“မိခင်တစ်ယောက်ရဲ့တာဝန်တွေကိုလည်း ကျေအောင်လုပ်ရတယ်.. နှစ်သုံးဆယ်လုံး ကျွန်မတာဝန်ကျေခဲ့ပြီ။ အခု ကျွန်မရဲ့မြို့၊ ကျွန်မရဲ့နိုင်ငံအတွက် တာဝန်ကျေချင်လို့ နိုင်ငံရေးလောကထဲဝင်တာ”
အန်ထောနီ
အမျိုးသမီးကိုယ်စားလှယ်လောင်းတစ်ဦးရဲ့ ရွေးကောက်ပွဲကာလ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေ နိုင်ငံရေးခံယူချက်နဲ့ အတွေ့အကြုံတွေ လာမည့် လွှတ်တော်သက်တမ်းအတွင်း ဆောင်ရွက်မည့် အစီအစဉ်တွေ ငြိမ်းချမ်းရေးအပေါ် အမြင်သဘောထားနှင့်ပတ်သက်ပြီး နိုင်ငံရေးလောကထဲကို အခုမှ စတင်ဝင်ရောက်လာတဲ့ လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဒေါ်ခင်စန်းဝင်းကို ကန္တာရဝတီတိုင်း(မ်)က တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
မေး – အမျိုးသမီးကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့ရွေးကောက်ပွဲကာလ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံနဲ့ အခက်အခဲများကို ပြောပြပေးစေချင်ပါတယ်။
ဒေါ်ခင်စန်းဝင်း – တစ်ကယ်တမ်းကျတော့ နိုင်ငံရေးအတွေ့အကြုံဆိုတာက ကျွန်မကဆရာမဘဝနဲ့ နှစ် ၃၀ လုပ် သက်ပြည့်ပင်စည်ယူထားတာဆိုပေမဲ့ ဆရာမလုပ်နေစဉ်မှာပဲ နိုင်ငံရေးစိတ်တော့ရှိနေခဲ့တယ်။ လုပ်ချင်တာတွေ ကိုယ့်ပြည်နယ်အတွက်ဖြစ်ချင်တာတွေတော့ရှိတယ်။ နိုင်ငံရေးသီးသန့်အဲ့လိုမျိုးမရှိဘူး ဆိုပေမဲ့ အသင်းအဖွဲ့တွေ မှာပါတာမျိုးပေါ့နော်။ ဥပမာ – မိခင်နဲ့ကလေးတို့ ဘာတို့အဲ့လိုမျိုးတွေပဲရှိတယ်။ တစ်ခြားသီးသန့်နိုင်ငံရေးအ တွက်ဆိုပြီးတော့အဲ့လိုတော့မရှိဘူး။ တာပေမယ့်စိတ်ထဲမှာတော့ ဆန္ဒတော့ရှိတယ်ပေါ့နော်။ အဲ့လိုစာသင်နေရင်းနဲ့ လည်း ကလေးတွေကို ကိုယ့်တိုင်းပြည်ကိုချစ်တတ်အောင်ရယ် ကိုယ့်ရပ်ကိုယ့်မြို့ကိုချစ်တတ်အောင် သင်ပေး တယ်။ ရှင်းရှင်းပြောရင် နိုင်ငံရေးကအကောင်းဆုံးပရဟိတပဲလို့ ကျွန်မခံယူထားတယ်။
မေး – ရွှေးကောက်ပွဲမဲဆွဲကာလတုန်းက ရွေးကောက်ပွဲကတိကဝတ်ကဘာတွေရှိခဲ့လဲ။
