spot_img
Monday, March 27, 2023
spot_img

လွိုင်ကော်အရှေ့ဖက်ခြမ်းစစ်ရှောင်စခန်းတစ်ခုမှာ နှစ်ရက်အတွင်း ကိုဗစ်လူနာ (၇၈)ဦးတွေ့ရှိ

spot_imgspot_imgspot_imgspot_img
ဓာတ်ပုံ – Pyae Phyo Kyaw Facebook (ပုံဟောင်း အသုံးပြုခြင်းသာဖြစ်သည်။)

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်ရှိ၊ လွိုင်ကော်မြို့ အရှေ့ဖက်ခြမ်းစစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်နေကြတဲ့ ပြည်သူအားလုံးနီးပါး ဖျားနာနေကြတဲ့အတွက် စက်တင်ဘာ (၂၈)ရက်ညနေပိုင်းမှာ စစ်ကြည့်ရာ ဒီကနေ့အထိ နှစ်ရက်အတွင်း (၇၈)ဦး တွေ့ရှိခဲ့တယ်လို့စစ်ရှောင်စခန်းမှာ ကူညီပေးနေသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို အတည်ပြုပြောပါတယ်။

စစ်ရှောင်စခန်းမှာ ကိုဗစ်စတွေ့ခဲ့တာ ဖြစ်ပြီး အသက် (၂)နှစ်၊ (၃)နှစ်အရွယ်ကနေ အသက် (၆၅)နှစ်အထိနဲ့ ကိုယ်ဝန်ဆောင်မိခင်နှစ်ဦးလည်း ကိုဗစ်တွေ့ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ လူဦးရေ သုံးရာကျော်ရှိတဲ့အထဲTest Kitလုံလောက်မှုမရှိတဲ့အတွက် လူဦးရေ နှစ်ရာလောက်သာ စစ်ပေးနိုင်သေးတာ ဖြစ်တယ်လို့ စစ်ရှောင်ကူညီပေးနေသူက အခုလို ပြောပြပါတယ်။

“ကျမတို့မလုံလောက်ဘူးလို့ဘဲ ပြောရမယ် ဘာဖြစ်လဲဆိုရင် ဒီမှာတော့Test Kitက ဟိုတစ်နေရာ နည်းနည်းလိုက်တောင်း၊ ဒီတစ်နေရာနည်းနည်းလိုက်တောင်း အဲ့လိုမျိုးပဲရှိတာပေါ့နော။ လောလောဆယ်အထိ လူအားလုံးက စစ်မယ်ဆိုရင် တော့ ကျမတို့အတွက်တော့ လုံလောက်မှုမရှိသေးဘူး။ လောလောဆယ်ကတော့Test Kitက ကုန်နေသေးတော့ အကုန်လုံး မစစ်နိုင်သေးဘူး ဖြစ်နေတယ်။” လို့ ပြောပါတယ်။

လက်ရှိ ကိုဗစ်တွေ့ရှိတဲ့ လူနာတွေက တုတ်ကွေးပုံစံ အဖျားတက်တာတွေ ၊ နှာစီးချောင်းဆိုး တာတွေ စတဲ့ လက္ခာဏာတွေ သာပြသေးတာဖြစ်ပြီး ပြင်းထန်လူနာတွေတော့ မရှိသေးဘူးလို့ သိရပါတယ်။ အသက်ရှူကြပ်တဲ့အထိ ရောဂါလက္ခာတွေ ပြင်းထန်လာရင်တော့ အခက်အခဲတွေ ရှိတယ်လို့ဆိုပါတယ်။

