spot_imgspot_imgspot_imgspot_img
Friday, December 6, 2024
spot_imgspot_imgspot_imgspot_img

လူမှုစီးပွားရေးထိခိုက်မှုရှိလာပေမယ့် ဆက်လက်ထိန်းချုပ်ရအုံးမည့် ကိုရိုနာဗိုင်းရပ်(စ်)

Author

Date

Category

အန်ထော်နီ

မြန်မာနိုင်ငံမှာတော့ covid 19 ဗိုင်းရပ်ပိုးကို နေရပ်ပြန်သူတွေထဲကနေ မတ်လ ၂၃ ရက်နေ့ ၂၀၂၀ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပြီး တိုင်းနှင့်ပြည်နယ် အားလုံးကူးစက်မှုရှိခဲ့ပေမယ့် ကယားပြည်နယ်ကတော့ covid ကင်းစင်ပြည်နယ်အဖြစ် ယနေ့အချိန်ထိတော့ ကင်းလွတ်နေသေးတယ်လို့ ထုတ်ပြန်ကြေငြာချက်တွေအရ သိရပါတယ်။

ရခိုင်ပြည်နယ်က covid ကူးစက်မှုနှုန်းမြန်ဆန်ပြီးကယားပြည်နယ်တွင်ကူးစက်မှုမရှိသေးပေမယ့် သတိကြီးစွာဖြင့် ကာကွယ်ထားဖို့လိုအပ်နေပါတယ်။ ဒါတွေကိုလည်း သက်ဆိုင်ရာ ကျေးရွာ လူမှုအဖွဲ့စည်းတွေက ကျေးရွာတွေအထိ ရောဂါကူးစက်လာမှာကို ကြောက်ရွံ့နေကြရတယ်လို့ ဒီးမော့ဆိုမြို့နယ် တနီးလာလဲကျေးရွာ CBT(ကျေးရွာအခြေပြုခရီးသွားလုပ်ငန်း ဥက္ကဌ) ဦးတီရယ်ကပြောပါတယ်။

“ဒုတိယတစ်ခေါက်ကတော့ အခုရခိုင်မှာဖြစ်နေခဲ့တဲ့ ပြသာနာက တော်တော်ဆိုးလာတယ်။ အရင်တစ်ခါဖြစ်တုန်းက ကျနော်တို့ကယားပြည်နယ်ကလုံးဝမရောက်ခဲ့ဘူးပေါ့။ ဒီနောက်တစ်ခါဖြစ်လာတော့ ကျနော်တို့ကယားပြည်မရောက်လာဘူးဆိုတာ ပြောလို့မရဘ80း။” လို့ ဦးတီရယ်က ပြောပါတယ်။

ကျေးရွာအခြေပြုခရီးသွားလုပ်ငန်းတွေကို မတ် လပိုင်း ၁၁ ရက်နေ့မှာပဲ ခရီးသွားလာသူတွေကို ပိတ်လိုက်ထားလိုက်ပြီဖြစ်တဲ့အတွက်ကြောင့် တစိမ်းလူဝင်လူထွက်သူတွေတော့ နည်းပါးလာပါတယ်။
COVID ကြောင့် မြန်မာအပါအဝင် တစ်ကမ္ဘာလုံးရှိ လူသားများရဲ့စီးပွားရေးများကျဆင်းလာပြီး အထူးသဖြင့် အခြေခံလူတန်းစားများအတွက် စားဝတ်နေရေးများ အခက်ကြုံလာပါတယ်။

ကုန်ဈေးနှုန်းများထိုးတက်ခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းများကြောင့် အခြေခံလူတန်းစားများအနေဖြင့် COVID ဒဏ်ကိုအလူးအလဲခံစားနေကြရပါတယ်။ အဲဒီထဲမှာမှ ခရီးသွားလုပ်ငန်းလည်း တခုလည်း ဒုက္ခအတိနဲ့ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

“ဒီ covid ကာလတစ်လျှောက်လုံးမှာ ကျမတို့ ပန်ပက်ရဲ့စီးပွားရေးအခြေအနေကတော့ အဓိကကျမတို့က တောင်ယာလုပ်ငန်းလုပ်တယ်၊ စပါးစိုက်တယ် နောက်ပြီးတော့ကျမတို့ကဈေးရောင်းတယ်။ ဒါပေမယ့်အားလုံး covid ကာလတစ်လျှောက်လုံးမှာ ကျမတို့အတွက်အများကြီးအခက်အခဲတွေဖြစ်စေတယ်။ စိတ်ဒုက္ခတွေလည်းရောက်တယ်၊ မိသားစုပြသာနာတွေနဲ့လည်း အများကြီးရင်ဆိုင်နေရတယ်ပေါနော်။” လို့ ပန်ပက်ကျေးရွာမှာနေထိုင်တဲ့ ဒေါ်နှင်းသက်ဖြူက ပြောပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့မှာပဲ ပြည်နယ်အစိုးရကနေ ဈေးတွေကို တစ်ပတ်မှာ ၃ ရက်သာဖွင့်ဖို့ ၊ အထင်ကရနေရာတွေ ထပ်မံပိတ်ပင်လိုက်ပါတယ်။ ဒါ့အပြင် ပြည်တွင်းအဝေးပြေးကားတွေကိုလည်း အချိန်အကန့်အသတ် ရက်အကန့်အသတ်နဲ့ ခရီးထွက်ဖို့ ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

