spot_img
Monday, March 27, 2023
spot_img

လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ဘေးရှောင်တွေ ရိက္ခာဆေးဝါးတွေ လိုအပ်နေ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် လွိုင်ကော်အရှေ့ဘက်ခြမ်း လွိုင်လင်ကျေးရွာအုပ်စုက စစ်ဘေးရှောင်တွေ ရိက္ခာဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။

Photo – Paung Laung Media

“ဒီတိုက်ပွဲ ဖြစ်တဲ့အတွက် ကမန်းကတန်းပြေးလိုက်ရတဲ့အတွက် သူတို့အစားအသောက်တွေက အဆင့်သင့်မဖြစ်ဘူး။ အဲ့တာ လိုအပ်ချက်နံပါတ်၁ဖြစ်နေတယ်။ ဆေးဝါးကတော့ ကျန်းမာရေးစောင့်ရှောက်ခွင့်ကတော့လိုအပ်တယ်။ နေဖို့ထိုင်ဖို့ အဆောက်အုံတို့ လုံလောက်မှုမရှိဘူး။ အဲ့တာကြောင့်မလို့ ဒီသုံးခုကတော့ တော်တော်လိုအပ်ချက်ရှိတယ်ဗျ။ “

လွိုင် လင်ကျေးရွာအုပ်စုမှာ စစ်ဘေးရှောင်၅ထောင်ကျော်ရှိတယ်လို့လည်း သိရပါတယ်။ လွိုင်လင်လေးကျေးရွာအုပ်စု ပြီးခဲ့တဲ့ရက်ပိုင်းအတွင် တိုက်ပွဲမကြာခဏဖြစ်ပွားပြီး ဒေသခံတွေရဲ့နေအိမ်တွေကို လက်နက်ကြီးကျရောက်တာတွေ ရှိနေပါတယ်။

စစ်ကောင်စီဘက်က နယ်မြေကျူးကျော်လာတာတွေရှိနေတဲ့အတွက် တိုက်ပွဲတွေဆက်ဖြစ်နိုင်တယ်လို့ KNDF မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အဓိကကတော့ စစ်ကောင်စီအနေနဲ့ ဒီလိုမလိုအပ်ပဲနဲ့ ပြည်သူတွေကို ဒုက္ခပေးနေတာတွေရှိတယ်ပေါ့နော။ ဒီဖက်မှာဆိုရင် စစ်ကြောင်းထိုးပြီဆိုလို့ရှိရင် မိုင်းထောင်ခဲ့တာတို့ ကျေးရွာသူ ကျေးရွာသားတို့ ရှောင်ပြီဆိုလို့ ရှိရင် အိမ်ဖောက်တာတို့ ဆိုင်ဖောက်တာတို့ပေါ့နော။ အဲ့မျိုးတွေ လုပ်နေရတာတွေ့ရတယ်ပေါ့နော။ ဒါက သေနတ်နဲ့ ရန်စတဲ့ သဘောမျိုးရှိတဲ့အတွက် ပြန်သူတွေကအစ ဒါတွေကို ပြည်သူတွေကအစ ခုခံတော်လှန်နေတဲ့ အဖွဲ့အစည်းအားလုံးလည်း ဒါကိုလက်ခံမှာ မဟုတ်တဲ့အတွက် အဖက်ဖက်ကတော့ ထိတွေ့မှုဖြစ်လိမ့်မယ်။ ကျနော်တို့ကတော့ ကျူးကျော်တာမဟုတ်ဘူးပေါ့နော။ ကိုယ့်နေရာနဲ့ကိုယ်နေနေတယ်။ လာပြီးတော့ ရန်စရင်၊ လာပြီးတော့ ထိုးစစ်တွေ နယ်မြေရှင်းလင်းရေးတွေ လာလုပ်မယ်ဆိုလို့ရှိရင် တိုက်ပွဲဖြစ်မှာပေါ့နော။”

ဒီးမော့ဆိုမှာ မနေ့က ခမရ ၄၂၇နဲ့ ခလရ ၁၀၂တို့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း ရှိခဲ့ပါတယ်။

ကယားပြည်နယ်မှာ ဩဂုတ်လတစ်လအတွင်း တိုက်ပွဲ ၂၁ကြိမ်ဖြစ်ပွားခဲ့ပြီး လွိုင်လင်လေးဘက်က တိုက်ပွဲ ၇ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

Photo – Paung Laung Media
spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...