spot_imgspot_imgspot_imgspot_img
Saturday, October 5, 2024
spot_imgspot_imgspot_imgspot_img

လွိုင်လင်အရှေ့ဘက်ခြမ်း ကုန်းမှီကို ကျေးရွာမှာ တိုက်ပွဲဖြစ်၊ ဖခင်ကိုကယ်ထုတ်ဖို့ကြိုးစားရင်း သားဖြစ်သူသေဆုံး

photo – KNDF B-12



လဲသျို့/ကန္တာရဝတီတိုင်း( မ် )

ယမန်နေ့ ဇွန်လ ၂ရက်နေ့က လွိုင်လင်မြို့ အရှေ့ဘက်ခြမ်း ကုန်းမှီကို ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံတစ်ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့  ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF B-12 က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သေဆုံးသွားတဲ့ဒေသခံဟာ တိုက်ပွဲကြားမှာ ကျန်ရစ်နေခဲ့တဲ့ လေဖြတ်နေတဲ့ သူ့ရဲ့ဖခင်ကို ကယ်ထုတ်ဖို့ ကြိုးစားရင်း စစ်ကောင်စီပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ KNDF B-12 က တာဝန်ရှိသူ က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ ကျနော်တို့ နှစ်ဖက်ပစ်နေတဲ့အကြားထဲမှာ သူ့အိမ်ရှိတယ်။ သူ့အိမ်ရှိတော့ သူ့အဖေက လေဖြတ်နေတာ လေဖြတ်နေတဲ့ သူ့အဖေကို ပြန်လာခေါ်ချင်တယ်။ ပြန်လာခေါ်ချင်တော့ ထော်လာဂျီကို ပြန်မောင်းတာ။ ထော်လော်ဂျီနားမှာပဲ ရောက်သေးတာ။ အဲ့ဒီ ေ-ွးတွေက စနိုက်ပါနဲ့ပစ်လိုက်တာ ခေါင်းတည့်တည့်ဘဲ။ သူ့အိမ်က ေ-ွးကင်းပုန်းဝပ်တဲ့နေရာနဲ့ ပေ၅၀ ၊ ၆၀လောက်ပဲ ဝေးတာ။ “ လို့ သူက ဆိုပါတယ်။

မေလ ၃၁ရက်နေ့ကတည်းက အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းကို KNDF B-12 ၊ B-14၊ KAတို့က မနေ့က မနက် ၇ နာရီမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၆ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးလာစဉ်၊ ဇွန်လ ၁ရက်နေ့ ညနေပိုင်းကတည်းက စစ်ကောင်စီရဲ့ ခလရ ၅၃၀ တပ်ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ် တာတွေ ရှိခဲ့ပါတယ်။

“ အိမ်တွေ တော်တော်ပျက်စီးတယ်။ ဘုန်းကြီးကျောင်းထဲမှာ တစ်လုံးကျတယ်ပေါ့နော။ လင်ဖုံကြီးရွာအဝင် ဘုန်းကြီးကျောင်းမှာ တစ်လုံးကျတယ်။ လင်ဖုံကြီးရွာထဲမှာက ကျတာများတယ်။ အိမ်တွေ ပျက်စီးတယ်။ သုံးလေးငါးလုံးလောက်ရှိတယ်။ ဓာတ်မီးတိုင်ကြိုးတွေ ပြတ်ကုန်တယ်။ ကတ္တာရာလမ်းတွေ ပျက်ကုန်တာတွေ အများကြီးဘဲ။ ပြီးတော့ ကုန်းမှီကျေးရွာထဲမှာ အိမ်မီးရှို့တယ်။ လက်နက်ကြီးကျတဲ့ဟာတော့ နှစ်လုံးပဲ တွေ့ရတယ်။ “ လို့ သူက ဆက်ပြောပြပါတယ်။

photo – KNDF B-12

ယမန်နေ့ ဇွန်လ ၂ ရက်နေ့ မနက်မှာလည်း ရှမ်းတောင်ပိုင်း ဖယ်ခုံမြို့နယ် ပင်ပုံ-လွယ်ဝှဲ ကျေးရွာ မှာရှိတဲ့ စစ်ကောင်စီစခန်းကို KNDF/B-03က sniper mission ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ တပ်ကြပ်ကြီး၁ဦးနဲ့ ရဲဘော်၂ဦး သေဆုံးခဲ့တယ်လို့ KNDF/B-03က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။


ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ပဋိပက္ခတွေဖြစ်ပွားပြီး အရပ်သားပြည်သူ ၂၃၉ဦး သေဆုံးသွားခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) က ဇွန်လ ၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်မှာ မေလအတွင်း တိုက်ပွဲပေါင်း ၆၁ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ၁၀၇ဦးသေဆုံးပြီး ၅ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) က ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img