အခုလို လူမှုအကျိုးစီးပွားတွေ ဒုက္ခရောက်နေကြပေမယ့်လည်း ကိုဗစ်ရဲ့ ဒုတိယလှိုင်းမှာ ကူးစက်မှုမဖြစ်ပွားစေဖို့ ကျေးရွာတွေမှာတော့ တတ်နိုင်သလောက် ထိန်းချုပ်ထားကြပါတယ်။

“ ပြောချင်တာကတော့ ရွာသူရွာသားတွေ နောက်ပြီးတော့ကလေးတွေပေါနော် ပိုပြီးတော့ထိန်းချုပ်ရမှာပေါ့။ အရင်ကထက်ပိုပြီးတော့မှ ကြိုးစားပြီးတော့ ထိန်းချုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုကဒုတိယ covid က ပိုမြန်ဆန်ပြီးကြေက်စရာကောင်းတယ်လို့ သတင်းတွေထွက်နေတယ်ပေါ ပိုပြီးစိုးရိမ်ရပါတယ်။” လို့ ဒေါးကလိုးခူကျေးရွာ ဒုတိယအတွင်းရေးမှုုး ဦးဌေးရယ် ကပြောပါတယ်။

Covid ကူးစက်မှုနှုန်းကျသည့်အချိန်ကာလအတွင်း မြန်မာနိုင်ငံတွင် အထက်တန်းကျောင်းများမှစ၍ ပြည်လည်ဖွင့်လှစ်ခဲ့ပေမယ့်လည်း ကြောက်မက်ဖွက်သဏ္ဍာန်ဖြင့် နလန်ထူလာသော covid ကြောင့် မကြာသေးခင်ကပဲ ကျောင်းများအားလုံး ယာယီပိတ်လိုက်ပါတဲ့အတွက်လည်း မိဘတွေအတွက် စိုးရိမ်စိတ်တွေ လျော့ကျစေခဲ့ရပါတယ်။

“ နောက်ထပ်ရောဂါပိုးက ဘယ်လိုလာမလဲမသိသေးဘူး ထပ်လာမယ်ဆိုရင်လည်း အတိအကျထပ်ကိုင်ရမှာပဲလေးနော်။ အဲ့နည်းလမ်းနဲ့ပြန်ကာကွယ်ရမှာပဲ ဘယ်လိုကာကွယ်မလဲဆိုတော့ အဝင်အထွက်ပဲစိုးရိမ်တယ်။ ကလေးကျောင်းသွားကျောင်းပြန်ဆိုလည်း စာသင်လည်းမရ။ စိုးရိမ်တယ်ပေါနော် ကလေးအတွက် ကလေးကျောင်းပိတ်ရင်လည်းကောင်းပါတယ်။ ကျောင်းသွားရင်လည်း လူစုလူဝေးဖြစ်စေတယ်ဆိုတော့ မကောင်းဘူးပေါနော်။ ကလေးတွေအိမ်မှာပဲနေတော့ ပိုကောင်းတယ် အဲ့လိုထင်တယ်။” လို့ တနီးလာလဲကျေးရွာ ဥက္ကဌ ဦးသာရယ် ကပြောပါတယ်။

အခုဆိုရင် covid တိုက်ဖျက်ရေး ဌာနဆိုင်ရာဝန်ထမ်းတွေ အုပ်ချုပ်ရေးမှုးတွေ စတနာ့ဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတာကို မြင်တွေ့နေရပြီး အထူးသဖြင့် မြို့ဝင်ဂိတ်တွေမှာ သေချာစွာစစ်ဆေးလျက်ရှိနေကြပါတယ်။

“ နောက်ပြီးတော့ covid နဲ့ပတ်သက်တဲ့အကြောင်းတွေ mask တွေတပ်ပေးဖို့ ပြည်သူလူထုတွေကိုပြောပေးတယ် အပြင်ထွက်ရင် ကလေးမခေါ်သွားဖို့ပေါနော အဲ့လိုတွေပြောတယ်။ ” လို့ ဒီမေားဆိုမြို့နယ် စေတနာ့ဝန်ထမ်း အဖွဲ့ခေါင်းဆောင် မဂျူဂျူအေး က ၎င်းတို့အဖွဲ့ရဲ့ လှုပ်ရှားမှုအခြေအနေကို ပြောပြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် covid 19 ဆက်လက်မပြန့်ပွားပဲ ရပ်တန့်စေရန်အတွက် အဓိကတာဝန်ရှိသူများမှာ ကျန်းမာရေးဝန်ထမ်းတွေ တစ်ခုတည်းမဟုတ်ပဲ တိုင်သူပြည်သားများအားလုံး တစ်ဦးချင်းစီ လိုက်နာဆောင်ရွက်မှသာလျင် covid ကင်းစင်သော ကယားပြည် အဖြစ်ဆက်လက်ရပ်တည်နိုင်မှာဖြစ်ပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့အထိမြန်မာနိုင်ငံတစ်နိုင်ငံလုံးရဲ့ ကိုဗစ်ရောဂါအခြေအနေကတော့ ဓါတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၂၀၀၉ ဦးအနက် ၁၄ ဦးသေဆုံးပြီး ရောဂါပိုးကင်းစင်လာသူ ၅၅၃ ဦးရှိတယ်လို့ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts