spot_imgspot_imgspot_imgspot_img
Sunday, October 13, 2024
spot_imgspot_imgspot_imgspot_img

ရှမ်း-ကရင်နီနယ်စပ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ဦး သေဆုံး၊ ၃ဦးအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က ရှမ်း-ကရင်နီ နယ်စပ်စစ်ဆင်ရေး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား အယောက် ၃၀ သေဆုံးခဲ့ပြီး ၃ ဦးအရှင်ဖမ်းမိခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်နေ့မှာ လွိုင်ကော်ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်(Loikaw Local Pdf)က အသိပေး ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၅ရက်နေ့၊ ၆ရက်နေ့ နဲ့ ၇ရက်နေ့တွေမှာ ၃ ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ လွိုင်ကော်ဒေသပြည်သူ့ ကာကွယ်ရေးတပ်(Loikaw Local PDF) ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“စစ်သုံ့ပန်းကိုလည်း ကျနော်တို့ ဒီ KNDFရဲ့ စစ်သုံ့ပန်း ဌာနကိုပို့ဆောင်ထားလိုက်ပါပြီ ။ စစ်ကောင်စီ အင်အားတော့ ၂နေရာ ၃နေရာလောက်ဖြစ်တော့ များတော့များတာပေါ့နော်။ သူတို့ဖက်က အကျအဆုံး ၂၅/၃၀ လောက်ကျတယ်။ ကျနော်တို့ဖက်တော့ ၄ယောက်လောက်ကျတယ်။ ကျနော်တို့ Local PDFတော့ ကျတာမရှိဘူးပေါ့နော်။ ကျနော်တို့ ရဲဘော် ၃ယောက်ဒဏ်ရာရတယ်။ ၁ယောက်ကတော့ စိုးရိမ်ရတာပေါ့ “လို့ လွိုင်ကော်ဒေသပြည်သူ့ ကာကွယ်ရေးတပ် ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

ဓါတ်ပုံ – Loikaw Local PDF

အဆိုပါ တိုက်ပွဲအတွင်းမှာ လွိုင်ကော်ဒေသပြည်သူ့ ကာကွယ်ရေးတပ် (Loikaw Local PDF) ၊ လွိုင်ကော်ပြည်သူ့ ကာကွယ်ရေးတပ်( Loikaw PDF) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) နဲ့ ရှမ်းတောင် အခြေစိုက်တပ်ဖွဲ့ စတဲ့တပ်ရင်းတွေ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ပါတယ်။

စစ်ဆင်ရေးအတွင်းမှာ စစ်ကောင်စီတပ်တွေ စိုးမိုးထားတဲ့ တပ် ၊ ရဲစခန်း ၊ စခန်းကုန်းတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး လွိုင်ကော်ဒေသပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကာ ၁ ဦး စိုး ရိမ်ရ ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့ပြင် KNDF၊ KNPLF၊ ရှမ်းတောင် အခြေစိုက်တပ်ရင်းတွေဖက်လည်း ထိခိုက် ကျဆုံးမူ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိခိုက်ကျဆုံးမှုအခြေအနေအသေးစိတ်ကိုတော့ သက်ဆိုင်ရာတပ်ဖွဲ့ကနေ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

spot_img
spot_img

Recent posts