spot_imgspot_imgspot_imgspot_img
Tuesday, March 25, 2025
spot_imgspot_imgspot_imgspot_img

ရှားတောမြို့နယ်က ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်နေရာအတွက် သင်ထောက်ကူပစ္စည်းတွေလိုနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ရှားတော မြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတစ်ခုမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းအတွက် သင်ထောက်ကူပစ္စည်းတွေနဲ့ စာ‌ရေး ကိရိယာ လိုအပ်နေတယ်လို့ သိရပါတယ်။

“အခုလောလောဆယ်က စာရေးကိရိယာ တွေ အဓိက လိုအပ်တာပေါ့ တကယ်တမ်းပြောရမယ်ဆိုရင် ရေ အဲ့တာ အဓိက နည်းနည်းလိုအပ်တာပေါ့ ။ ဆရာမ သုံးဖို့မှင်၊ မှင်ချောင်းတို့၊ ကလေးဗလာစာအုပ်တွေပေါ့ ဘောပင်တွေ၊ ခဲတံတွေ အဓိက အဲ့တာတွေလိုတာ။“ လို့ ရှားတောစစ်ရှောင်စခန်းရဲ့ ကျောင်းတာဝန်ခံ ဆရာမ တစ်ဦးက ပြောပါတယ်။

အဆိုပါစာသင်ကျောင်းမှာ မူလတန်းလွန်ကျောင်းဖြစ်ပါတယ်။ KG တန်းကနေ ၅ တန်း အထိဖွင့်လှစ်ထားပြီး မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ ၊ အထွေထွေဘာသာ၊ စာရိတ္တ၊ ဘဝ စတဲ့ဘာသာရပ်တွေကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။

“ပညာရေးပိုင်းခါကျ‌တော့ ဒီစစ်‌ရှောင်မှာတော့ သူတို့ စခန်းနဲ့သူ ပညာရေးက ဖွင့်နေကြပြီး သူတို့ တတ်နိုင်တဲ့ အနေအထားကနေ‌ သူတို့ကတော့ ကျောင်းတွေ ခုဆို ဖွင့်နေကြပြီးပေါ့နော။ စခန်း ၁က တစ်ကျောင်း၊ စခန်း ၃ က တစ်ကျောင်း ၊ စခန်း ၂ က တစ်ကျောင်း ဆိုပြီးတော့မှ သူတို့ ဖွင့်နေကြပြီးပေါ့နော်။ ဒီနှစ်မှာက မူလတန်းအထိ ဖွင့်နိုင်သေးတဲ့ ခြေနေ အနေအထားမျိုးမှာပဲ ရှိနေသေးတယ်ပေါ့နော်” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

အဆိုပါစစ်ရှာင်စခန်းက စာသင်ကျောင်းမှာ ကျောင်းသူ/ကျောင်းသား စုစုပေါင်း ၁၀၀ ဦး ရှိနေပြီး ဆရာ၊ ဆရာမ ၁၀ဦး နဲ့ သင်ကြားပေးနေတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts