spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

လူဦးရေသောင်းနဲ့ချီရှိတဲ့ ဖားဆောင်းမြို့နယ်မှာ ဆရာဝန်လိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်မှာ လူဦးရေသောင်းနဲ့ချီရှိနေပေမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်တဲ့ ဆရာဝန်မရှိတာကြောင့် ဆေးကုသမှုခံယူရာမှာ အခက်အခဲ အမျိုးမျိုးကြုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖား‌ဆောင်းမြို့နယ်အတွင်းရှိ မော်ချီးဒေသမှာလည်း ဆေးကုသဖို့အတွက် ဆရာဝန်လိုအပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဆရာဝန်တော့လိုချင်တယ်။ မော်ချီးမှာက ရှိကိုရှိသင့်တယ်။ အများကြီးသက်သာမှာ။ ဆေးဖိုးဝါးခ ဈေးကြီးရင်တောင် သက်သာသေးတယ်ပေါ့နော။ ၁၄ (မယ်စဲ့မြို့နယ်) ထိသွားရင်တောင် လမ်းစရိတ်က ၁၀သိန်းဝန်းကျင်ပဲလေ။ ပိုကုန်တာပေါ့” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မော်ချီးဒေသမှာ ဆေးဝါးကုသမှု နဲ့ အထွေထွေဆေးဝါးကုန်ကျငွေအတွက် မတတ်နိုင်တဲ့ လက်လုပ်လက်စား အခြေခံလူတန်းစား လည်း အများအပြားရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖားဆောင်းမြို့နယ်မှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်နဲ့ ကျေးရွာဒေသခံတွေဟာ ရောဂါအခြေအနေအပေါ် မူတည်ပြီး သက်ဆိုင်ရာဆေးခန်းကနေ တိုက်နယ်ဆေးရုံ ဒါမှမဟုတ် မယ်စဲ့ နဲ့ ထိုင်းနိုင်ငံ အထိကို ဆေးကုဖို့ သွားရပါတယ်။ ဒါ့အပြင် တောင်ကြီး၊ ရန်ကုန် အထိ ဆေးကုသဖို့သွားကြသူတွေလည်းရှိတာကြောင့် လမ်းခရီးစရိတ်အပြင် အထွေထွေ ကုန်ကျစရိတ် ကြီးမြှင့်တာကြောင့် အခင်အခဲရှိတယ်လို့ ဆိုပါတယ်။

ဖားဆောင်းမြို့နယ်မှာ စခန်းသိမ်းတိုက်ပွဲတွေ စတင်ဖြစ်လာတဲ့ ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလက စလို့ ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရတာပါ။ ဒါ့အပြင် တိုက်ပွဲအတွင်း ဒဏ်ရာရ တပ်သားတွေကိုလည်း ခွဲစိတ်ကုသပေးနိုင်တဲ့ ဆရာဝန် မရှိဘူးလို့ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO/ကြယ်ဖြူ) အတွင်းရေးမှူး စောသက်စံက ပြောပါတယ်။

“အထွေထွေကုဆရာဝန်ကို ကျနော်တို့လိုအပ်တယ်။ တိုက်နယ်ဆေးရုံဖြစ်ပြီးမှ ဆရာဝန်မရှိဘူးဆိုတော့ အဆင်လဲမပြေဘူး။ ထိုနည်း၎င်းဘဲ ရှေ့တန်းမှာ အနီးစပ်ဆုံး ဖားဆောင်းနယ်မြေမှာ ဖြစ်နေတဲ့နေရာတွေဆိုလို့ရှိရင်လည်း ဆရာဝန်မရှိတဲ့အတွက်ကြောင့် ပို့ဖို့မလိုတဲ့ လူနာတွေလည်း အကုန်လုံးပို့ရတယ်။ ကျနော်တို့မှာ ခွဲစိတ်တတ်တဲ့ ဆရာဝန်တွေ ရှိတယ်ဆိုလို့ရှိရင် ကျနော်တို့ ဒီမှာတဆင့်လုပ်ပြီးမှ အ‌ရေးပေါ်တအားဖြစ်နေတဲ့ လူနာကိုပဲ ပို့ရမှာ။ အခုက ဆရာဝန်မရှိတော့ နဲနဲပါးပါး အစထိရင်လည်း ထိုင်းဖက်ကို ပို့ရတယ်။ အဲ့ကြောင့်အဆင်မပြေဘူး။” လို့ KNSO (ကြယ်ဖြူ) အတွင်းရေးမှူး စောသက်စံကပြောပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ ဖားဆောင်းမြို့နယ်မှာ ဆေးကုဖို့အချိန်မမှီတာကြောင့် အသက်သေဆုံးသွားတဲ့ ဒေသခံတွေလည်း ရှိနေတယ်လို့ ပြောပေမဲ့ အရေအတွက် အတိအကျကိုတော့ ကန္တာရဝတီတိုင်း (မ်) အနေနဲ့ သီးခြားစာရင်းမပြုစုနိုင်ပါဘူး။

၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ ဖားဆောင်းမြို့နယ်မှာ လူဦးရေ ၂၃၀၀၀ ကျော်ရှိပါတယ်။

spot_img
spot_img
spot_img

Recent posts