spot_imgspot_imgspot_imgspot_img
Tuesday, May 20, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့တွင်းက ဘီလူးချောင်းမှာ သေနေတဲ့ငါးပုပ်တွေ မျှောပါလာ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ လွိုင်ကော်မြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ ဘီလူးချောင်းမှာ သေနေတဲ့ငါးပုပ်တွေ မျှောပါလာတယ်ကို တွေ့ရှိရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ဒီရက်ပိုင်း ငါးအသေတွေ ခပ်စိတ်စိတ်လေး မျှောနေတာတွေ တွေ့နေတယ်။ မျှောလာတာ အပုပ်တွေကြီးပဲ ” လို့ လောဓမရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဘီလူးချောင်းဘေးမှာ နေထိုင်ကြသူတွေရဲ့ ပြောပြချက်အရ မေလ ၄ ရက်နေ့မှာ စတင်တွေ့ရှိလာရတယ်လို့ ဆိုပါတယ်။

လွိုင်ကော်၊ ဘီလူးချောင်းမှာ မျှောပါလာတဲ့ ငါးတွေကို အစုအပြုံလိုက် တွေ့ရှိတာမျိုးမဟုတ်ဘဲ အနည်းငယ်သာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ အဲ့ဒီသေနေတဲ့ ငါးတွေဟာ ပုပ်ပွနေပြီလို့လည်း ပြောပါတယ်။

ငါးအဆိပ်ကျွေးခံရတာ (ဒါမှမဟုတ်) ရေကိုအဆိပ်ခတ်တာကြောင့် ငါးသေဆုံးတာဖြစ်နိုင်တယ်လို့ ဒေသခံတွေ သုံးသပ်ပြောဆိုကြပေမယ့် ကန္တာရဝတီတိုင်း ( မ် ) အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

“ဘီလူးချောင်းက စီးဆင်းနေတော့ နည်းနည်းတော်သေးတာပေါ့။ မဟုတ်ရင် အဲ့ဒီ့ ဆေးတွေ က လူတွေအတွက်လည်း အန္တရာယ်ရှိတယ်၊ ခုလည်း ကရုစိုက်ပြီး ချိုးရေ၊ သုံးရေတွေကို သတိပြုတာတော့ မမှားပါဘူး” လို့ လွိုင်ကော်မြို့တွင်း ပရဟိတလုပ်ဆောင်နေသူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မိုးဗြဲမြို့မှာ မိုးဗြဲရေကာတာကနေ လယ်ကွင်းထဲကို သွင်းဖို့ လွှတ်လာတဲ့ ဆည်မြောင်းကနေ ငါး အများအပြားသေဆုံးမှု ရှိခဲ့ပါတယ်။ အဲ့ဒီနောက် လွိုင်ကော်မြို့က ဘီလူးချောင်းမှာလည်း သေနေတဲ့ငါးတွေ မျှောပါလာတာကို တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မိုးဗြဲဆည်မြောင်းဟာ ဘီလူးချောင်းနဲ့ဆက်စပ်ပြီး ပြန်လည် စီးဆင်းတဲ့အတွက် လွိုင်ကော်မြို့နယ်ထိ ငါးသေတွေ မျှောပါလာတာဖြစ်နိုင်တယ်လို့လည်း မြို့ခံတချို့က သုံးသပ်ပြောဆိုနေကြပါတယ်။

spot_img
spot_img
spot_img

Recent posts