ဒေါ်ခင်စန်းဝင်း – ကတိကဝတ်ကျတော့ ကျွန်မကဘယ်လိုလဲဆိုရင်တော့ ကျွန်မအရွေးခံရတာက ပြည်သူ့လွှတ် တော်၊ ပြည်သူ့လွတ်တော်ဆိုတော့ ပြည်သူတွေရဲ့အသံပေါ့နော်။ ပြည်သူတွေရဲ့အသံလိုပြောတဲ့နေရာမှာ ပြည်သူ တစ်ဦး တစ်ယောက်ရဲ့အသံတော့မဟုတ်ဘူး။ ပြည်သူအများစုရဲ့အသံကို နားထောင်မယ်ပေါ့။ နားထောင်ပြီးတော့ ပြည်သူတွေရဲ့ဆန္ဒကိုဖော်ထုတ်ပေးနိုင်တဲ့ ပြည်သူ့လွတ်တော်ကောင်းတစ်ယောက်ဖြစ်အောင် ဖြစ်အောင်လုပ် သွားမယ်လို့ပဲ ကျွန်မကတိပေးခဲ့တယ်။ ဘာတွေလုပ်ပေးပါမယ်လို့ ကျွန်မမပြောဘူး။ ကျွန်မရဲ့ကိုယ်စွမ်းရှိသမျှ ညဏ်စွမ်းရှိသမျှ ကျွန်မပြည်နယ်အတွက် ပေးဆပ်သွားမယ်လို့ပဲ ကတိပေးတယ်ပေါ့နော်။
မေး – နိုင်ငံရေးလေားကထဲကို အခုမှစဝင်လာတော့ ဘယ်လိုစိန်ခေါ်မှုမျိုးတွေကြုံတွေ့ရလဲ။
ဒေါ်ခင်စန်းဝင်း – တစ်ချို့ကျတော့လည်း နိုင်ငံရေးဆိုတာက ဘာသာရပ်တစ်ခုအနေနဲ့သင်ယူလာတာ မျိုးမ ဟုတ်ဘူးလေးနော်။ သူ့လိုင်းနဲ့သူတော့ရှိကြမှာပဲပေါ့နော်။ ဆရာမတစ်ယောက်က ဘာဖြစ်လို့ဒီလိုမျိုးရုတ်တရက် နိုင်ငံရေးလေားကထဲကို လုပ်သက်သုံးဆယ်ပြည့်တာနဲ့ဝင်တာလဲဆိုရင် ကျွန်မမှာက ခံစားချက်တော့ရှိပြီးသား ဖြစ် ချင်တယ်။ လုပ်ချင်တယ်။ ဘဝနဲ့ရင်းပြီးရခဲ့တဲ့ ခံစားချက်တွေက အများကြီးပဲ။ တစ်ချို့ဟာကျတော့ ဆရာမ တစ်ယောက်အနေနဲ့ ကျွန်မရဲ့အလင်းရောင်က ဖရောင်းတိုင်ပဲပေါ့နော်။ ကျွန်မက ဒီထက်မကလုပ်ချင်တယ်။ နောက်တစ်ခုကျတာ့ အမျိုးသမီးတစ်ယောက်အနေနဲ့ပေးဆပ်ရတယ်ပေါ့။ လုပ်ချင်တိုင်း လုပ်လို့ မရဘူး။ ၂၀၁၅ ကတည်းကလုပ်မယ်ဆိုရင်တောင်မှ ကျွန်မသားတွေက ကျောင်းမပြီးသေးဘူးပေါ့နော်။ အဲ့လိုတွေ လည်းရှိသေး တယ်ဆိုတော့ မိခင်တစ်ယောက်ရဲ့တာဝန်တွေကိုလည်း ကျေအောင်လုပ်ရတယ်။ ကိုယ့်ကိုယ် ကိုဘယ်လိုသုံး သပ်လဲဆိုရင်တော့ နှစ်သုံးဆယ်လုံး ကျွန်မတာဝန်ကျေခဲ့ပြီ။ အခုကျွန်မရဲ့မြို့၊ ကျွန်မရဲ့နိုင်ငံအတွက် တာဝန်ကျေ ချင်လို့ နိုင်ငံရေးလောကထဲဝင်တာ။ အဲ့ဒီအပေါ်မှာလည်း ကျွန်မအပေါ်သုံးသပ် ချက်တွေတော့ရှိတယ်ပေါ့ နော်။ အဲ့လိုမျိုးတွေတော့ကြုံရတယ်။