“ကျမတို့ ဒီမှာကတော့ ဆရာမလုံလောက်မှုမရှိဘူးလေနော။ ဆေးမှူးတွေပေါ့။ ဆရာဝန်လည်း မရှိဘူးဆိုတော့ တကယ်လို့ ပြင်းထန်လူနာတွေရှိလာခဲ့ရင်တော့ ကျမတို့ ဘယ်လိုမျိုး လွဲပြောင်းမလဲ ဆိုတာတော့ ဆရာဝန်တွေရှိတဲ့ နေရာပဲ ပြောင်းပေးရမယ်ထင်တယ်ပေါ့နော။ ဒါပေမယ့် လောလောဆယ် နိုင်ငံရေးခြေနေအရလည်း သွားလို့လာလို့လည်း အဆင်မပြေတော့ ဘယ်လိုမျိုး နည်းနဲ့ လွဲပြောင်းမလဲဆိုတာတော့ ကျမတို့ အခုထိတော့ မသိသေးဘူးပေါ့နော။ ဆရာဝန်ဆီတော့ မဖြစ်မနေလွဲပေးရမှာပေါ့နော။” လို့ ကူညီဆောင်ရွက်ပေးနေသူက ပြောပါတယ်။

လွိုင်ကော်အရှေ့ဖက် ခြမ်းအတွင်း စစ်ရှောင်စခန်း နှစ်နေရာက ကိုဗစ်တွေ့ရှိနေပြီး ကိုဗစ်တွေ့ရှိတဲ့ စခန်းတွေ ၊ ကျေးရွာတွေကို အသွားအလာကန့်သတ်ထားတာတွေ ပြုလုပ်ထားပေမယ့် တိုက်ပွဲတွေ ဖြစ်ပွားတာတွေရှိရင်တော့ ကိုဗစ်အတွက် စိုးရိမ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

လွိုင်ကော်အရှေ့ဖက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ ကူညီပေးနေတဲ့ ဒေါက်တာ ဗစ်တာကတော့ လက်ရှိကိုဗစ်တွေ့တဲ့အထဲမှာ သက်ကြီးရွယ်အိုတွေ ပါလာတဲ့အတွက် စစ်ရှောင်တွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်မှုတွေရှိတယ်လို့ ပြောပါတယ်။

“ကျနော်နဲ့ နီးတဲ့သူတွေကတော့ သိပ်ပြဿနာမရှိပေမယ့် ကျနောတို့ စစ်ရှောင်စခန်းတွေကဧရိယာတွေက ကျယ်တယ်လေ။ ကျယ်တော့ အရေးပေါ်တခုခုဖြစ်တယ်ဆိုလို့ရှိရင် လမ်းခရီးမကောင်းတော့ သယ်ရပြုရတာခက်တယ်။ အရင်အသုတ်တွေတုန်းက ဖြစ်တဲ့လူနာတွေက အသက် ခြောက်ဆယ်ကျော် တစ်ယောက်မှမပါဘူး။ အများဆုံးက ငါးဆယ်ကျော်အကြီးဆုံးပဲ။ သိပ်စိုးရိမ်စရာမရှိဘူးပေါ့။ ပြင်းထန်လူနာနည်းတယ်။ဒါပေမယ့် အခုဒီတစ်ခေါက်ဖြစ်တဲ့အသုတ်ထဲမှာ ခြောက်ဆယ်ကျော်တွေ ပါလာတဲ့အတွက်ကြောင့်မို့လို့ သူတို့ကတော့ အောက်ဆီဂျင်က ၈၀၊ ၉၀ အဲ့လောက်ကျသွားတဲ့သူတွေရှိတယ်ပေါ့နော။ အဲ့ကြောင့် သူတို့အတွက်တော့ ကျနောစိတ်ပူတယ်။” လို့ ဒေါက်တာက ပြောပါတယ်။

လွိုင်ကော်အရှေ့ဖက်ခြမ်းမှာဆိုရင် ဆင်စစ်ရှောင်စခန်းကစပြီး ကိုဗစ်စတွေ့ခဲ့ပေမယ့် လက်ရှိမှာတော့ ကိုဗစ် လူနာသုံးဦးသာ ကျန်ရှိတော့ပြီး အယောက် ၇၀ကျော် ပြန်လည် သက်သာသွားပြီ ဖြစ်ပါတယ်။ ယခုအတည်ပြုလူနာ ၇၈ ဦးဟာ နောက်ထပ် စစ်ရှောင်စခန်း တစ်ခုမှာ ထပ်မံတွေ့ရှိတာ ဖြစ်ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...