spot_imgspot_imgspot_imgspot_img
Tuesday, September 17, 2024
spot_imgspot_imgspot_imgspot_img

လူသားချင်းဆိုင်ရာအထောက်အပံ့များ ဆက်လက်ကူညီပံ့ပိုးပေးရန် KSCC တောင်းဆို

Photo – KnIC

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အတွင်း ကိုဗစ်ရောဂါအခြေအနေနဲ့ စစ်ရေးတင်းမာမှုကြောင့် စစ်ဘေးရှောင်ပြည်သူအနေနဲ့ မိမိနေရပ်ကို အလုံးစုံပြန်လည်နေထိုင်ခြင်းမရှိသေးတာကြောင့် လူသားချင်းဆိုင်ရာအထောက်အပံ့များ ဆက်လက်ပံ့ပိုးကူညီပေးရန် ကရင်နီအတိုင်ပင်ခံကောင်စီ (KSCC) တောင်းဆိုလိုက်ပါတယ်။

“လူထုတွေနဲ့သွားပြီး စကားပြောတဲ့အချိန်မှာ သူတို့တွေရဲ့တောင်းဆိုချက်က စစ်ဘေးရှောင်မှာမှမဟုတ်ဘူး ကျေးရွာမှာရှိတဲ့ ပြည်သူလူထုကိုယ်၌ကိုယ်က စားဖို့သောက်ဖို့အခက်အခဲတွေပိုပြီး ကြပ်တည်းလာတယ်။ ဆေးဝါးတွေကြပ်တည်းတယ် ငွေကြေးကလည်း စောနကပြောသလို ရှာဖွေလို့မရတဲ့အပေါ်မှာ နောက်ထပ် ၂လ ၃လဆိုရင် ကျတော်တို့အခက်အခဲတွေကြုံတွေ့နိုင်တယ်ဆိုတဲ့ သတ်မှတ်ချက်တစ်ခုလည်းတွေ့ထားတာရှိပါတယ် အဲ့ဒီအတွက်ကြောင့်မလို့ ဒီဟာကို Collage ပုံစံမျိုးပေါ့နော လုပ်ရခြင်းဖြစ်တယ်ပေါ့” လို့ KSCCမှ Humanitarian Focal တစ်ဦးက ပြောပါတယ်။

ကိုဗစ်တတိယလှိုင်းကူးစက်မှုနှုန်း ပျံနှံ့လာတဲ့အတွက် စစ်ဘေးရှောင်စခန်းတွေမှာ ကိုဗစ်ကြိုတင်ကာကွယ်အသုံးအဆောင်အပြင် ဆေးဝါးလိုအပ်ချက်ရှိနေပြီး ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးကလည်း ပြတ်လပ်မှုကို ရောက်ရှိနိုင်ပြီး အခက်တွေကြုံတွေ့နိုင်တဲ့အတွက် အကူအညီတောင်းရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

မေလနဲ့ဇွန်လအတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူလူထုရဲ့ ၃ပုံ ၁ပုံ မှာနေရပ်ပြန်လည်နေထိုင်ကြပြီး ကျန် ၃ပုံ ၁ပုံမှာ ပိုမိုလုံခြုံရတဲ့ အရပ်ကိုပြောင်းရွှေ့နေထိုင်ခြင်း၊ ကျန် ၁ ပုံမှာလည်း လက်ရှိအချိန်ထိ စစ်ဘေးရှောင်ယာယီစခန်း သို့မဟုတ် ကျေးရွာတွေမှာ ဆက်လက်နေထိုင်ကြတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာရောက် ကရင်နီအမျိုးသားများနှင့် မြန်မာနိုင်ငံသားများအား မိမိတို့ တတ်အားတရွေ့ ယခင်ကာလများအတိုင်း လူသားချင်းစာနာထောက်ပံ့မှုများအား ဆက်လက်ပံ့ပိုးပေးရန်၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လူသားချင်းဆိုင်ရာအထောက်အပံ့များအား အလျင်စလိုပံပိုးကူညီပေးရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆိုင်ရာ စီမံချက်များအတွက် ငွေကြေားနှင့်စားနပ်ရိက္ခာမဟုတ်သော ပစ္စည်းကိရိယာများပံပိုးကူညီပေးရန်၊ ရန်ပုံငွေပိုမိုထည့်ဝင်ပေးရန်နှင့် လူထုထံတိုက်ရိုက်ပံ့ပိုးနိုင်သည့် အားကောင်းတဲ့ အရပ်ဖက်အဖွဲ့အစည်းများအား အထူးဦးစားပေးပံ့ပိုးပေးရန် ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“KSCCကနေ နိုင်ငံတကာမှာရောက်နေတဲ့ ကရင်နီလူထုတွေကို ကရင်နီပြည်နယ်သူပြည်နယ်သားတွေပေါ့နော သူတို့ဆီက နိုင်သလောက်ဆိုပြီးမှ သူတို့ထောက်ပံ့လာတဲ့ ထောက်ပံ့မှုက ပွင့်ပွင့်လင်းလင်းပြောရရင် အများဆုံးဖြစ်တယ် မမှားဘူးဆိုရင် ၈၅%ထိက ကျတော်တို့ကရင်နီသူ ပြည်နယ်သားတွေ ပြီးတော့ အဝေးရောက် မြန်မာနိုင်ငံသူ နိုင်ငံသားတွေပေးလာတဲ့ အလှူငွေတွေဖြစ်တယ်” လို့ အဆိုပါ Humanitarian Focal ကဆက်ပြောပါတယ်။

ဒါ့အပြင် UN Agency ဖြစ်တဲ့ UNHCR၊ UNCEF၊ Save the Children၊ WFP၊ ICRC တို့အနေဖြင့် လူသားချင်းဆိုင်ရာထောက်ပံ့မှုများကို ကူညီပံ့ပိုးပေးရန် နှင့် ကာကွယ်မှုအစီအမံများကို အမြန်ဆုံးဖော်ဆောင်ပေးရန်၊ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု အမြန်ဆုံးထိန်းချုပ်ကုသနိုင်ရန် အကာအကွယ်ပစ္စည်းများ၊ ကုသရေးဆိုင်ရာ ဆေးဝါးပစ္စည်းများ၊ ကာကွယ်ဆေးများအား စစ်ဘေးရှောင်ပြည်သူများအနေနဲ့ ဝေးလံခေါင်းပါးတဲ့ဒေသရှိ ပြည်သူလူထုများ လက်လှမ်းမှီနိုင်ရန်အတွက် အထူးစီမံပံ့ပိုးပေးရန် တိုက်တွန်းပန်ကြားထားပါတယ်။

တိုက်ပွဲကြောင့် လွိုင်ကော်အရှေ့မြောက်ဖက်ခြမ်း၊ ဖရူဆိုမြို့နယ် တောင်ဖက်ခြမ်းမှ လူဦးရေ ၁၅၀၀၀ ခန့် စစ်ဘေးရှောင်ဦးရေတိုးလာပြီး အများစုမှာလည်း အိမ်မပြန်နိုင်သေးသလို စစ်ဘေးရှောင် ၁သိန်းဝန်းကျင်ကလည်း မိမိနေရပ်ကို ပြန်လည်အခြေမချနိုင်သေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်မှ ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းရှိရာနဲ့ ကျေးရွာတွေမှာ အင်အားအများအပြားနဲ့ တိုးချဲ့ နယ်မြေရှင်းလင်းရေးလုပ်ပြီး တပ်စွဲခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာဖက် တစ်ဖက်သတ်ပစ်ခတ်ခြင်း လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

spot_img
spot_img