မေး – လွိုင်ကော်မြို့နယ်ထဲက အရပ်ဖက်အဖွဲ့အစည်းတော်တော်များများကန့်ကွက်နေကြတဲ့ သတ္တုစက်ရုံ ကိစ္စနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုးအစီအမံတွေနဲ့လုပ်ဆောင်သွားဖို့ရှိလဲ။
ဒေါ်ခင်စန်းဝင်း – အဲ့ဒီစက်ရုံနဲ့ပတ်သက်ပြီးတော့မှ ကျွန်မတို့မဲဆွယ်တုန်းကလည်းမေးတယ်။ လူငယ်လူရွယ်တွေ အလုပ်အကိုင်အခွင့်အလမ်း မရှိဘူးလို့ပြောကြတယ်ပေါ့နော်။ အဲ့တော့အလုပ်အကိုင်အခွင့် အလမ်းရှိဖို့အတွက် ဆိုတာ စက်ရုံအလုပ်ရုံဆိုတာလိုကိုးလိုအပ်တယ်။ အခုခဲတွေကဒီအတိုင်းရောင်းနေတာနဲ့စာရင် သန့်စင်ပြီးတော့ ရောင်းလိုက်ရင် တိုင်းပြည်အတွက်ဝင်ငွေပိုရမယ်။ သို့သော်စက်ရုံတစ်ခုဆောက်ပြီဆိုရင် ဒီစက်ရုံကနေပြီးတော့ အလုပ်သမားဘယ်လောက်အလုပ်အကျွေးပြုနိုင်လဲ။ နိုင်ငံတော်အတွက်ဘယ်လောက်အထောက်အပံဖြစ်နိုင်လဲ။ သူရဲ့ကောင်းကျိုးတွေရှိသလို ဘာဆိုးကျိုးတွေရှိနိုင်လဲပေါ့။ အဲ့တာတွေကို ပြည်သူတွေသိအောင်တရားဝင် ချပြရမယ်လို့ ကျွန်မသဘေားပေါက်တယ်။ တစ်ကယ်တမ်းကျတော့ လူတွေကအော်နေကြတယ်။ အလုပ်အကိုင် အခွင့်အလမ်းမရှိဘူးဆိုပြီးတော့ စက်ရုံဆိုတာကတော့ ကျွန်မအတွေးကိုပြောရရင်လိုအပ်တယ်။ ဘာလိုလဲဆိုရင် ဒီလိုအကြမ်းထည်တွေပဲရောင်းတာနဲ့ အခုလိုသန့်စင်ပြီးတော့ရောင်းရင်တော့ အကျိုးအမြတ်ပိုဖြစ်နိုင်တယ်။ ဒါပေ မယ့်ဘာတွေဖြစ်လာနိုင်လဲ၊ ကောင်းကျိုးကဘာတွေရှိလဲ၊ ဆိုးကျိုးကဘာတွေရှိလဲဆိုတာကို ပြည်သူတွေကိုတ ရားဝင်ချပြရမယ်ပေါ့။
မေး – အမျိုးသမီးအရေးနဲ့ပတ်သက်ပြီတော့ ဘာတွေဆောင်ရွက်သွားဖို့ရှိလဲ။
ဒေါ်ခင်စန်းဝင်း – အဲ့တာကတော့ ခုနကပြောသလိုမျိး အမျိုးသမီးတွေရဲ့အသံကိုနား ထောင်တဲ့နေရာမှာ အများ ကြီးအကူအညီယူရမယ်။ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့အကူအညီကိုလည်းယူရမယ်။ နောက်ပြီးတော့ နားနဲ့နား ထောင်သလို နှလုံးသားနဲ့လည်းနားထောင်ရမယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ ကျွန်မကိုယ်တိုင်ကလည်း အမျိုး သမီး တစ်ယောက်ဖြစ်တယ်။ မိခင်တစ်ယောက်ဖြစ်တယ်။ နားထောင်ပြီးတော့မှ ကျွန်မလုပ်ပေးနိင်တဲ့အ ပိုင်း ပေါ့နော်။ နောက်တစ်ခုအားကောင်းတာက ပြည်နယ်လွတ်တော်ကနေပြီးတောမှ သူတို့တွေစီမံကိန်း တွေချမယ်။ ဗျူဟာတွေဆွဲပြီးတော့မှ တက်လာတဲ့အခါမှာ ကျွန်မကအဲ့ဒီဟာကိုယူပြီးတော့မှ တစ်ကယ်လို့ပြည် နယ်အဆင့်နဲ့ မပြီးဘူး။ တစ်ကယ်လိုအပ်တယ်ဆိုရင် ပြည်ထောင်စုအဆင့်မှာအမျိုးသမီးအရေးအတွက် ရပ်တည်သွားမယ်။ ကျွန်မလုပ်နိုင်တဲ့အပိုင်းပေါ့။ ကျွန်မကတော့ ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ် အဲ့လိုတော့မပြောလိုဘူး။ ကျွန်မတို့ကို စောင့်ကြည့်ပေးပါ။ ယုံကြည်ပေးပါ။ ကျွန်မတို့ကိုယ်စွမ်းရှိသမျှ ညဏ်စွမ်းရှိသမျ ကိုယ့်ပြည် နယ်အတွက် ကြိုးစားထမ်းဆောင်သွားမှာပါ။
မေး – ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးလုပ်ဆောင်သွားဖို့ရှိလား။
ဒေါ်ခင်စန်းဝင်း – ရှိတယ်။ အဲ့တာက ကျွန်မအလုပ်ချင်ဆုံးဆန္ဒပဲ။ ဘာလို့လဲဆိုရင် ကျွန်မတို့က မငြိမ်းချမ်းတဲ့ဒဏ် ကို ဘဝနဲ့ရင်းပြီးတော့ခံခဲ့ရတယ်။ အဲ့တော့ကိုယ့်ကယားပြည်နယ်ကို အရမ်းနဲ့ငြိမ်းချမ်းစေချင်တယ်။ တစ်ခါတစ် လေကျတော့လည်း သဘေားပေါက်တာက အယူအဆတွေမတူကြဘူး။ မတူကြဘူးဆိုတဲ့နေရာမှာ ကျွန်မတစ် ယောက် တည်းအမြင်နဲ့ပဲပြောမယ်ဆိုရင် အယူအဆတူအောင် ညိုနှိုင်းပြီးတော့ အဖြေရှာပြီးတော့မှ တစ်ကယ် ကိုငြိမ်းချမ်းသွားတဲ့ ပြည်နယ်တစ်ခုဖြစ်အောင် ကျွန်မဘာလုပ်ပေးနိုင်မလဲ။ တစ်ထောင့်တစ်နေရာလုပ်ပေးနိုင် ရင်လည်း ကြိုးစားပြီးတော့မှ ထမ်းဆောင်ပေးမှာပေါ့။ ကျွန်မတစ်ယောက်တည်းနဲ့တော့ စွမ်းဆောင်လို့မရပါဘူး။ ဒီငြိမ်းချမ်းရေးရဖို့ဆိုရင်တော့ တစ်ဦးတစ်ယောက်စီတိုင်းမှာလည်း တာဝန်ရှိတယ်ပေါ့နော်။ တစ်ကယ်လို့သာ ကျွန်မတို့ကယားပြည်နယ်က ရာသီဥတုအရရော နောက်ပြီးတော့ သဘာဝရှုခင်းတွေအရရော ခရီးသွားတွေ အ ရမ်းမျက်စိကျတယ်။ တစ်ကယ်လို့သာ ကျွန်မတို့ကယားပြည်နယ်ကငြိမ်းချမ်းသွားပြီဆိုရင် ဒီးထက်တိုး တက်ဖို့ ပဲရှိတယ်။ သာယာဖို့ပဲရှိတယ်။ ပြီးတော့ဒီငြိမ်းချမ်းရေးက