spot_imgspot_imgspot_imgspot_img
Sunday, June 15, 2025
spot_imgspot_imgspot_imgspot_img

လုံခြုံရေးကြောင့် ကယောအမျိုးသားနေ့ကို အကျဉ်းချုပ်သာကျင်းပခဲ့

မောမော် (ကန္တာရဝတီတိုင်း(မ်))

ဧပြီလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ၅၄ နှစ်မြောက် ကယောအမျိုးသားနေ့ကို ဖရူဆိုမြို့နယ်အတွင်းက ကယောအမျိုးသားကျောက်တိုင် စိုက်ထူထားတဲ့ နေရာမှာ ပြုလုပ်ခဲ့ပါတယ်။
နိုင်ငံရေးအခြေအနေနဲ့ လုံခြုံရေးအနေအထားကြောင့် ဒီနေ့မနက် ၉ နာရီမှ ၁၁ နာရီခွဲအချိန်အထိ အကျဉ်းချုပ်သာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကယောအမျိုးသားလူငယ်တစ်ဦးက “ ဒီတစ်နှစ်ကတော့ အကျဉ်းချုပ်ပဲပေါ့နော။ ခါတိုင်းနှစ်ကျတော့ စည်စည်ကားကားနဲ့ ပြုလုပ်ကြတယ်ပေါ့။ ဒီနှစ်က နိုင်ငံရေးအခြေအနေကြောင့်မို့လို့ အကျဉ်းချုပ်ပဲ ပြုလုပ်ခဲ့တာပေါ့။ လုံခြုံရေးအနေအထားအရလည်း ချင့်ချိန်ပြီး လုပ်ရတဲ့ အနေအထားမျိုးပေါ့။ စစ်ဘေးရှောင်တွေက တချို့လာပါဝင်ပြီးတော့မှ တက်တာတော့ တွေ့တယ်။” လို့ ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ကယောအမျိုးသားနေ့ကို ဒေသခံကယောအမျိုးသားများ၊ စစ်ဘေးရှောင်လာသူ ပြည်သူလူထုများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အခမ်းအနားမှာ ကယောအမျိုးသားမှ သက်ဆိုင်ရာခေါင်းဆောင်များမှ မိန့်ခွန်းပြောကြားခြင်း၊ အမျိုးသားအလံအား အလေးပြုခြင်း၊ သဝဏ်လွှာများ ဖတ်ကြားခြင်း၊ စတဲ့အစီအစဉ်များဖြင့် ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

spot_img
spot_img