spot_imgspot_imgspot_imgspot_img
Sunday, October 13, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အရှေ့ခြမ်းမှာ ဟင်းစားအတွက် ရိက္ခာခြောက်တွေ ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့‌နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့နယ်အရှေ့ဖက်ခြမ်းမှာ ရိက္ခာတင်သွင်းလို့ မရတာကြောင့် အရှေ့ခြမ်း တစ်ခုလုံးမှာ ဟင်းစားအတွက် လိုအပ်တဲ့ ရိက္ခာခြောက်တွေ ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေကြတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ ကယားလီဖုလူငယ် အဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

လွိုင်ကော်မြို့နယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ လတ်တလော ရေကြီးရေလျှံမှုတွေကြောင့် ရိက္ခာတွေ သယ်ယူပို့ဆောင်လို့ မရတော့ဘူးလို့ ပြောပါတယ်။

“စစ်ရေးအခြေအနေကြောင့် လမ်းပိတ်တာရယ် ၊ ရေကြီးလို့ သွားလို့မရတော့တာရယ်ကြောင့် ရိက္ခာတွေ တင်သွင်းလို့မရတော့ ဆိုင်တိုင်းနီးပါးလိုလို ကုန်နေတာပေါ့နော်။ ပြတ်နေတာ တစ်ပတ် လောက်ရှိပြီ။ အချိန်ကြာကြာပြတ်လပ်မယ်ဆိုရင်တော လူထုတွေအတွက် စစ်ရှောင်တွေ အတွက် စားနပ်ရိက္ခာ ပိုခက်ခဲလာနိုင်တာပေါ့နော်။”လို့ ကယားလီဖုလူငယ် အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ယခင်က စားနပ်ရိက္ခာ တင်သွင်းဖို့ လွယ်ကူနေသေးတဲ့အခြေအနေမှာ စစ်ရှောင်တွေအတွက် ရိက္ခာမလုံလောက်တာတွေ ကြုံတွေ့နေရပြီး လက်ရှိမှာ စစ်ရေးနဲ့ ရေဘေးပါထပ်ကြုံလာတာကြောင့် စားနပ်ရိက္ခာအတွက် စိုးရိမ်ပူပန်မှုတွေ ပိုများလာတယ်လို့ ဆိုပါတယ်။

လတ်တလော ရေဘေးကြောင့် ရွှေ့ပြောင်းမှုရှိတဲ့ စစ်ရှောင်တွေရဲ့ အိမ်ခြေအရေအတွက်တွေကိုတော့ စာရင်းအတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။ ရေဘေးကြောင့် ရွှေ့ပြောင်းမှုတွေရှိတဲ့ ကျေးရွာ နဲ့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာအပြင် အမိုးအကာလည်း လိုအပ်မှုရှိနေပါတယ်။

လွိုင်ကော်အရှေ့ဘက်ခြမ်း မှာ စစ်ဘေးရှောင်ဦးရေ ၁၀၀၀၀ ကျော်ရှိနေပါတယ်။

spot_img
spot_img

Recent posts