spot_imgspot_imgspot_imgspot_img
Tuesday, January 21, 2025
spot_imgspot_imgspot_imgspot_img

ရှေ့တန်းရောက် စစ်မှုထမ်းတပ်သား ၄ ဦး လက်နက်နဲ့အတူ KNDF ထံ ဘက်ပြောင်းခိုလှုံ

Author

Date

Category

ကန္တာရ၀တီတိုင်း (မ်)

စစ်မှုထမ်းဥဒေကြောင့် တပ်သားအဖြစ်စုဆောင်းခံရတဲ့ စစ်ကောင်စီ တပ်သားသစ် ၄ ဦးဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ KNDF ကပြောပါတယ်။

MA-1 သေနတ် ၃ လက်နဲ့အတူ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ခိုလှုံလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဘက်ပြောင်းခိုလှုံလာတဲ့ တပ်သား ၄ ဦးကို KNDF CDM ဌာနမှာ ခေါ်ယူထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ ၎င်းတို့နဲ့ပတ်သတ်ပြီး အခြေအနေ အသေးစိတ်ကို ထပ်မံထုတ်ပြန်သွားမယ်လို့လည်း KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ခံတစ်ဦးကတော့ ကန္တာရဝတီတိုင်း (မ်) က မေးမြန်းရာမှာ အခုလိုပြောပါတယ်။

“‌လောလောဆယ်အသေးစိတ် မပြောနိုင်သေးဘူး။ ဒါနဲ့ပတ်သတ်ပြီး မကြာခင်အသေးစိတ်ထုတ်ပြန်မယ်” လို့ သူက ပြောပါတယ်။

မေလ ၁၀ ရက်နေ့မှာ စတင် အသက်၀င်လာတဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေက လက်ရှိမှာတော့ အပတ်စဥ် ၇ ကို ခေါ်ယူနေပြီ ဖြစ်ပါတယ်။ စစ်ကောင်စီ ထိန်းချုပ်တဲ့ တိုင်း ၊ မြို့နယ်တွေမှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေဟာ အတင်းအကျပ် ဖမ်းဆီးခံရမှုတွေလည်း လတ်တလောမှာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

စစ်ကောင်စီတပ်ရှိတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာတော့ စစ်မှုထမ်းဖို့ နဲ့ ပြည်သူ့လုံခြုံရေးအတွက် သင်တန်းပေးနေပြီလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ KNDF တပ်ရင်းတချို့ကလည်း စစ်ကောင်စီလက်အောက်မှာ မနေလိုတဲ့ သူတွေကို KNDF တပ်ရင်းမှာ တပ်သားအဖြစ်ဝင်ရောက် တာဝန်ထမ်းဆောင်နိုင်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဖိတ်ခေါ်‌နေပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မတပ်သားသစ်အဖြစ် စုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သားသစ်တွေဟာ ကရင်နီပြည်က ရှေ့တန်းတိုက်ပွဲတွေမှာ တွန်းပို့ခံနေရတယ်လို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကိုဖြေကြားဖူးပါတယ်။

spot_img
spot_img
spot_img

Recent posts