မငြိမ်းချမ်းတဲ့ဒဏ် အဓိကကို ပြည်သူလူထုတွေက ခံရ တာ။ အထူးသဖြင့်အမျိုးသမီးတွေပေါ့။ သူတို့တွေရဲ့လုံခြုံနွေးထွေးတဲ့နေရာပေါ့နော်။ စိတ်းချမ်းသာစွာနဲ့နေနိုင်ဖို့။ တစ်ကယ်တော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ငြိမ်ချမ်းစေချင်တယ်။ ဒါပေမယ့်လည်း ကိုယ်နေတဲ့ပြည်နယ်အ တိုင်းအတာနဲ့ ငြိမ်းချမ်းစေချင်တဲ့ဆန္ဒကတော့ ကျွန်မမှာအပြည့်ရှိတယ်။ ကျွန်မဘယ်နေရာကနေထမ်းဆောင်ရမ လဲ။ အဲ့တာက ကျွန်မတစ်ယောက်တည်းထမ်းဆောင်လို့မရဘူး။ အကုန်လုံးနဲ့သက်ဆိုင်တယ်ပေါ့နော်။ ခုနကပြော တဲ့ KNPP တို့နဲ့လည်း အယူအဆတွေပေါ့နော်။ ညိုနိုင်းအဖြေရှာပေါ့။ နိုင်ငံရေးအရညှိနှိုင်းနိုင်မယ် အဖြေရှာနိုင် မယ်ဆိုရင်တော့ ကျွန်မတို့ကယားပြည်နယ်က ငြိမ်းချမ်းလာမယ်လို့ ထင်ပါတယ်။
မေး – တခြားဖြည့်စွက်ပြောချင်တာရှိရင် ဖြည့်စွက်ပြောကြားနိုင်ပါတယ်။
ဒေါ်ခင်စန်းဝင်း – တစ်ခြားဘာပြောပြချင်လဲဆိုရင်တာ့ ကျမကနိုင်ငံရေးလောကထဲဝင်တယ်။ ပြည်သူ့လွှတ် တော်မှာ ဝင်တယ်ဆိုတာ တစ်ကယ်ကိုပေးဆပ်ချင်တဲ့စိတ်နဲ့ ကိုယ့်ပြည်နယ်ကိုချစ်လို့ တိုးတက်စေချင်လို့။ သို့ သော်ခုနကပြောသလိုမျိုးပေါ့။ ကျွန်မနိုင်ငံရေးအတွေ့အကြုံဘာလုပ်ဖူးလဲပေါ့။ ဆိုတော့နိုင်ငံရေးဆိုတာ အ ကောင်းဆုံး ပရဟိတ။ ကိုယ့်မှာစိတ်စေတနာရှိနေပြီ ကျန်တာက သင်ယူလို့ရတယ်။ လေ့လာလို့ရတယ်။ ကျွန်မကြိုးစားသွားမယ်ပေါ့။ အဲ့တာလေးတော့ပြောချင်တယ်ပေါ့။ တစ်ချိုကျတော့လည်း ဆရာမတစ် ယောက်ဖြစ်ပြီးတော့ နိုင်ငံရေးလေားကထဲဝင်လာတယ်။ လုပ်နိုင်ပါ့မလားဆိုတဲ့ဟာမျိုး။ ကျွန်မကလုပ်နိုင်မယ် ထင်လို့ ဝင်လာတယ်ပေါ့နော်။ အများကြီးကျွန်မကြိုးစားမယ်။ သူများတစ်လှမ်းလှမ်းရင် ကျွန်မဆယ်လှမ်းလှမ်းရ မယ်။ ဘာဖြစ်လို့လဲ ကိုယ်ချစ်တဲ့ကိုယ့်ရဲ့ပြည်နယ်တိုးတက်စေချင်လို့ပေါ့နော်။ ပြည်နယ်တစ်ခုတည်းချစ်တာမ ဟုတ်ဘူး။ ကျွန်မရဲ့နိုင်ငံကိုလည်းချစ်တယ်။ အဲ့ဒီအတွက်ကျွန်မတစ်ထောင့်တစ်နေရာကနေ တာဝန်ကျေချင်လို့ နိုင်ငံရေးလေားကထဲကို ဝင်လာတာလို့ပြောချင်ပါတယ်။