spot_imgspot_imgspot_imgspot_img
Sunday, June 15, 2025
spot_imgspot_imgspot_imgspot_img

လွိုင်လင်လေးမြို့မှာ လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှုရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အတွင်းက လွိုင်လင်လေးမြို့မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားသေဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း ( မ်) ကို ပြောပါတယ်။

“တိတိကျကျကတော့ အခြေအနေတစ်ခုငြိမ်မှ သိရမှာပေါ့။ ဟိုဖက်ကကြားတော့တစ်မျိုး ဒီဖက်ကကြားတော့ တစ်မျိုး သတင်းတွေလည်း ရှိတယ်။ ဒါပေမဲ့ သေချာတာက‌တော့ အခုလောလောဆယ် သတင်းထွက်နေတာ သေသွားတဲ့သူက ၅ ဦး ၊ ၆ ဦးက အနည်းဆုံးရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့ကစပြီး လွိုင်လင်လေးမြို့အနီးပတ်ဝန်းကျင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေလည်း ရှိနေပြီး အရပ်သားရှိရာနေရာကို ကျရောက်တာကြောင့် ထိခိုက်သေဆုံးမှုရှိနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ စက်တင်ဘာလ ၆ ရက်နေ့ ညနေပိုင်းမှာလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရပ်သားသေဆုံးမှုနဲ့ ထိခိုက်မှုအခြေအနေကိုတော့ ကန္တာရဝတီတိုင်း (မ်) အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

“လေယာဥ်လာတဲ့ အချိန်တော့ ကျ‌နော်တို့ အိမ်နဲ့ အဆက်အသွယ်ရတဲ့ အချိန်လေး။ ဖုန်းတောင်မှ ကောင်းကောင်းမပြောလိုက်ရဘူး။ လေယာဥ်လာလို့ဆိုပြီးမှ ချက်ချင်း ဖုန်းချသွားတာ” လို့ အဆိုပါ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

လတ်တလောမှာလည်း လွိုင်လင်လေးမြို့မှာ ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။ မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသလို ပိတ်မိနေသူလည်း ရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts