spot_imgspot_imgspot_imgspot_img
Sunday, June 15, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အကျဥ်းထောင်မှ လွတ်ရက်စေ့ နိုင်ငံရေးအကျဥ်းသား ၃ ဦးအပါအဝင် ၇ဦး လွတ်မြောက်လာ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့မှာရှိတဲ့ လွိုင်ကော်အကျဥ်းထောင်ကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ရက်နေ့က လွတ်ရက်စေ့ အကျဥ်းသားဦးရေ ၇ဦး လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

လွတ်မြောက်လာသူ ၇ဦးမှာ နိုင်ငံရေးအကျဥ်းသား ၃ဦးအပါအဝင် အခြားသောအမှု ၄ဦးပါဝင်တယ်လို့ ကရင်နီနိုင်ငံရေး အကျဉ်းသားများအစည်းအရုံး (KPPA) ရဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ ကိုစည်သူက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ ဒီအကျဥ်းသားလွတ်လာတဲ့ လူကပေါ့နော် ၁၇ရက်နေ့ ၊ ၇လ ၊ ၂၀၂၄ တုန်းက ၇ဦး လွတ်လာကြပါတယ်။ အဲ့ဒီ ၇ဦးထဲမှာဆိုရင် ဆေးမှု ၁၉(က)က ၂မှု ၊ ရဲစည်းက ၁မှု ၊ စစ်စည်းက ၁မှုနဲ့ မတရားသင့် မှုက ၃ဦး စုစုပေါင်း ၇ဦးလွတ်လာတယ်ပေါ့နော်”လို့ ကိုစည်သူက ဆိုပါတယ်။

အဆိုပါ လွတ်ရက်စေ့ လွတ်မြောက်လာသူတွေဟာ အမျိုးသားတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

အကျဥ်းကျခံတဲ့ အမှုတွေထဲက ဆေးမှု ၁၃/(က) ကို ၁၁နှစ်၊ နိုင်ငံရေး ၁၇/၁ ကို ၃နှစ်၊ စစ်မှုနဲ့ ရဲမှုကိုတော့ ၃ နှစ် ကျခံရမှာဖြစ်တယ်လို့ ကိုစည်သူက အခုလို ဆက်ပြောပါတယ်။

“ဆေးမှု ၁၃(က) ကျ‌တော့ သူတို့ ကျနှစ်က ၁၁နှစ်ပေါ့နော် အဲ့မှာမှ နိုင်ငံတော်ခံစားခွင့်က ၄ပုံ၁ပုံကို ၂ကြိမ်ခံစားရတဲ့အတွက် သူတို့က ၄နှစ်၄လနဲ့ ၇ရက် နေခဲ့ရတာပေါ့နော်။ နိုင်ငံရေးမှုကျတော့ ၁၇/၁ မတရားဥပဒေပုဒ်မ ၁၇/၁ နဲ့ ၃နှစ်ကျတဲ့အတွက် ၂နှစ်နဲ့ ၄လ နေခဲ့ရပါတယ်။ ရဲစည်းနဲ့ စစ်စည်း ကျတော့လည်း ၃နှစ်ပါပဲ ဒါပေမဲ့ သူတို့ကျတော့ နိုင်ငံတော်ခံစားခွင့်ရှိတဲ့အတွက် ၁နှစ် ပိုပိုတော့ နေခဲ့ရတာပေါ့နော်”လို့ သူက ဆိုပါတယ်။

လက်ရှိ လွိုင်ကော်အကျဥ်းထောင်အတွင်းမှာ အကျဥ်းသူ ၃၀ဦး နဲ့ အကျဥ်းသား ၄၀၇ ဦး ကျန်ရှိနေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက် လွိုင်ကော်အကျဥ်းထောင်ကနေ လွတ်ရက်စေ့ပြီး လွတ်မြောက်လာတဲ့ အကျဥ်းသားဦးရေ ၁၈၀ ကျော်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img