spot_img
Monday, March 27, 2023
spot_img

လွိုင်ကော်မြို့နယ်အရှေ့ဖက်မှာ တိုက်ပွဲဖြစ်ပွား

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းက ဒေါမူကလားကျေးရွာအရှေ့ဖက်ခြမ်းမှာ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဒီကနေ့ ဇူလိုင်လ ၃၁ရက်နေ့ နေ့လည် ၁၁နာရီကျော်အချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“သူတို့နယ်ကျော်လာလို့ပစ်တာ သူတို့အင်အား ၈၀ကျော်လောက်ရှိမယ်။ ဒီမနက် ၁၁နာရီခွဲလောက်မှာပစ်တယ် ၂၀မိနစ်လောက်ပဲရှိတယ်။ တိုက်ပွဲဖြစ်တာက ၁၁နာရီခွဲလောက်မှာဖြစ်တာ ဒါပေမယ့် ၁၂နာရီကျော် ၁နာရီထိတော့ ပစ်နေတာရှိတယ် သူတို့ ဘာပစ်နေတာလဲတော့မသိဘူး။ သူတို့ အဲ့နေရာမှာပဲ ရှိသေးတယ်လို့ ယူဆရတယ် ဒီမှာက စစ်ဘေးရှောင်တွေရှိတယ် အခုလိုဖြစ်တော့ သူတို့ ပိုပြီး ကြောက်လန့်တယ်။ ဒီဖက်မှာက စစ်ဘေးရှောင် တစ်ထောင်လောက်ရှိတယ်”လို့ ကရင်နီတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

စစ်ကောင်စီဖက်က နယ်မြေကျူးကျော်ရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ရပြီး အဆိုပါ နှစ်ဖက်ပစ်ခတ်မှုက မိနစ် ၂၀သာကြာမြှင့်ခဲ့သလို စစ်ကောင်စီဖက်က လက်နက်ကြီး၊ လက်နက်ငယ်အသုံးပြုပြီး တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့တယ်လို့ သိရပါတယ်။

“ရွာရဲ့အရှေ့မြောက်ဘက် ၃မိုင်အကွာလောက်ရှိမယ် ခုတော့ လက်နက်ကြီးသံတစ်ချက်တစ်ချက် ကြားတယ်။ စစ်ကောင်စီအင်အားက ၁၀၀လောက်ရှိမယ် ခြေလျင်နဲ့သွားတာ အရှေ့ဖက် တောင်ပေါ်ကိုတက်သွားတာပါ” လို့ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

စစ်ဘေးရှောင်စခန်းရှိရာသို့ ဦးတည်ပြီး နံနက် ၁၀နာရီဝန်းကျင်လောက်မှာ ခြေလျင်ဖြင့်စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်က လှည့်လည်သွားလာရာမှ နယ်မြေကျူးကျော်မှုကြောင့် ပစ်ခတ်မှုဖြစ်ပွားရပြီး လက်ရှိမှာလည်း တပ်ဆုတ်မှုမရှိသေးဘဲ ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Related Stories