spot_imgspot_imgspot_imgspot_img
Sunday, February 16, 2025
spot_imgspot_imgspot_imgspot_img

လက်နက်ကြီးကြောင့် ကလေးငယ် နှစ်ဦး ထိခိုက်ဒဏ်ရာရပြီး တစ်ဦးစိုးရိမ်ရ

CJ / ကန္တာရဝတီတိုင်း(မ်)

ယနေ့(ဇန်နဝါရီလ ၂၆ ) ရက်နေ့မှာ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းရှိ ဒေါတခြားကျေးရွာအတွင်းကို စစ်ကောင်စီမှ ပစ်ခတ်တဲ့လက်နက်ကြီး ၄ လုံး ကျရောက်ခဲ့ပြီး ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကာ တစ်ဦးမှာ စိုးရိမ်ရတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

“ဒီနေ့ ညနေ ၃ နာရီခွဲလောက်မှာ။ ကလေး ယောကျာ်းလေး နှစ်ယောက်ထိသွားတယ်။ အသက်က ၈ နှစ်။ တစ်ယောက်ကတော့ စိုးရိမ်ရတယ်။” လို့ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက ဒေသခံတစ်ဦးက ပြောပါတယ်။

ထိခိုက်သူ ကလေးနှစ်ဦးမှာ အသက် ၈ နှစ်အရွယ် ရှိပြီး တစ်ဦးမှာ လက်မောင်းထိခိုက်ကာ ကျန်တစ်ဦးမှာ ဘယ်ဖက်လက်ဖမိုးထိခိုက်ခဲ့ပါတယ်။ ဒါ့အပြင် လူနေအိမ်ထိခိုက်ပျက်စီးမှုလည်း ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီလအတွင်း ဇန်နဝါရီလ ၁၅ ရက်နေ့မှာလည်း ဒေါတခြားကျေးရွာအတွင်းကို လက်နက်ကြီးကျရောက်ခဲ့ပြီး လူနေအိမ် ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒီးမော့ဆိုမြိုနယ်အတွင်းမှာလည်း ဇန်နဝါရီလ ၂၅ ရက်နေ့ တစ်ရက်အတွင်း စစ်ကောင်စီရဲ့ ငွေတောင်အခြေစိုက် ခလရ (၁၀၂)တပ်ကနေ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို လက်နက်ကြီးအလုံးရေ ၁၀ကြိမ်မနည်း ပစ်ခတ်ခဲ့ပါတယ်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကို လက်နက်ကြီးတွေ မကြာခဏ ပစ်ခတ်လေ့ရှိပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်နေပါတယ်။

spot_img
spot_img