spot_imgspot_imgspot_imgspot_img
Thursday, April 24, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အကျဉ်းထောင်မှ အကျဉ်းသား ၆၃ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်

Author

Date

Category

နော်ဒွေးအယ်ခူ

မြန်မာ့နှစ်ဆန်း ၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွိုင်ကော်မြို့ရှိ အကျဉ်းထောင်မှ လွတ်မြောက်လာသူ အကျဉ်းသူ၊ အကျဉ်းသား ၆၃ ဦး ရှိကြောင်း လွိုင်ကော်အကျဉ်းဦးစီးဌာနမှ သိရသည်။

လွတ်မြောက်လာသူများတွင် အမျိုးသားစုစုပေါင်း(၅၇)ဦးနှင့် အမျိုးသမီး (၆) ဦး ပါဝင်သည်။

လွိုင်ကော်အကျဉ်းထောင်မှ လွတ်မြောက်ကြသူများတွင် တပ်မတော်အက်ဥပဒေဖြင့် အကျဉ်းကျနေသူ အများဆုံးဖြစ်ပြီး ၃၄ ဦး ရှိသည်။

ထို့အပြင် မူးယစ်ပုဒ်မ ၁၅ နှင့် မူးယစ်ပုဒ်မ ၁၆၊ မူးယစ်ပုဒ်မ ၁၅/၁၆ ဖြင့် အကျဉ်းကျနေသူ ၃၃ ဦးနှင့် ရဲစည်းကမ်းအက်ဖြင့် အကျဉ်းကျနေသူ ၁ ဦးတို့ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သည်။

spot_img
spot_img
spot_img

Recent posts