spot_imgspot_imgspot_imgspot_img
Thursday, July 25, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ ၊ မိုင်းလုံးတိုက်ပွဲအတွင်း KNDF တပ်ရင်း (၉)မှ တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ဇူလိုင်လ ၄ရက်နေ့က ကရင်နီပြည်၊ လွိင်ကော်မြို့ မိုင်းလုံးရပ်ကွက်အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း (၉) မှ တပ်ဖွဲ့ဝင် ဂျေရုမ်း (ခ) လုံးရီ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

“အသက်ကတော့၂၃၊ အဲ့လောက်ပေါ့နော်။ မိုင်းလုံးတိုက်ပွဲမှာ လက်နက်ကြီးထိပြီးကျသွားတယ်။ ဇူလိုင်လ ၄ရက်နေ့ မနက် ၇နာရီလောက် ကပေါ့။ တခြားရဲဘော်က သိရသလောက် Loikaw PDF တယောက်ကျတယ်ပေါ့နော်။ တပ်ရင်း (၈) က ဒဏ်ရာရတာလည်း တစ်ယောက်ရှိတယ်။” လို့ KNDF တပ်ရင်း (၉)ရဲ့ တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ယမန်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိအခိုက်ရှိပေမဲ့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မိုင်းလုံး ၁၁ထပ်တိုက်၊ GTCကျောင်း၊ နန့်ဘော်ဝမ်ရပ်ကွက် ၊ နောင်ယားရပ်ကွက်ရှိ တိုက်ခြောက်လုံးဘက်မှာ တပ်စွဲထားနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့မှာလည်း လွိုင်ကော်မြို့မှာ ထိတွေ့တိုက်ပွဲမှုတွေ ဖြစ်ပွားနေပါတယ်။

spot_img
spot_img

Recent posts