခဲ့တဲ့ စန့်စွဲကျေးရွာက ပြည်သူ့နေအိမ်တွေကိုလည်း ၄ ရက်ဆက်တိုက် မီးရှို့ခဲ့ပြီး ပြည်သူ့နေအိမ် ၂၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ညောင်ရွှေမြို့နယ်နဲ့နီးစပ်တဲ့ ဖယ်ခုံမြို့နယ်ဖက်မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပေမယ့် ပြည်သူရှိရာကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ နေ့စဥ်နဲ့အမျှ လုပ်ဆောင်နေတယ်လို့ ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ လက်ရှိတိုက်ပွဲဖြစ်တာတွေမရှိသော်လည်း လက်နက်ကြီး၊ အသေခံဒရုန်းတွေ နေ့စဉ် စစ်ကောင်စီ တွေက တိုက်ခိုက်နေပါတယ်။ တစ်ခါတစ်လေ လက်နက်ကြီးတွေ အသေခံဒရုန်းတွေက ခေါင်းအိရွာသစ်၊ ခေါင်းအိရွာမ စတဲ့ ပြည်သူတွေရှိတဲ့ ဘက်ကိုပစ်ခတ်လေ့ရှိတယ်။ “လို့ ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အရပ်သားရှိရာနေရာကို ဦးတည်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူလည်း ရှိတယ်လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်က ပြောဆိုပါတယ်။

spot_img
spot_img

Recent posts