spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

လယ်ကွင်းထဲ လက်နက်ကြီးကျရောက်နေတာကြောင့် မိုးဗြဲတောင်သူတွေ နွေစပါး မရိတ်သိမ်းနိုင်မှာ စိုးရိမ်နေကြ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

နွေစပါးစိုက်ပျိုးထားတဲ့ မိုးဗြဲတောင်သူတွေဟာ လာမယ့်ဇွန်လအတွင်းမှာ စပါးရိတ်သိမ်းဖို့ ပြင်ဆင်ရတော့မှာဖြစ်ပြီး လယ်ကွင်းထဲကို လက်နက်ကြီး မကြာခဏကျရောက်မှုရှိနေတာကြောင့်လည်း နွေစပါးမရိတ်သိမ်းနိုင်မှာကို စိုးရိမ်နေကြပါတယ်။

“လယ်ရိတ်တဲ့ ကာလထဲမှာ တိုက်ပွဲတွေ ကြီးကြီးကျယ်ကျယ် ဖြစ်မယ်ဆိုရင် လယ်ကို ဒီတိုင်းပစ်ထားရမှာပေါ့။ ကျနော်တို့ လုပ်ထားတာလည်း အကုန်လုံးဆုံးရှုံးသွားမှာပေါ့ အခုလိုမျိုး ဒုန်းဒိုင်း ဒုန်းဒိုင်း အသံကြားရတော့ ကျနော်တို့ စိုက်ထားတဲ့လယ်တောင်မှ ကျနော်တို့ ရိတ်သိမ်းနိုင်လား၊ မရိတ်သိမ်းနိုင် မသိဘူး။” လို့ မိုးဗြဲစစ်ရှောင်တောင်သူတစ်ဦးက ပြောပါတယ်။

ဝမ်းရေးအတွက် လယ်ယာစပါးကို အဓိက အားထားစိုက်ပျိုးနေကြရတဲ့ မိုးဗြဲဒေသခံတွေဟာ လက်နက်ကြီးပစ်ခတ်မှုတွေကြားမှာ စိုက်ပျိုးလုပ်ကိုင်နေရတာဖြစ်လို့ အသက်အန္တရာယ် စိုးရိမ်မှုရှိမှာကိုလည်း ပူပန်နေကြရတာပါ။ လက်ရှိမှာတော့ တောင်သူတချို့က မိုးစပါးစိုက်ပျိုးနိုင်ဖို့ ထွန်ယက်နေကြတာလည်း ရှိပါတယ်။

ယမန်နေ့ မေလ ၁၉ ရက်နေ့ ညနေပိုင်း ၅ နာရီအချိန်မှာ စစ်ကောင်စီတပ်ရဲ့ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ကနေ ပစ်ခတ်လာတဲ့ လက်နက်ကြီး ၄ လုံး လယ်ကွင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပါသေးတယ်။

မိုးဗြဲမြို့မှာ တော်လှန်ရေးတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲအတွင်းဖြစ်စေ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားရှိရာနေရာတွေကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တာတွေ မကြာခဏ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts