spot_imgspot_imgspot_imgspot_img
Friday, January 17, 2025
spot_imgspot_imgspot_imgspot_img

လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်း ကို ဖွင့်လှစ်သင်ကြားနေ

Author

Date

Category

အန်ထော်နီ

ကယားပြည်နယ် ဒီးမော့ဆိုမြို့ နယ်ရှိ တောင်သူလယ်သမားတွေအတွက် လယ်ယာသုံးစက်ကိရိယာတွေကို အသုံးပြုတတ်ဖို့ နဲ့ ပြုပြင်နိုင်ဖို့ အတွက် ၁၀ ရက်တာသင်တန်းကို ဒီးမော့ဆိုမြို့ အမှတ် ၈၆ စက်မှု လယ်ယာစခန်းခွဲမှာ သင်ကြားပို့ချနေပါတယ်။

စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှုုး ဦးဇော်လင်း က “ ဒါကြောင့်စက်ကိရိယာတွေ စနစ်တကျကိုင်တွယ်မောင်းနှင်တတ်ဖို့၊ ထိန်းသိန်းကြံ့ခိုင်မှုတွေဆောင်ရွက်နိုင်ဖို့ ဌာနမှလယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးနေရခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီသင်တန်းမှာ လယ်ထွန်စက်၊ စပါးရိတ်စက်၊ ကောက်စိုက်စက်၊ ခြောက်ခံစက်၊ မျိုးစေ့ချ ကိရိယာ၊အမျိုးမျိုးကို မောင်းနှင်ခြင်းနဲ့ ပြုပြင်ထိန်းသိမ်း နည်းလမ်းတွေ အပြင် စက်မှု လယ်ယာ ဖြင့် စနစ်တကျ လယ်ယာဖော်ထုတ်ခြင်း နည်းလမ်းတွေကို ပို့ချမှာဖြစ်ပါတယ်။

“ အခုလိုမျိုးသင်တန်းတက်ထားတော့ ထိန်းသိမ်းနိုင်ရင်ပိုအဆင်ပြေတာပေါ့။ ကျနော်တို့လို စက်မောင်းသမားတစ်ယောက်ဆိုရင် နည်းနည်းပါးပါးနားလည်ထားရင် ပိုအဆင်ပြေတာပေါ့။” လို့ သင်တန်းကိုတက်ရောက်လာသော ငွေတောင်အုပ်စု ညောင်ကုန်းကျေးရွာနေ မောင်ပက်ထရစ် ကပြောပါတယ်။

သြဂုတ်လ ၁၀ ရက်ကနေ ၂၀ ရက်နေ့ အထိ ပို့ချမယ့် သင်တန်းမှာ သင်တန်း သား ၂၀ တက်ရောက်နေပါတယ်။

spot_img
spot_img
spot_img

Recent posts