spot_imgspot_imgspot_imgspot_img
Saturday, June 21, 2025
spot_imgspot_imgspot_imgspot_img

ရှမ်းပြည် တောင်ပိုင်း ရေဖြူကျေးရွာတွင် အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲကို အကျဥ်းချုပ်ပြုလုပ်


ကန္တာရဝတီတိုင်း(မ်)


ရှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ကျောအုပ်စု ရေဖြူကျေးရွာမှာ ကယားရိုးရာ ဒီးကူပွဲကို စက်တင်ဘာလ ၈ ရက်နေ့တွင် အကျဥ်းချုပ်ပြုလုပ်ခဲ့ပါတယ်။

အဲဒိုပေါ်မီ( ခေါ် ) ဒီးကူပွဲကို အကျဉ်းချုပ်ပြုလုပ်တဲ့အတွက် နှစ်စဉ်ပြုလုပ်နေကျ ဗုံးမောင်း တီးသံ၊ ရိုးရာဓလေ့ အက တွေနဲ့  ဆွေမျိုးမိတ်ဆွေတွေကို ဖိတ်ခေါ်တာတွေကို သွားလာရေး ခက်ခဲမှုတွေကြောင်း အနည်းကျဥ်းသာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

“ဒီမှာ နည်းနည်းပါးပါးပဲ လုပ်တယ်ပေါ့။ ပြောရမယ်ဆို ပွဲဖြစ်ယုံပဲပေါ့၊ ဒီမှာကသိပ်မလုပ်ရဲ့ဘူးပေါ့။ သိပ်ကြီးကြီးမားမား မလုပ်ကြဘူး၊ ဒီတိုင်းရိုးရာဖြစ်အောင် နည်းနည်းလုပ်တာပါ။ လောဆယ် အခုထိ ဗုံးမောင်းကို မတီးကြဘူး၊ ကိုယ့်အိမ်နဲ့ကို လုပ်ကြတာမျိုးလားတော့ မသိဘူးပေါ့ အကျဥ်းချုပ်ပဲ ပြုလုပ်လိုက်တော့ အကယ်၍ ဗုံးမောင်းတွေနဲ့ နည်းနည်း တီးရင်တော့ တစ်မျိုးပေါ့၊ အခုတော့ တိတ်ဆိတ်နေတယ်။”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ရှမ်းပြည် တောင်ပိုင်း နောင်ကျောအုပ်စုတွင် ရှမ်း၊ ဗမာ၊ ကယန်း၊ ပအိုဝ်း၊ ကယားလူမျိုးများနေထိုင်ကြသည်ဟု သိရသည်။ အခြေအနေ အမျိုးမျိုးကြောင်း ရိုးရာဓလေ့ပွဲကို ပွဲကြီး ကျင်းပပြုလုပ်တာရှိသလို အကျဉ်းချုပ်ပြုလုပ်ပြီး ရိုးရာဓလေ့ မပပျောက်အောင်လည်း နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။

spot_img
spot_img