spot_imgspot_imgspot_imgspot_img
Sunday, July 20, 2025
spot_imgspot_imgspot_imgspot_img

ဝေးလံခေါင်ဖျားတဲ့ ဒေလကြိုအုပ်စုအတွင်းမှာ လမ်း၊ တံတား ပြုပြင်နိုင်ဖို့ ဒေသခံတွေ မျှော်လင့်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ မေလနောက်ဆုံးပတ်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကရင်နီပြည်၊ ဖရူဆိုအနောက်ဖက်ခြမ်းက ဒေလကြိုကျေးရွာအုပ်စုအတွင်းကို ဖြတ်သန်းသွားလာတဲ့လမ်း တချို့ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ မြေပြိုမှုကြောင့် တံတားတချို့ တိမ်းစောင်းသွားတာကြောင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ကနေ ပြုပြင်ဆောင်ရွက်ဖို့ ပြင်ဆင်ခဲ့ရတယ်လို့ မြို့နယ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

“ လမ်းပန်းဆက်သွယ်ရေးက ဒုတိယစိန်ခေါ်မှုကြီးအနေနဲ့ပေါ့ အရင်တလော ပွင့်လင်းရာသီတုန်းကတော့ လက်လှမ်းမှီသလောက် ပြန်ပြုပြင်တဲ့ဟာရှိတယ်။ အဓိက က အုပ်စုချင်းဆက်လမ်းတွေ ပြင်ထားတာရှိတယ်။ ပြင်ထားပေမယ့်လည်း ထုံးစံအတိုင်းပဲပေါ့နော မိုးရာသီပြန်ရောက်တော့ မြေသားလမ်းပဲရှိသေးတော့ ပိုပြီးတော့ ပြန်ပျက်စီးလာတဲ့ဟာရှိတယ်။ အရင်တစ်ပတ်နှစ်ပတ် က မုန်တိုင်းရှိတော့ ပိုဆိုးသွားတာပေါ့။ တံတားတွေ ပြိုကျမယ့် အနေအထားတွေ ပိုရှိလာတယ်။ ဒီဟာကို ပြန်ပြီး အုပ်ချုပ်ရေးအနေနဲ့ လတ်တလောဖြစ်နေတဲ့တံတားကိုတော့ ပြုပြင်ဆောင်ရွက်ဖို့လုပ်သွားတဲ့အခြေအနေတော့ရှိပါတယ်။”လို့ သူက ပြောပါတယ်။

နှစ်စဉ်နှစ်တိုင်း မိုးရာသီကာလအတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲတာအပြင် မြေပြိုတဲ့အန္တရာယ်ကို ရင်ဆိုင်နေရတာကြောင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကို လမ်း၊ တံတား နဲ့ မြေထိန်းနံရံ ဆောက်လုပ်ဖို့ လိုအပ်တဲ့ဘတ်ဂျက်ကို တင်ပြတောင်းခံထားတာရှိတယ်လို့ အဆိုပါ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“သက်ဆိုင်ရာ ပြည်နယ်ရဲ့ဦးစီးကောင်စီကိုတော့ တောင်းဆိုထားတဲ့ဟာတော့ လမ်းပန်းဆက်သွယ်ရေးပေါ့နော လမ်း၊ တံတား တင်တောင်းထားတဲ့ရှိတယ်။ နောက်တခုက မြေထိန်းနံရံပေါ့နော မြေထိန်းနံရံကလည်း ကြီးမားတဲ့စိန်ခေါ်မှု တစ်ခုဖြစ်တယ်ပေါ့နော။ လမ်း အပေါ် နဲ့ အောက် နဲ့ ပြိုတဲ့ဟာရှိတယ်။လတ်တလောက ဒါကို ပြင်ထိန်းဖို့လိုတော့ အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မှ ဦးစီးကောင်စီမှာ တင်ပြထားတဲ့ဟာလည်း တချို့ လမ်းတွေလည်း တင်ပြထားတဲ့ဟာလည်းရှိတယ်ပေါ့နော။” လို့ သူက ဆက်ပြောပါတယ်။

ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိ ဒေလကြိုကျေးရွာအုပ်စုထဲက ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ မိုးရာသီကာလမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေနဲ့ ကြုံတွေ့နေရဆဲဖြစ်တဲ့အတွက် လမ်းပြိုတာ၊ တံတားပျက်စီးတာတွေ ပြုပြင်နိုင်ဖို့ မျှော်လင့်နေကြတာပါ။

” လမ်းပန်းဆက်သွယ်ရေးပေါ့။ အခု မိုးရာသီဆိုတော့ တစ်ခါတစ်လေ မြေပြိုတာမျိုးဆို တော်တော်လေး ခက်ခဲတာပေါ့”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဆိုပါဒေသတွင်းက လူထုတွေဟာ လမ်း၊ တံတား၊ မြေပြိုမှု ဖြစ်ပွားပါက ဒေသခံတွေဟာ ကိုယ်ထူကိုယ်ထ လမ်းပြုပြင်တာ၊ လမ်းရှင်းလင်းတာကိုလည်း လူထုလုပ်အားနဲ့ ဆောင်ရွက်ကြရတာဖြစ်ပါတယ်။ ဝေးလံခေါင်ဖျားတဲ့ ဒေသဖြစ်ပြီး စားဝတ်နေရေးကြပ်တည်းတာကိုလည်း ရင်ဆိုင်ရပေမယ့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရင် သွားလာရေးအဆင်ပြေနိုင်ဖို့ မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။

မြို့နယ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ရဲ့စာရင်းအရ ဒေလကြိုအုပ်စုအတွင်းမှာ ကျေးရွာ ၉ ရွာရှိပြီး စစ်ဘေးရှောင်အပါအဝင် လူထုဦးရေ တစ်ထောင်နဲ့အထက် ရှိနေပါတယ်။

spot_img

Recent posts