Tuesday, January 18, 2022

လွိုင်လင်တိုက်ပွဲမှာစစ်ကောင်စီရဲ့ လက်နက်တချို့သိမ်းဆည်းရမိ

ကန္တာရဝတီတိုင်း(မ်)

မနေ့က (ဩဂုတ်၂၈) လွိုင်လင်မြို့နယ် မှာ တိုက်ပွဲ လေးကြိမ် ဖြစ်ပွားခဲ့ပြီး ကရင်နီတပ်မတော် (KA)နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)တို့ က စစ်ကောင်စီရဲ့လက်နက်တချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

သေနတ်၊ ကျည်ဆံ၊ လက်ပစ်ဗုံးနဲ့ RPG 7စတာတွေကို သိမ်းရခဲ့တယ်လို့ ကရင်နီတပ်မတော် က တာဝန်ရှိသူတဦးထံက‌နေသိရ ပါတယ်။

” သေနတ်တစ်လက်က MA2 (စက်လတ်ကလေး)လို့ခေါ်တယ်။နောက်ပြီးတော့ ကျည်ဘောက်တစ်ဘောက်ပါတယ်။ RPG တစ်လုံးပါတယ်။ နောက်ပြီးတော့မှ MA1၊ MA2ကျည်ဆံတွေ စုစုပေါင်း ၃၅၀လောက်ပါတယ်။ နောက်ထပ်တစ်ခုက လက်ပစ်ဗုံးပေါ့နော။ “

စစ်ကောင်စီဘက်က တပ်မဆုတ်သေးတဲ့အပြင် စစ်ကြောင်းဆက်ထိုးနေသေးတာ‌ကြောင့် ရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ စိုးရိမ်လျက်ရှိနေကြပါတယ်။

မနေ့က ဖြစ်တဲ့ တိုက်ပွဲကြောင့် လွိုင်လင်မြို့နယ် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရိက္ခာမပါတဲ့သူတွေ ရိက္ခာပြန်မယူရဲကြသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

”ကိုယ့်ရိက္ခာနဲ့ကိုယ်ပေါ့။ကျနော့ရွာထဲက သူငယ်ချင်းတစ်ယောက်ဆို ရိက္ခာမပါသွားဘူး။ အဲ့တာပြန်လာလို့ရမလား။ အခြေအနေဘယ်လိုလဲ။မေးတော့။ အေလာခဲ့လေ။ လောလောဆယ်တော့ရွာမှာဘားမဖြစ်ဘူး။ ဒါပေမယ့်လမ်းတော့အားမ မခံဘူးပြောတော့ သူလည်းမလာရဲဘူး။ ”

ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြချိန်မှာ အကြမ်းဖက်စစ်ကောင်စီကနေပြီး ပြည်သူတွေရဲ့ ဆိုင်တွေ ကို ဝင်ရောက်မွှေနှောက်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

” ရွာသူရွာသားတွေ ထွက်ပြေးပြီဆိုရင် ဒီကွန်နားအောက်ရွာက ရှမ်းရွာဆိုတော့ ဆိုင်တွေရောင်းတယ်။ ရွာသားတွေ ထွက်ပြေးပြီဆိုလို့ရှိရင် သူတို့ ဆိုင်တွေမှန်တွေခွဲပြီးတော့မှ ပစ္စည်း တွေယူတယ်ပေါ့နော။ သူတို့လက်နက်ကြီးပစ်ချတာလည်း အိမ်ကဆယ်လုံးလောက်ပျက်သွားတာပေါ့နော။ ရွာသားတွေက တိုက်ပွဲဖြစ်ပြီဆို အကုန်ထွက်ပြေးသွားပြီလေ။ ဆိုတော့ ဘယ်သူမှမနေရဲတော့ သူတို့ပစ္စည်းတွေ စိတ်ကြိုက်ယူမယ်။ ဆိုင်ထဲရှိတဲ့ ပစ္စည်းတွေ သူတို့ယူမာပဲလေနော။ “

တိုက်ပွဲမှာ စစ်ကောင်စီဖက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တဲ့အတွက်ကြောင့် လူနေအိမ်ပျက်စီးတာတွေရှိတဲ့အပြင်၊ နောင်လုံ ရွာသားတစ်ဦး လက်နက်ကြီး ကျည်စထိမှန်ပြီး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

More from the blog

ကန္တာရဝတီတိုင်း(မ်) ရဲ့ လစဉ် စကားဝိုင်းအစီအစဉ်

https://youtu.be/jSn7JhCNQfc ကရင်နီပြည်နယ်ရဲ့ လူဦးရေ ထက်ဝက်ကျော်ဟာ စစ်ဘေးရှောင်သူများ ဖြစ်လာပါတယ်။ အဲ့ဒီထဲမှာမှ ထပ်ဆင့်ပြေးလွှားတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်တွေလည်း ရှိလာနေပါတယ်။ စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပြီး နေ့စဉ်တိုက်ခိုက်လာတဲ့အတွက် စစ်ဘေးရှောင်တွေအတွက် Safe Zone သတ်မှတ်ဖို့...

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းနဲ့ လူနာများကို တောင်ကြီးကိုရွေ့ပြောင်း

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကုတင်(၅၀၀)ဆန့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းနဲ့ လူနာတွေ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ တောင်ကြီးမြို့ကို ရွေ့ပြောင်းသွားတယ်လို့ လွိုင်ကော်မြို့ဒေသခံဆီကနေ သိရပါတယ်။ “တောင်ကြီးကို ပြောင်းချင်တဲ့သူက...

လွိုင်ကော်တိုက်ပွဲအတွင်း ပြည်သူတစ်ဦး လက်နက်ကြီးထိမှန်

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အတွင်းမှ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဒေါတမရပ်ကွက်နေ ဒေသခံပြည်သူတစ်ဦး လက်နက်ကြီးထိမှန်ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “ တစ်ယောက်ထိထားတယ်။ ဝင်ခေါ်လို့လည်း မဖြစ်နိုင်သေးဘူး။ ဆေးရုံပို့ဖို့လည်း...

ကရင်နီပြည်နယ်မှာ စစ်ရှောင်ပြည်သူတွေအတွက် လုံခြုံတဲ့ စစ်မဲ့ဇုံ သတ်မှတ်ဖို့လိုအပ်နေ

ကန္တာရဝတီတိုင်း(မ်) စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ လက်နက်ကြီးတွေ ထိုးစစ်ဆင်ခံနေရတဲ့ ကရင်နီပြည်သူလူထုတွေရဲ့ ဘဝ လုံခြုံတဲ့ စစ်မဲ့ဇုံ Safe Zone သတ်မှတ်ဖို့ အရေးတကြီးလိုအပ်နေပြီဖြစ် တယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC) ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်ဆန်းမြင့် က...