spot_imgspot_imgspot_imgspot_img
Sunday, October 13, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အနောက်ဖက်ခြမ်းက ရေဘေးသင့် ကျေးရွာတချို့ စားနပ်ရိက္ခာလိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ လွိုင်ကော်မြို့နယ် အနောက်ဖက်ခြမ်းက ရေဘေးသင့် ကျေးရွာတချို့ဖြစ်တဲ့ နိုးကိုး ၊ ဒေါ်ပေါ်ကလဲ စတဲ့ ကျေးရွာတွေမှာ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

“နိုးကိုးအုပ်စု နဲ့ ဒေါပေါ်ကလဲ အုပ်စု ဖက်ပါ။ မိုးဗြဲဆည်က ရေလွှတ်ချတာကြောင့် လည်းပါတယ် ပေါ့နော်။ နိုးကိုးတကျော အကုန်လုံးပါပဲ တစ်ပတ် ကျော်ပြီ။ စာရင်းတော့ အတိကျမသိသေးဘူး။ လောလောဆယ်တော့ သူတို့ စားနပ်ရိက္ခာတွေ လိုအပ်ကြောင်း တင်ပြလာတာရှိတယ် ”လို့ ကယားလီဖု လူငယ်အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

မိုးဗြဲဆည် ရေတံခါးဖောက်ချမှုကြောင့် ဘီးလူးချောင်းနဲ့ နီးတဲ့ ကျေးရွာတွေမှာ ရေမြှင့်တက်လာတာပါ။

ဓါတ်ပုံ – Kayah Li Phu Youth

လတ်တလာမှာတော့ ရေမကြီးသေးတဲ့ အနီးအနားက ကျေးရွာတွေမှာ စုပေါင်းတိမ်းရှောင်နေထိုင်ကြတာရှိတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“အုပ်စုထဲမှာရှိတဲ့ ရွာ အားလုံးမဟုတ်ဘူး ရွာတချို့ပဲ နေလို့ မရတော့တာ။ နေလို့ရသေးတဲ့ ကျေးရွာတွေဆီကိုသွားပြီး စုပြီး နေကြတယ်ပေါ့။ ၄ရက် ၅ ရက်လောက်ရှိပြီ နေလို့မရ‌တော့တဲ့ ကျေးရွာတွေ သူတို့ ရွှေ့တာက။ တချို့က ဆွေမျိုးနားလိုက်နေတယ်။ တချို့ ကခြံထဲ တဲထိုးပြီးနေကြတာပေါ့” လို့ ဒေသခံ တွေဆီကနေသိရပါတယ်။

စားဝတ်နေရေးအတွက် အလှူရှင်တွေဆီကပဲ အားကိုးရတဲ့အခြေအနေမှာ ရေဘေးပါ ထပ်ကြုံလာကြရတဲ့ စစ်ရှောင်တွေဟာ အကူအညီတွေမရရှိတော့မှာကို စိုးရိမ်နေကြတယ်လို့ ရွှေ့ပြောင်းနေထိုင်ရတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက အခုလိုပြောလာပါတယ်။

“အခုက ကိုယ့်အိမ်နဲ့ကိုယ် နေတာတောင် ဘာစားရမလဲ ဘာသောက်ရမလဲပေါ့။ အခုက ကိုယ်သိသိမသိသိ လိုက်နေရတာမျိုးရှိတော့ အားငယ်တယ်။ ရေထပ်ကြီးလာရင် ကူချင်တဲ့အဖွဲ့ရှိရင်တောင် လာလို့မရတဲ့အခြေအနေကြုံလာမလားပေါ့။ စိုးရိမ်တယ်။ အခုတစ်ပတ်အတွင်းမှာတောင် ရွာထဲက ကုန်စျေးနှုန်းတချို့တောင် စျေးကရှယ်တက်ပဲ။”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အဆိုပါ လွိုင်ကော်အနောက်ဖက်ခြမ်းမှာ ရေဘေးသင့်တဲ့ ကျေးရွာနာမည် နဲ့ ကျေးရွာစာရင်း အသေးစိတ်ကိုတော့ မသိရသေးလို့ စစ်ရှောင်ကူညီသူတွေထံကနေ သိရှိရပါတယ်။ ဘီးလူးချောင်းရေမြှင့်တက်မှုကြောင့် လွိုင်ကော်မြို့တွင်းက ဘီးလူးချောင်းဘေးက ရပ်ကွက်တချို့မှာ နေအိမ် ရေနစ်မြှုပ်နေပြီး ပြည်ထောင်စုလမ်းမကြီးမှာလည်း ရေဝင်ရောက်မှု ရှိနေပါတယ်။

spot_img
spot_img

Recent posts