ဝန်ကြီးချုပ်ကိုစွပ်စွဲထားတဲ့ ကိစ္စ စုံစမ်းစစ်ဆေးရေးအဖွဲ့အစီရင်ခံစာ အောင်မြင်

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲထားတဲ့အချက်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ဒီကနေ ကယားပြည်နယ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၆ မဲ ကန့်ကွက်မ ၄ မဲဖြင့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အောင်မြင်သွားပါတယ်။

“စုံစမ်းစစ်ရေးကနေပြီးတင်လာတဲ့အစီရင်ခံစာကို ဥက္ကဌကနေ လွှတ်တေ်ာထဲတင်သွားလာတော့ ထောက်ခံသူကိုယ်စားလှယ်က ၁၆ မဲ ၊ ကန့်ကွက်မဲက ၄ မဲပေ့ါ ။ သုံးပုံ ၂ ပုံကျော်တယ်။”လို့ စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဌ ဦးသဲရယ်က ပြောပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ်အပေါ် စွပ်စွဲပစ်တင်ထားတဲ့အချက်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကပြီး စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို ဒီကနေ စက်တင်ဘာလ ၁ ရက်နေ့ လွှတ်တော်ဥက္ကဌထံ အဆိုတင်သွင်းခဲ့ကြတာဖြစ်ပါတယ်။

ဥပဒေအရ အစီရင်ခံစာ အောင်မြင်သွားတဲ့အတွက် လွှတ်တော်ဥက္ကဌကနေပြီး ဒီအစီရင်ခံစာကို သမ္မတ ထံ ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ်အနေနဲ့တော့ ဒီစွပ်စွဲပြစ်တင် ချက်တွေက ပြီးခဲ့တဲ့လွှတ်တော်မှာလည်း ဖြေရှင်းပြီးတဲ့အကြောင်း ၊ ပြည်ထောင်စု အစိုးရကနေ ညွန်ကြားချက်အတိုင်းဆောင်ရွက်နေတာဆိုတာကို လွှတ်တော်မှာတင်ပြသွားပါတယ်။

“ယဉ်ယန္တားများကို လေလံစနစ်ဖြင့် အမြန်ဆုံးရောင်းချ၍ ပြည်နယ်ဘဏ္ဍာငွေအဖြစ်ထည့်သွင်းပေးရန် အဆိုကိုလည်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံးရဲ့ ခွင့်ပြုချက်အရ နိုင်ငံတော်သမ္မတရုံးရဲ့ ၁/၂၀၁၇ ညွန်ကြားချက်နဲ့အညီ တင်ဒါခေါ်ယူဆောင်ရွက်ပြီး ရောင်းချရငွေအား ပြည်နယ်ရံပုံငွေသို့ ထည့်သွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ပြီးပြတ်တဲ့ကိစ္စဆိုတာကိုလည်း ပြောကြားလိုပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ မြို့မြေနဲ့ အခြေခံမြေစီမံခန့်ခွဲမှုနဲ့ပတ်သက်လို့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ ဇယား ၁ ထဲမှာပါတဲ့ ကိစ္စ ဖြစ်ပါတယ်။ အခုလိုလွဲမှားတဲ့အဆိုတွေ ပါဝင်ခဲ့တဲ့ အချက်တွေနဲ့ပတ်သက်ပြီး လွှတ်တော်အစည်းအဝေးများမှာ သာမက သက်ဆိုင်ရာဌာနများမှာလည်း အထောက်အထားခိုင်လုံစွာနဲ့ ရှင်းလင်း တင်ပြထားပြီးသားဖြစ်ပါတယ်။”

စုံစမ်းစစ်ဆေးရေးအဖွဲကနေ ဝန်ကြီးချုပ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေပြီး စက်ယန္တာယားငှားရန်ခကိစ္စနဲ့ ကယားပြည်နယ်နေ့ ကျင်းပတဲ့ အများပြည်သူပိုင်မြေငှားရန်ခကိစ္စရပ်တွေကို ဌာနဆိုင်ရာတွေကနေ စစ်ဆေးချက်တွေ့ရှိတာတွေ လွှတ်တော်မှာ ဒီနေ့တင်ပြသွားတာဖြစ်ပါတယ်။

Comments

comments

Next Post

Kayaw Radio Sept 1st Week

Tue Sep 1 , 2020
အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယော)(အင်္ဂါနေ့ ည ၇ နာရီတိုင်း)ယခုတစ်ပတ်မှာတော့ ခဲသတ္တုကုန်ချောထုတ်မည့်စက်ရုံ ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်း၊ တိုင်းရင်းသားဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်ဖို့ နိုင်ငံ လေးနိုင်ငံကို အကူအညီတောင်းခံထားတယ်ဆိုတဲ့သတင်းနဲ့ “ ၂၀၂၀ အလွန်မှာ ငြိမ်းချမ်းချင်တယ် ” ဆိုတဲ့ ဆောင်းပါးလေးအပြင် ဒီတပတ်မှာတော့ ကယောသီချင်းကောင်းတစ်ပုဒ်ကိုလည်း ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ Comments comments