spot_img
Wednesday, November 30, 2022
spot_img

လွိုင်ကော်မြို့ရှိ နောင်ယားကန် ဆိုင်တန်းလျားများကို ပိတ်သိမ်း

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းရှိ အထင်ကရနေရာတစ်ခုဖြစ်တဲ့ နောင်ယားကန်က ညပိုင်းဖွင့်လှစ်တဲ့ ဆိုင်တန်းလျားတွေ ကို ဧပြီလ ၁ ရက်နေ့လောက်ကနေစပြီး ဖွင့်လှစ်ခွင့်မပေးတော့ဘူးလို့ မြို့နေ ဒေသခံတွေဆီကနေ သိရပါတယ်။

နောင်ယားကန် သန့်ရှင်းရေးကို အကြောင်းပြုပြီး မြို့နယ်စည်ပင်သာယာရေးကနေ ပိတ်သိမ်းလိုက်တာ ဖြစ်တယ်လို့ မြို့ခံလူထုတွေက သုံးသပ်ပြောဆိုကြပါတယ်။

နောင်ယားကန်ဘေးမှာ စျေးရောင်းချနေတဲ့သူတွေကိုတော့ ဒေါဥခူရပ်ကွက်အတွင်းမှာ ရှိတဲ့ စျေးတန်းမှာ ရွေ့ပြောင်းရောင်းချခွင့်ပေးထားတယ်လို့ သိရပါတယ်။ လွိုင်ကော်မြို့နယ်အတွင်းမှာ တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။

“ ကျနော် လကုန်ရက်က ရောက်ခဲ့တာ အာ့တုန်းက ဖွင့်တယ်။ ၂ရက်နေ့ တော့ဆိုင်ပိတ်တာ သတိထားမိတယ်။ ဘယ်နေ့ လဲတော့ တိတိကျကျ ပြောရခက်ပဲ။ စပိတ်ခိုင်းတာ။ ၁ရက်နေ့ လို့ထင်တာပဲ။ နောက်ဆုံးဖွင့်တုန်းက ရောက်ခဲ့သေးတယ်။ စားသောက်ဆိုင်တွေ မရှိတော့ နောင်ယား ကန်လည် ရတာ မမိုက်တော့ဘူးပေါ့ ။ လက်ရှိကလည်း လွိုင်ကော်မှာ လည် စရာဆိုလို့ နောင်ယားကန်လောက်ရှိတာ။”လို့ မြို့နေ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

လက်ရှိလွိုင်ကော်မြို့တွင်းမှာတော့ သွားလာလှုပ်ရှားတဲ့သူတွေရှိနေပေမယ့် တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ မြို့ပြင် ရပ်ကွက်တွေမှာ ပြန်လာနေထိုင်သူတချို့ရှိနေပေမယ့် အသွားအလာနည်းတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လက်ရှိ ကရင်နီပြည်မှာ စစ်ဘေးရှောင် နှစ်သိန်းဝန်းကျင်ရှိနေပြီး လွိုင်ကော်မြို့ကနေ တခြားမြို့တွေကို စစ်ဘေးရှောင်နေတဲ့ သူ ဦးရေက တော့ ခန့်မှန်းခြေအရ နှစ်သောင်းဝန်းကျင် ရှိနေပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဖရူဆိုမြို့နယ်တွင်းက စစ်ကောင်စီတပ်စခန်းနဲ့ ခြေကုပ်စခန်းတို့ကို KA၊ KNDF တို့သွားရောက်တိုက်ခိုက်

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဖရူဆိုမြို့တွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ ခြေကုပ်စခန်းတို့ကို သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ဦးသေဆုံးခဲ့တယ်လို့ KNDF B-15 က ဒီကနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဖရူဆိုမြို့နယ်တွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် (၁၄)...

ဖရူဆိုဒေသရဲ့ ရွှေ့ပြောင်းတောင်ယာ စပါးစိုက်ပျိုးမှု ယခုနှစ် အထွက်နှုန်းတစ်ဝက်လျော့ကျ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဖရူဆိုမြို့မှာ နေထိုင်ကြတဲ့ လူထုတွေဟာ ရွေ့ပြောင်းတောင်ယာ စပါးစိုက်ပျိုးတာကို အဓိကထားလုပ်ကိုင်ကြပြီး ယခုနှစ်မှာဆိုရင် စိုက်ပျိုးချိန် မိုးမရွာတာ၊ အပင်မပေါက်တာ ၊ အပင်သေတာတွေ ကြောင့် စပါးအထွက်နှုန်း တစ်ဝက်လောက် လျော့ကျနေတယ်လို့ တောင်သူတွေက ဆိုကြပါတယ်။ ရွှေ့ပြောင်းတောင်ယာ ပြန်လည်လုပ်ကိုင်တာ ၂နှစ်ရှိပြီဖြစ်တဲ့ ဦးရီဖဲ ကလည်း ယခုနှစ်...

ဖရူဆိုမြို့ အဝင်အထွက် ကရင်နီပြည်အစိုးရ ယာယီပိတ်မည်

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဖရူဆိုမြို့တွင်း ဝင်ထွက်သွားလာတာတွေကို လုံးဝခွင့်မပြုဘဲ ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ကစပြီး လုံခြုံရေးအရ ယာယီပိတ်လိုက်တယ်လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ကေးလျားမြို့နယ်အုပ်ချုပ်ရေးက ယမန်နေ့(နိုဝင်ဘာလ ၂၈ ရက်)မှာ ထုတ်ပြန်ထားပါတယ်။ “အခြေအနေကြည့်မယ်။ အကယ်၍ အခြေအနေကောင်းတယ်။ ကျနော်တို့ လူထုတွေ အိမ်ပြန်ကြည့်ဖို့အတွက်...

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှု ဆက်တိုက်လုပ်ဆောင်နေ

ကန္တာရဝတီတိုင်း (မ်) ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီရဲ့ အခြေစိုက်တပ်တွေက နိုဝင်ဘာလ ၂၃ ရက်နေ့က စတင်ပြီး လက်နက်ကြီးတွေနဲ့ နေ့ရောညပါ ဆက်တိုက် ပစ်ခတ်မှု လုပ်ဆေင် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားမှုမရှိပဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်လာတဲ့အတွက် ကျေးရွာတွေထဲကျပြီး အရပ်သားထိခိုက်တာတွေ၊...