spot_img
Wednesday, November 30, 2022
spot_img

လွိုင်ကော်မြို့ပေါ်မှာ နှစ်ရက်အတွင်း ဖမ်းဆီးစစ်ဆေးခံရသူ ၅ဦးရှိ၊အမျိုးသမီးတစ်ဦးပါဝင်

spot_imgspot_imgspot_imgspot_img

လဲသျို့ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် လွိုင်ကော်မြို့ပေါ်မှာ နေ့စဉ် အသွားအလာတွေကို စစ်ကောင်စီက စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး ဧပြီလ ၂၀ရက်နဲ့ ၂၁ရက်နေ့ ၂ရက်အတွင်း စစ်ဆေးဖမ်းဆီးခံရသူ ၅ဦးအထိရှိနေတယ်လို့ မျက်မြင်တွေ့ရတဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲ အမျိုးသမီးတစ်ဦးပါဝင်ပြီး မည်သူတွေဖြစ်ကြောင်းကို ကန္တာရဝတီတိုင်း(မ်) အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

လွိုင်ကော်မြို့ပေါ်မှာ နေထိုင်သူတစ်ဦးရဲ့ ပြောပြချက်တွေအရတော့ ရဲနဲ့စစ်သားတွေဟာ နေ့တိုင်း မတူတဲ့နေရာတွေမှာ စစ်ဆေးမှုတွေပြုလုပ်တယ်လို့ ပြောပါတယ်။

“ စစ်တာကတော့ အဓိက ဖုန်းစစ်တယ်။ messenger ဝင်စစ်တယ်ပေါ့နော။ ဘယ်သူတွေနဲ့ အချိတ်အဆက်ရှိလဲ။ ကိုယ့်ဖုန်းထဲ facebook အကောက်ထဲ သူငယ်ချင်းတစ်ယောက် သေနတ်ပုံနဲ့ ပရိုဖိုင်တွေ့ရင်ဖြစ်ဖြစ်၊ တစ်ခုခုတွေ့ရင် မေးတယ်။ “ လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၄ရက်နေ့က ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ ချိကယ်ကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ပိတ်မိနေတာတွေရှိခဲ့သလို နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တာရှိပြီး ယခုအချိန်မှာတော့ နေရပ်ပြန်လည်နေထိုင်နေသူတွေရှိပါတယ်။

စစ်ကောင်စီက နေရပ်ပြန်နေထိုင်သူတွေကို မှတ်ပုံတင်စစ်တာတွေပြုလုပ်သလို တခါတလေမှာ ဧည့်စာရင်းတွေကို လိုက်စစ်ဆေးတာလည်း ပြုလုပ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

စစ်ရှောင်စာသင်ကျောင်းတစ်ခုမှာ သင်ပုန်းမလုံလောက်၊ မိုးကာပေါ် စာရေးသင်ကြားနေရ

ကန္တာရဝတီတိုင်း( မ် ) ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်စာသင်ကျောင်းတစ်ခုမှာ KG တန်းအတွက် စာသင်ပုန်းမလုံလောက်တဲ့အတွက် ကျောင်းက အမိုးအကာ ပေါ်မှာ စာရေးသင်ကြားပေးနေရတယ်လို့ ဆရာမ တစ်ဦးက ပြောပါတယ်။ "ကျမတို့ KG တန်းမှာ White Board မရှိတော့ ဆရာမတစ်ယောက်ကနေပြီးတော့ မိုးကာပေါ်မှာဘဲ စာရေးပေးရတယ် အဲလိုမျိုးပေါ့။" လို့...

ယင်းတလဲစာပေတွေကို စာသင်ကျောင်းတွေမှာ ထည့်သွင်း သင်ကြားပေးနေ

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်ထဲမှာရှိတဲ့ ယင်းတလဲ လူမျိုးစု အနေနဲ့ လူမျိုးမပျောက်ကွယ်အောင် စာပေတွေကို ယင်းတလဲလူမျိုးတွေ အများစုနေထိုင်တဲ့ဒေသက စာသင်ကျောင်းတွေမှာ ဘာသာရပ်တစ်ခုအနေနဲ့ စတင်သင်ကြားပေးနေပြီလို့ ယင်းတလဲလူမျိုး တစ်ဦးက ပြောပါတယ်။ “လူမျိုးလည်း နည်းလာပြီပေါ့နော။ လူမျိုးနည်းလာတော့ အခုကလည်း ဘယ်လိုပြောရမလဲ။ ယဉ်ကျေးမှုပဲ လွှမ်းမိုးတာလား။ လူမျိုးအချင်းချင်းကပဲ လွှမ်းမိုးတာပဲဖြစ်ဖြစ်...

ဖရူဆိုမြို့နယ်တွင်းက စစ်ကောင်စီတပ်စခန်းနဲ့ ခြေကုပ်စခန်းတို့ကို KA၊ KNDF တို့သွားရောက်တိုက်ခိုက်

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဖရူဆိုမြို့တွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ ခြေကုပ်စခန်းတို့ကို သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ဦးသေဆုံးခဲ့တယ်လို့ KNDF B-15 က ဒီကနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဖရူဆိုမြို့နယ်တွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် (၁၄)...

ဖရူဆိုဒေသရဲ့ ရွှေ့ပြောင်းတောင်ယာ စပါးစိုက်ပျိုးမှု ယခုနှစ် အထွက်နှုန်းတစ်ဝက်လျော့ကျ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဖရူဆိုမြို့မှာ နေထိုင်ကြတဲ့ လူထုတွေဟာ ရွေ့ပြောင်းတောင်ယာ စပါးစိုက်ပျိုးတာကို အဓိကထားလုပ်ကိုင်ကြပြီး ယခုနှစ်မှာဆိုရင် စိုက်ပျိုးချိန် မိုးမရွာတာ၊ အပင်မပေါက်တာ ၊ အပင်သေတာတွေ ကြောင့် စပါးအထွက်နှုန်း တစ်ဝက်လောက် လျော့ကျနေတယ်လို့ တောင်သူတွေက ဆိုကြပါတယ်။ ရွှေ့ပြောင်းတောင်ယာ ပြန်လည်လုပ်ကိုင်တာ ၂နှစ်ရှိပြီဖြစ်တဲ့ ဦးရီဖဲ ကလည်း ယခုနှစ်...