ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါကလိုခူးကျေးရွာအနီးမှာ နယ်သာလန်နိုင်ငံကနေ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ အကြီးစား ပြင်သစ်ဝက်မွေးမြူရေးလုပ်ငန်းကနေ ထွက်လာတဲ့အညစ်အကြေးတွေက ပြီးခဲ့တဲ့အပတ်အတွင်း စီမံကိန်းအနီးအနားရှိချောင်းတွေထဲ ဝင်ရောက်လာတဲ့အတွက် ဒေသခံတွေရဲ့စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာကြပါတယ်။